Friday, November 16, 2012

အမျိုးသမီး ကြံ့ခိုင်မှု ဆိုင်ရာ ပြိုင်ပွဲကို ပထမအကြိမ် ကျင်းပပြုလုပ်

Posted by drmyochit Friday, November 16, 2012, under | No comments


 အမျိုးသမီးတွေရဲ့ ကိုယ်ကာယ ကြံ့ခိုင်မှု အတွက် အဓိက ရည်ရွယ်ပြီး ပြုလုပ်တဲ့ အမျိုးသမီး ကြံ့ခိုင်မှု ဆိုင်ရာ ပြိုင်ပွဲကို ကျင်းပနိုင်ဖို့ လေ့ကျင့် ဆောင်ရွက် လျက်ရှိပြီး လာမယ့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် MCC ခန်းမမှာ ကျင်းပ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ကိုယ်ကာယ အလှပြသခြင်း မဟုတ်တဲ့ ကြံ့ခိုင်မှုနဲ့ ကြွက်သား တွေရဲ့ သန်မာမှု တို့ကို ပေါင်းစပ်ပြီး သရုပ်ပြမှု ပြိုင်ပွဲကို ပြုလုပ်တာ ကလည်း ပထမဆုံး အကြိမ်နဲ့ ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပြုလုပ်မှု ကိုလည်း ရန်ကုန်တိုင်း ဒေသကြီး အမျိုးသမီး အားကစား အသင်း အောင်နိုင်ရေး အဖွဲ့က ကြီးမှူးပြီး ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပြိုင်ပွဲကို ပြည်တွင်းမှာ သာကမဘဲ နိုင်ငံတကာ အဆင့်ထိပါ လုပ်ဆောင် သွားဖို့ကို ရည်ရွယ် ထားပြီး ပြိုင်ပွဲဝင် အယောက် ၄၀ ကျော်မှ ၅ ဦးကိုသာ နောက်ဆုံး အနေနဲ့ ရွေးချယ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြိုင်ပွဲမှာ အကဲဖြတ် ပါဝင်ကြမယ့် ဒိုင်လူကြီးများ အနေနဲ့ ကတော့ အင်္လကာ ၀တ်ရည် မဂ္ဂဇင်း ဒယ်ဒီတာချုပ် ဒေါ်တူးတူးမြင့်သိန်းနဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်၊ သရုပ်ဆောင် ပြေတီဦးတို့ အပါအ၀င် အကဲဖြတ်ဒိုင် ၇ ဦးတို့မှရွေးချယ်သွား မှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်