Monday, October 22, 2012

OIC ဆက်ဆံရေးရုံးဖွင့်ခွင့်မပြုသည့် အပေါ်သံတွဲမြို့တွင် ထောက်ခံဆန္ဒပြ (သတင်းအပြည့်အစုံ)

Posted by drmyochit Monday, October 22, 2012, under | No comments


 
IC ဆက်ဆံ ရေးရုံး ဖွင့်မည့် ကိစ္စနှင့်ပတ် သက်ပြီး လူထု ဆန္ဒ ဖော်ထုတ် ပွဲကို သံတွဲမြို့တွင် ယနေ့ နေ့နေ့ လယ် ၁နာရီက ၃နာရီ အထိပြု လုပ်ခဲ့ ကြသည်။ ယနေ့ ဆန္ဒထုတ်ဖေါ်မှုဖြင့် သက်ဆိုင်ရာ၏ တရားဝင် ခွင့်ပြု ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး လူထုအင်အား ၆၀၀၀ ခန့်ပါဝင်ကြသည်။



သံတွဲမြို့ တစ်ဖက်ကမ်းတွင်ရှိသော အောင်မြေသာစည်ကျောင်းတိုက်မှ စတင်ပြီး ဗိုလ်ချုပ်လမ်း၊ ရတနာ လမ်း၊  ဦးဥတ္တမလမ်း တစ်ပတ်လှည့်လည်ခဲ့ခြင်းဖြစ်သည်။


“OIC အလိုမရှိ ၊  အကြမ်းဖက် ၀ါဒ ကျဆုံး ပါစေ ၊ သမ္မတကြီး ကိုထောက်ခံ ပါတယ် စတဲ့ ပိုစတာတွေ ၊ ကြွေးကြော် သံတွေနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်”ဟု သံတွဲ ဒေသခံတစ်ဦးက YPI သို့ ပြောသည်။

အခြား တစ်ဦး ကလည်း“ မြို့ထဲ ကပြန် ထွက်ခါ နီးမှာ ကြီးကြပ် လိုက်ပါ လာတဲ့ ဆရာတော် တစ်ပါးက ဆန္ဒ ဖော်ထုတ်ပွဲမှာ ပါဝင်သူတွေ  အားလုံး မိမိနေရပ်ကို အေးအေး ချမ်းချမ်း ပြန်ကြ ဖို့အတွက်  တိုက်တွန်း နှိုးဆော် ခဲ့တယ်”ဟု ပြောသည်။


ရခိုင်ပြည်နယ်ရှိမြို့များသာမက ရန်ကုန်မြို့၌လည်း  OIC ဆက်ဆံရေးရုံးဖွင့်လှစ်မည့် အစီအစဉ်ကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ သီတင်းပတ်အနည်းငယ်မှစတင်ကာ ဖြစ်ပွားခဲ့သည့်နောက် နိုင်ငံတော် အစိုးရ က ပြည်သူ့ ဆန္ဒနှင့် မညီသဖြင့် နိုင်ငံတော် သမ္မတရုံးက အောက်တိုဘာလ ၁၅ တွင် ကြေငြာခဲ့သည်။ ယင်းကြေညာချက်ထွက်ပေါ်ပြီးနောက်ပိုင်း နိုင်ငံတော် သမ္မတရုံးကြေညာချက်ကို ထောက်ခံသည့် ယခု ဆန္ဒ ထုတ်ဖေါ်မှု ပြုလုပ် ကြခြင်း ဖြစ်သည်။    



 YPI

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်