အစ္စလာမ်နိုင်ငံများ
ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အိုအိုင်စီ (OIC) ထိပ်သီး အစည်းအဝေးကို မနက်ဖြန်မှာ အာဖရိကတိုက်က
(Djibouti) ဂျီဘူတီ နိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးဟာ ဆွေးနွေးမဲ့
ကိစ္စတွေထဲမှာ ထိပ်ဆုံးက ပါဝင်မယ်လို့ သိရပါတယ်။ တစ်ချိန်တည်းမှာလည်း မြန်မာနိုင်ငံက
ရိုဟင်ဂျာအရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ တင်ပြဆွေးနွေးသွားဖို့အတွက် အိုအိုင်စီအဖွဲ့က
ပြင်ဆင်နေတယ်လို့သိရပါတယ်။
မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလင်တွေကို စနစ်တကျ အကြမ်းဖက် တိုက်ခိုက်မှုဟာ လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် အိုအိုင်စီအနေနဲ့ကြောင်း အိုအိုင်စီအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိတယ်လို့ အာရပ်သတင်းဌာနက ရေးသားပါတယ်။ ဒီအတောအတွင်းမှာပဲ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက အရှေ့တောင်အာရှ နိုင်ငံတွေ အနေနဲ့ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေကို လက်ခံပေးကြဖို့ မနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗါမြို့မှာ တိုက်တွန်းပြောဆို လိုက်ပါတယ်။ ဒီလအစောပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက်ထဲမှာ မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာလှေစီး ဒုက္ခသည်တွေရဲ့ လှေ ၂ စီး နစ်မြုပ်ခဲ့ပြီး သေဆုံးသူတွေ ရှိတယ်လို့ ပြောဆိုကြတဲ့အတွက် ကုလသမဂ္ဂ UNHCR က မြန်မာ့ အိမ်နီးခြင်း နိုင်ငံတွေကို အခုလိုတိုက်တွန်းတာဖြစ်ပါတယ်။
Myanmar Express

Time in Rangoon

0 comments:
Post a Comment