Friday, November 16, 2012

မုဒိမ်းကျင့်လူသတ်မီးကွင်းပစ်မီးရှို့ နေတဲ့ လူတွေကို ရှင်တို့ လဲ မတတ်နိုင်ပါဘူးလို့  ဒေါ်စုပြောလိုက်ပြီ

Posted by drmyochit Friday, November 16, 2012, under | No comments


အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ကို ရောက်တော့ ဒေါ်အောင်ဆန်းစုကြည်ကို နာမည်ကြီးသတင်း စာတစောင်ဖြစ်
တဲ့  ( The Hindu ) နေ့ စဉ်ထုတ်သတင်းစာက တွေ့ ဆုံမေးမြန်းခန်း အင်တာဗျူး ပြုလူပ်ခဲ့ တယ် ။
အဲဒီတွေ့ ဆုံ မေးမြန်းခန်းမှာ သတင်းစာက  ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့  ဖြစ်စဉ်တွေနဲ့  ဗုဒ္ဒဘာသာဝင် ရခိုင်လူမျိုးတွေနဲ့ မွတ်ဆလင်ကုလား လူမျိုးတွေရဲ့ ပဋိပက္ခ ဖြစ်ပျက်နေတာကို မေးမြန်းခဲ့ပါတယ်-  သတင်းစာက သုံးနုံးတဲ့ မြန်မာနိုင်ငံမှာမရှိတဲ့  လူမျိုးကို ဒေါ်အောင်ဆန်းစုကြည်က နာမည်ထုတ်ပြီး အင်တာဗျူး ဖြေကြားတာ မရှိတာကို တွေ့ရပါတယ် ။ သတင်းစာက ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို  ဒေါ်အောင်ဆန်းစုကြည်ကို စိုးရိမ်ကြောင့်ကြမှုတွေ မရှိဘူးလား ၊ ဒေါ်စုက ဘာကြောင့်များ မပြောမဆိုတာလဲ ဆိုပြီး မေးခွန်းတွေထုတ်ပါတယ် ။
 ဒေါ်အောင်ဆန်းစုကြည်က စိုးရိမ်ကြောင့်ကြတယ်ဆိုတဲ့ အကြောင်း ပြောပြပါတယ်- ပြီးတော့ ဒေါ်စုအနေနဲ့ ၎င်း ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်အနေနဲ့ ၊ ၄င်း ထာဝစဉ် တရားဥပဒေ စိုးမိုးရေးဆိုတာကို ရှိစေရန် လိုတယ်ဆို တဲ အကြောင်း လေးလေးနက်နက် ပြောနေတာဖြစ်တယ် ။ 
ဘာဖြစ်လို့ လဲဆိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကနေပြီး ခိုးဝင်စိမ့်ဝင်လာတဲ့  လူတွေ ရှိနေတာကြောင့် တနေ့ နေ့ မှာ ဒီပြသနာဟာ ဒီအကြောင်းအရာပေါ် အခြေခံပြီး ဖြစ်လာလိမ့်မယ် ။ ဒါပေမဲ့  ဘယ်သူကမှ တကယ်တမ်းကျရင် လေးလေးနက်နက် အဲဒီလို မတွေးတောခဲ့ ကြဘူး ။ ဘာဖြစ်လို့ လဲဆိုတော့ ပြသနာက မဖြစ်လာသေးဘူးလေ ။  ဒါ့ကြောင့်ကျမအနေနဲ့  တရားဥပဒေစိုးမိုးရေးနဲ့  ငြိမ်ဝပ်ပိပြားရေးလိုတယ်ဆိုတာကို လေးလေးနက်နက်ပြောနေခဲ့ တာဖြစ်တယ် ။ တကယ်လို့ တရားဥပဒေစိုးမိုးရေးသာရှိနေခဲ့ မယ်ဆိုရင် အနည်းဆုံးဥပဒေရဲ့ ထိမ်းချုပ်မှုအောက်မှာထိမ်းထိမ်းသိမ်းသိမ်းတော့ ရှိနေမှာဖြစ်တယ် ။
 ဒါပေမဲ့  ဥပဒေနဲ့  ထိမ်းချုပ်မှု ရှိနေသည့်တိုင်အောင် ကျမတို့ ဟာ ဒီလူမျိုးစုနှစ်ခုရဲ့  စိတ်သဘောထားချင်း တူညီမှုတွေကို ကြိုးစားလို့ ရမှာမဟုတ်ဘူးလေ။ ရှင်တို့ လဲ မတတ်နိုင်ပါဘူး ။ သူတို့ တွေဟာမီးကွင်းတွေပစ်ပြီး မီးရို့ ကြတယ် ။ မိန်းခလေးတွေကို မုဒိမ်းကျင့်ကြတယ် ။ ပြီးတော့ လူတွေကို သတ်ဖြတ်နေကြတယ် ။   ရှင်တို့ အနေနဲ့  သူတို့ တွေကို အတူတကွထိုင်စေခိုင်းပြီး စကားပြောကြမယ်။ သဘောထားချင်း ကိုက်ညီအောင် လုပ်ပေးကြမယ် ဆိုတာက ဒီလို ပြသနာတွေ ကွဲပြားခြားနားနေတဲ့  လူမျိုးစုနှစ်စုကို ဘယ်လို လုပ်လို့ ရပါ့မလဲ ။ 
အဲဒါဟာ တကယ်တော့ လက်တွေ့ ကျတာမဟုတ်ပါဘူး ။ ကျမသေသေချာချာ ပြောနေတာက အဲဒီနေရာ ဒေသတွေမှာ ပေါက်ကွဲမှုတွေ မရှိရအောင် လုပ်ကြရမှာဖြစ်တယ် ။
 ဒီတော့ ကျမလေးလေးနက်နက် ပြောနေတာက တရားဥပဒေ စိုးမိုးရေး ရှိနေဖို့ လိုတာပါဘဲ ။ သူတို့ နှစ်ဖက်စလုံးဟာ ကျမကို တဖက်ဖက်က ၀င်ရောက်ပါဝင်စေချင်တယ် ။ လူမျိုးစုနှစ်စုစလုံးဟာ လူ့ အခွင့်အရေးချိုးဖေါက်ခံနေရလို့ဘဲ ဖြစ်တယ် ။ ဒါ့အပြင် ရခိုင်လူမျိုးတွေကို  ခေတ်အဆက်ဆက် ဆယ်စုနှစ်ပေါင်းများစွာ အစိုးရက ကမ်းကုန်အောင် အလွန်အမင်း လူ့ အခွင့်အရေးချိုး ဖေါက်မှုတွေ ပြုလုပ်ခဲ့ တာတွေ ရှိနေတယ် ။    ဒေါ်အောင်ဆန်းစုကြည်ကို သတင်းစာက ဒီပြသနာကို ဘယ်လိုအဖြေရှာ  ဖြေရှင်းပါ့နိုင်မလဲလို့  ထပ်မေးတော့ ဒေါ်စုက ခုလို ဖြေခဲ့ ပါတယ် ။     ပထမဦးစွာအနေနဲ့  နေရာဒေသတွေမှာ တရားဥပဒေ စိုးမိုးရေးဆိုတာ ရှိဖို့ လိုအပ်နေပါတယ် ။ ကျမအနေနဲ့  နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုဆိုတဲ့  စကားကို   မုန်းတီးသူဖြစ်တယ် ။ ဘာကြောင့်လဲဆိုတော့ -၁၉၈၈-ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့ တဲ့ အခါက  အဲဒီနာမည်နဲ့  အစိုးရလုပ်ခဲ့ တာလေ။ သူတို့ က နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးကောင်စီ နဲ့  အစိုးရလို့  ခေါ်ခဲ့ တယ် ။ ခုတော့လဲ ကျမတို့ အနေနဲ့  တရားဥပဒေစိုးမိုး ရေးအတွက် ပိုမိုပြီး လိုလိုလားလား ပြောရမယ်ဆိုရင် ဒီဟာကိုဘဲ ပြောရမှာဖြစ်ပါတယ် လို့ဒေါ်အောင်ဆန်း စုကြည်က ဖြေကြားသွားပါတယ် ။ ဒီတော့ခါ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့  ဖြစ်စဉ်တွေကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့  ခုလို ဖြေကြားပြောဆိုလိုက်တာဟာ ဗုဒ္ဒဘာသာဝင် လူမျိုးများအနေနဲ့  အထူးလေးစား ထောက်ခံရမဲ့  အကြောင်းအရာလို့  ပြောရတော့မှာ မဟုတ်ပါလား ။ ဘာဖြစ်လို့ လဲဆိုတော့ ရခိုင်ပြည်နယ်မှာ ဘယ်သူကမုဒိမ်းကျင့်ပြီး ဒီပဋိပက္ခကို စတင်ဖန်တီးခဲ့ တာလဲ ၊ လည်လှီးသတ်ဖြတ်တာတွေကို ဘယ်သူက ပြုလုပ်ခဲ့ တာလဲ ။ 

အောင်သာနီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်