Monday, October 22, 2012

အမေရိကပြည်ထောင်စု နယူးယောက်မြို့ရှိ -OIC- ရုံးချုပ်ရှေ့မှာ ရခိုင်သားတွေ စိန်ခေါ်ဆန္ဒပြ ကန့်ကွက် ကြပြီ

Posted by drmyochit Monday, October 22, 2012, under | No comments


 
ဤနေ့တွင် နယူးယောက်မြို့ နေ ရခိုင် လူမျိုးများနှင့် တိုင်းရင်းသားလူမျိုများ၊ အဖွဲ့ အစည်းများမှ တာဝန်ရှိ သူများက အင်တိုက်အားတိုက် -OIC- ရုံးခမ်းဖွင့်လှစ်မည့် အဂေးနှင့် ပတ်သက်၍ ဆန္ဒပြကန့်ကွက်ပွဲသို့ လာခဲ့ကြသည်။ ၄င်း ဆန္ဒပြပွဲတွင် ရခိုင်လူမျိုးများ သဘာပတိ ဦးခိုင်အောင်ကျော်မှ အဖွင့်အမှာ စကား ပြောကြားခဲ့သည်။


ဦးခိုင်အောင်ကျော်မှ ပြောကြား ရာတွင် သမ္မတ ဦးသိန်းစိန်မှ တိုင်းရင်းသား လူမျိုးမဟုတ် ဟု ပြောဆို ထားသော သူတို့ နှင့်ပါတ် သက်ပြီး-OIC- မှ စာချုပ်ချုပ်ဆိုကာ ရုံးခမ်းဖွင့်လှစ်စေရန် လက်မှတ် ထိုးသ ဘောတူ ညီချက် ပြုလုပ်ခဲ့ သည်မှာ မှားယွင်းကြောင်း၊ ယခုလည်း နိုင်ငံတော် သမ္မတရုံးမှ နေပြီး -OIC ရုံး ခမ်းကို မဖွင့်တော့ရန် ကြေညာ ထားပြီ ဖြစ်ကြောင်း၊


သို့သော်လည်း နယ်စပ်ရေးရာ ၀န်ကြီးဒုတိယဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးက သူ့ မှာ တာဝန် ရှိသည့်အလျှောက် -OIC-ရုံးကို မဖွင့်တော့ပြီ ဆိုပြီ စာချုပ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ဟု အကြောင်းကြားရန်လိုကြောင်း ၊ မေတ္တာ ရပ်ခံစာ ပေးပို့ထားသည်ဆိုခြင်းမှာမည် သည့်နည်းနှင့်မျှ လက်သင့်ခံနိုင်စရာ မရှိကြောင်း ၊ ပြတ်သား ရမည့် နေရာမှာ ပြတ်သားရမည်ဖြစ်ကြောင်း ။


သမ္မတကြီးမှ သူတိုလူမျိုးအား တိုင်းရင်းသားလူမျိုးအဖြစ် အသိအမှတ် မပြုထားပါလျှက် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးက လက်မှတ်ထိုး စာချုပ်ချုပ်ဆိုခြင်းမှာ-Capacity -မရှိကြောင်း သက်သေ ပြခြင်း သာဖြစ် ကြောင်း။
အဘယ့်ကြောင့်ဆိုသော်-OIC- အဖွဲ့ မှ ပေးကမ်းမည့် အစီအစဉ်များတွင် ၄င်းလူမျိုးများအား တရားဝင် နိုင်ငံသား ဖြစ်အောင် ပြုလုပ်ဆောင်ရွက်ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများတွင် စာတမ်းများရေးထိုးပြီး ပေးလှူ ထားခြင်း များကို တွေ့ နေရပြီဖြစ်ကြောင်းနှင့် -၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေကို ပြောင်းလဲရန် နိုင်ငံတ ကာနှင့် ဆောင်ရွက်သွားမည်ဟု ကြေညာထားကြောင်း ပြောဆိုသွားသည် ။
ဆက်လက်ပြီး ပြည်သူ့ လွှတ်တော်တွင် မှတ်ပုံတင် လိမ်ပြီး ကုလားသုံး ကောင်လွှတ်တော် ကိုယ်စား လှယ်ဖြစ် နေခြင်း ၊ ကြံ့ဖွတ်ပါတီတွင် ကုလားများကိုပါတီဝင်များအဖြစ်  ပါဝင်စေခြင်း နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တွင်လည်း ကုလားများမှာ မှတ်ပုံတင်မရှိဘဲ ပါတီဝင်များ အဖြစ်ရှိနေသည်ဟု ကြားသိရကြောင်း၊ ဗုဒ္ဒဘာသာကိုးကွယ်သော ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံတ၀န်းတွင် မည်သည့် နည်းဖြင့် မဆို ဘာသာရေးနယ်ချဲ့ ကျူးကျော်လာမည် ဆိုခြင်းကိုလည်း မည်သို့ မှ ပြုလုပ်၍ မရကြောင်း၊ ယခု အချိန်က စလို့ ကြေညာလိုက်ပြီဖြစ်ကြောင်း သဘာပတိမိန့် ခွန်းကိုရခိုင်စကားဖြင့် ထုတ်ဖေါ် ကြေညာ သွားပါသည်။


 -IFBNC - က - ဥက္ကဋ္ဌကိုရဲထွဋ်မှလည်း ယခုကဲ့သို့ ရခိုင်လူမျိုးများက ကန့်ကွက် ဆန္ဒပြနေ ရခြင်းကို သိရှိ နားလည် ပါကြောင်းနှင့် ရခိုင်လူမျိုးတို့ မှာမိမိတို့နယ်မြေကို မိမိတို့ ကိုယ်ပိုင် အုပ်ချုပ် ပိုင်ခွင့် ဆုံးရှုံး နေရခြင်း ဖြစ်သောကြောင့် ယခုလိုဖြစ်နေရသည်ဟု ပြောလိုကြောင်း ဟောပြောသွားသည်။
NCUB- မှကိုမိုးချမ်းကလည်း ရခိုင်လူမျိုးများအနေဖြင့် ယခုအချိန်တွင် ပြည်တွင်း၌ ပြည်သူ့ လွှတ်တော် ကျင်းပ နေရာ လွှတ်တော် တက်ရောက် နေသော ရခိုင် တိုင်းရင်းသား တိုးတက်ရေး ပါတီအား တောင်းဆို တိုက်တွန်း ပေးရန်လိုပါကြောင်း ပြောဆိုသွားပြီး- ယနေ့ မြန်မာ-Burma Today- အယ်ဒီတာချုပ် ကိုမြင့်လှိုင် ကလည်း မိမိတို့ နေအိမ်ကို မိမိတို့  ကာကွယ်ရန်မှာ အဓိက အရေးကြီးကြောင်းထုတ်ဖေါ်ပြော
ဆိုသွားပါသည်။
ယနေ့ ပြုလုပ်သော အခန်းအနား၏ ကြေညာချက်ကို ကိုကျော်ကျော်မှ ဖတ်ကြားပြီး ၄င်းကြေညာချက်ကို မမေစန္ဒာစိုးညွန့်က -OIC- ရုံးချုပ်ရှေ့ စာတိုက်ပုံးတွင် ထည့်ပေးလိုက်သည် ။


 ယနေ့ -နယူးယောက်စံတော်ချိန်-၁-နာရီကျော်မှာ ပြုလုပ်သောအခန်းအနား မစတင်မှီ -OIC- ရုံးမှ ၀န်ထမ်း များမှာ ရုံးခမ်းထဲသို့ ၀င်ရောက်သွားနေသော်လည်း မည်သူမျှ ထွက်တွေ့ နားထောင်လာခြင်း မရှိ စေကာမူ လုံခြုံရေးဗွီဒီိယို ကမ်မရာ ကဖြင့်ရိုက် ထားလျှက် ရှိပါသည်။


နယူးယောက်ရဲတွင် ဆန္ဒပြကန့် ကွက်ပွဲကိုပြုလုပ်မည်ဟု ပါမစ်ယူထားသော်လည်း နယူးယောက် ရဲကား များမှာ အခြားဆန္ဒပြပွဲကိုစောင့်ကြပ်အကူအညီပေးနေသော တိုင်းရင်းသားလူမျိုးများနှင့် ခပ်ဝေးဝေး မှာသာ နေပေးခဲ့သည်။


နယူးယောက်မြို့နေ ဆန္ဒပြရန် လာကြသော နို့စို့ ခလေး အမေများ ၊ မိန်းခလေးငယ် များမှာ ရခိုင်ပြည် နယ်အတွင်း၌ မိုးရေထဲ ဆန္ဒပြ နေကြ ရသော သူတို့၏ ဆွေမျိုးသားချင်း ညီအမများကို သတိရ၍ ယခုလိုဆန္ဒပြရန် လာခဲ့ ကြရခြင်းဖြစ်ကြောင်း ပြောဆိုသွားသည်။ ရခိုင်ပြည်နယ်တွင်ကုလားများအား ငယ်စဉ် တောင်ကျေး ခလေးဘ၀ကပင် ကြောက်စိတ် မရှိသောရခိုင်သားများမှာ နယူးယောက်မြို့ အခြေ စိုက်-OIC- ရှေ့ မှာ ယခုလိုစိန်ခေါ်ပြီး ဆန္ဒပြကန့် ကွက်ရခြင်းကို အကြီးအကျယ် အားရကြောင်း နှင့်မြန်မာ နိုင်ငံ တ၀န်းမှ ဗုဒ္ဒဘာသာဝင် တိုင်းရင်းသားလူမျိုးများအားဆက်လက်တိုက်ပွဲဝင်ကြပါရန် နိုးဆော် သွားကြပါသည်။

အောင်လှိုင်
Myanmar Forward

 
 
 
 
 
 

 
 
 
 
 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်