ကချင်ပြည်နယ် ဖားကန့်ဒေသမှာ
အောက်တိုဘာလ ၂၄ ရက်နေ့ ကျရောက်မယ့် ကမ္ဘာ့ကုလသမဂ္ဂနေ့ မှာ ငြိမ်းချမ်း ရေးအထိမ်းအမှတ်စာသားတွေပါတဲ့
ကပ်ခွာတွေ နေရာအနှံ့ကပ်ကြမယ်လို့သိရပါတယ်။ ကချင် ပြည်နယ် အပါအဝင်
မြန်မာနိုင်ငံတနိုင်ငံလုံး ငြိမ်းချမ်းရေးရရှိဖို့ ရည်ရွယ်ပြီး ဆောင်ရွက်ကြ တာ ဖြစ်ပြီး
အဲဒီအစီအစဉ်ကို ဖားကန့်မြို့နယ် ၈၈ မျိုးဆက် ကျောင်းသားတွေ နဲ့ တနယ်လုံးက ဒေသခံ တွေ
ပါဝင်ကြ လိမ့်မယ် လို့ အဲဒီပွဲကို ကမကထပြုလုပ်သူတဦးဖြစ်တဲ့ ဦးခင်မောင်ဝင်း က ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ကနေ ၁၈ ရက်နေ့အထိ ကိုမင်းကိုနိုင်ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက်
ကျောင်းသား ခေါင်းဆောင်တွေဖားကန့်ဒေသကို ငြိမ်းချမ်းရေး စုပေါင်း လက်မှတ်ကောက်ခံ ပွဲပြုလုပ်ခဲ့
ရာမှာ အခု ဆိုရင် လက်မှတ် ပေါင်း တစ်သိန်း တစ်သောင်းကျော်
ရရှိနေပြီ လို့ သိရပါတယ်။ အဲဒီလို စုဆောင်း ထားတဲ့ လက်မှတ် တွေကို သမ္မတ ဦးသိန်းစိန်
၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း နဲ့ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO အဖွဲ့တို့ ဆီကို
ပို့ပေးကြမယ်လို့လည်းသိရပါတယ်။
(RFA)
Time in Rangoon

0 comments:
Post a Comment