Friday, November 16, 2012

ရန်ကုန်တိုင်းဒေသကြီး၌ စက်သုံးဆီဈေး တည်ငြိမ်

Posted by drmyochit Friday, November 16, 2012, under | No comments


ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များက စက်သုံးဆီများကို လွန်ခဲ့သော အောက်တိုဘာ လဆန်းပိုင်းမှစ၍ လီတာစနစ်ဖြင့် စတင်ရောင်းချခဲ့ရာ ယနေ့ နိုဝင်ဘာ လဆန်းပိုင်းတွင် တစ်လပြည့်ပြီ ဖြစ်သည်။ အဆိုပါ တစ်လတာ ကာလအတွင်း အရောင်းဆိုင် တစ်ဆိုင်နှင့် တစ်ဆိုင် (စက်သုံးဆီများ အရောင်းဆိုင်အရောက် သယ်ယူပို့ဆောင်မှုနေရာ အနီးအဝေးကို လိုက်၍) စက်သုံးဆီ တစ်လီတာ အရောင်းဈေးနှုန်း အနည်းငယ် ကွာသည်မှအပ ဈေးနှုန်းတည်ငြိမ်ကြောင်း သိရသည်။ ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ဗညားဒလလမ်း၌ စက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင်၏ နိုဝင်ဘာ ၁၄ ရက် စက်သုံးဆီ တစ်လီတာ ဈေးနှုန်းမှာ ၂၀၁၂ အောက်တိုဘာလဆန်း (ကျပ်) အဆင့်မြင့်ဒီဇယ် ၈၈၀၊ ဓာတ်ဆီ ၈၀၃၊ အောက်တိန်း ၈၇၄၊ ဒီဇယ် ၈၆၃၊ ၂၀၁၂ နိုဝင်ဘာလဆန်း (ကျပ်) အဆင့်မြင့်ဒီဇယ် ၈၈၀၊ ဓာတ်ဆီ ၈၀၃၊ အောက်တိန်း ၈၈၀၊ ဒီဇယ် ၈၆၅  မြန်မာ့စက်သုံးဆီ ရောင်းချမှု သမိုင်းတွင် ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များက ပထမဦးဆုံး လီတာစနစ်ဖြင့် ရောင်းချခြင်းဖြစ်ပြီး ဝယ်ယူသူများက ကြည်ကြည်သာသာ လက်ခံလာကြသည်မှာ လီတာ အခြင်အတွယ် ပြည့်ရေးအတွက် သက်ဆိုင်ရာ အရောင်းတာဝန်ခံ၊ မန်နေဂျာများကိုယ်တိုင် ကြီးကြပ်ရောင်းချ မှုတို့ကြောင့် ဖြစ်ကြောင်း  သိရှိရသည်။
 
 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်