Friday, November 16, 2012

အိုဘားမား လာချိန် သမ္မတကြီးဦးသိန်းစိန် ကမ္ဘောဒီးယား သို့ ထွက်ခွာမည်ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကတော့ အိန္ဒိယမှ ရန်ကုန်သို့ အမြန်ပြေးလာပြီး အိုဘားမားနှင့်တွေ့မည်

Posted by drmyochit Friday, November 16, 2012, under | No comments


(၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲသို့ မြန်မာ အပါအ၀င် နိုင်ငံပေါင်း (၁၈) နိုင်ငံမှ ခေါင်းဆောင်များ  တက်ရောက် ကြမည် ဖြစ်သည်။  တက်ရောက်မည့် ခေါင်းဆောင်များ ထဲတွင် အာဆီယံနိုင်ငံ (၁၀)နိုင်ငံမှ ၀န်ကြီးချုပ်များ၊ သမ္မတများ၊ အမေရိကန် သမ္မတ ဘားရတ် အိုဘားမား၊ တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင်၊ အိန္ဒိယ ၀န်ကြီးချုပ် မန်မို ဟန်ဆင်း၊ ဂျပန် ၀န်ကြီးချုပ် ယိုရှီဟီကို နိုဒ၊ တောင်ကိုရီးယားနိုင်ငံ သမ္မတ လီမြောင်ဘတ်၊ သြစတြေးလျ ၀န်ကြီးချုပ် ဂျူလီယာ ဂေးလာဒ် ၊ နယူးဇီလန် ၀န်ကြီးချုပ် ဟွန်ဂျွန်ကီး တို့ ဖြစ်ကြသည်။ ရုရှနိုင်ငံ အနေဖြင့် သမ္မတ ပူတင် တက်ရောက်မည် မဟုတ်ဘဲ နိုင်ငံခြားရေး ၀န်ကြီး ဆာဂီ လာရော့ဗ် ကို  စေလွှတ်မည် ဖြစ်သည်။ ထို့အပြင် ကမ္ဘာ့ဘဏ်၊ ADB ၊ IMF ၊ WTO နှင့် UNCTAD စသော အဖွဲ့ အစည်းများမှ ခေါင်းဆောင်များ လည်း တက်ရောက်မည် ဖြစ်သည်။  (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲများနှင့် ဆက်စပ် အစည်းအဝေးများ အနက် ထိပ်တန်း ခေါင်းဆောင်များ တက်ရောက်မည့် အဓိက အစည်း အဝေးများကို နိုဝင်ဘာလ ၁၈ရက်၊ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင်  ပြုလုပ်မည် ဖြစ်ပါသည်။ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ၏ အစည်း အဝေး၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ဖွင့်ပွဲနှင့် အာဆီယံ ခေါင်းဆောင်များ၏ ဆွေးနွေးပွဲ၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အာဆီယံနှင့်  ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား နိုင်ငံတို့၏ သီးခြား ဆွေးနွေးပွဲများ၊  ASEAN +3 ဆွေးနွေးပွဲ၊ အာဆီယံ-အိန္ဒိယ၊ အာဆီယံ-အမေရိကန် အစရှိသော ဆွေးနွေးပွဲများကို ပြုလုပ်မည် သည်။ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အရှေ့ အာရှ ထိပ်သီး ဆွေးနွေးပွဲနှင့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ပိတ်ပွဲ အစီအစဉ်များ ပြုလုပ်မည်ဖြစ်ပါသည်။ 
မြန်မာ သမ္မတ ဦးသိန်းစိန်သည် (၂၁)ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန်အတွက်  နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်သို့ ရောက်ရှိမည် ဖြစ်ကာ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ပြန်လည် ထွက်ခွာမည်ဟု ကမ္ဘောဒီးယား ပြန်ကြားရေး ၀န်ကြီးဌာနမှ ကနဦး သတင်း ထုတ်ပြန် ထားသည်။ ယင်း ထုတ်ပြန်ချက်တွင် သမ္မတ ဦးသိန်းစိန်နှင့် အတူ နိုင်ငံခြား ရေး ပြည်ထောင်စု ၀န်ကြီး ဦးဝဏ္ဏ မောင်လွင်၊ နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးတင်နိုင်သိန်း၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ကံဇော်၊ နိုင်ငံတော် သမ္မတ ရုံး ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း၊ ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ ၀န်ကြီး ဒေါက်တာ ၀င်းမြင့်တို့ တက်ရောက်မည်ဟု ဖော်ပြခဲ့ပါသည်။ သို့သော် ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်ပင်သို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရောက်ရှိမည့် နေ့ရက်ကို မြန်မာအစိုးဘက်မှ တရားဝင် ထုတ်ဖော် ပြောကြားထားခြင်း မရှိသေးပေ။ အမေရိကန် သမ္မတ အိုဘားမားသည် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ ခရီးဆက်မည် ဖြစ်ပါသည်။

 နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်နိုဝင်ဘာ၁၉ရက်ညနေတွင်ကျင်းပမည့်အာဆီယံအမေရိကန်ခေါင်းဆောင်များအစည်းအဝေးသို့တက်ရောက်မည်ဖြစ်ကြောင်းဖနွမ်းပင်တွင်ရောက်ရှိသတင်းယူနေသည့် 7 Day News သတင်းထောက်က သတင်းပေးပို့သည်။ ထို့ကြောင့်သမ္မတ ဦးသိန်းစိန်သည် အမေရိကန် အာဆီယံထိပ်သီး ခေါင်းဆောင်များ အစည်းအဝေး တက်မည်ဆိုပါက သတင်းများထွက်ပေါ်နေသည့်အတိုင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမား နှင့်မြန်မာနိုင်ငံတွင် ထိုနေ့ တွေ့ဆုံနိုင်ဖွယ် မရှိနိုင်ကြောင်းအာဆီယံထိပ် သီးအစည်း အဝေးရောက် မြန်မာသတင်းထောက်အချို့က ယူဆနေကြသည်။ အာဆီယံ အမေရိကန် ခေါင်းဆောင်များ အစည်းအဝေးကို နိုဝင်ဘာ၁၉ ရက်ညနေ ၆နာရီ ၂၀ မှ ၈နာရီ ၂၀ အတွင်းကျင်းပမည်ဖြစ်ပြီး တက်ရောက်မည့် ခေါင်းဆောင်များ ကိုမူယနေ့အထိ တိတိကျကျထုတ်ပြန်ခြင်းမရှိ သေးပေ။ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည့် နိုင်ငံခေါင်းဆောင်များ၏ ကမ္ဘောဒီးယားသို့ ရောက်ရှိမည့် အချိန်နှင့် ပြန်ချိန်များတွင် သမ္မတဦးသိန်း စိန် သည် အာဆီယံထိပ်သီးအစည်းအဝေးသို့ နိုဝင်ဘာ ၁၇ တွင် အထူးလေယာဉ်ဖြင့် နံနက်၁၀နာရီဝန်းကျင်တွင် ဖနွမ်းပင် သို့ရောက်ရှိမည်ဖြစ်ပြီး ၂၁ ရက်နေ့နံနက် ၁၀နာရီတွင် အထူးလေ ယာဉ်ဖြင့်ပင် ပြန်မည်ဟု ထုတ်ပြန်သော အချိန်ဇယားများ တွင် ဖော်ပြထားသည်။ ထို့ကြောင့် နိုဝင်ဘာ ၁၉ရက်တွင် သမ္မတအိုဘားမားနှင့် မြန်မာနိုင်ငံ၌ တွေ့ဆုံဖြစ်မည်ဆိုပါက သမ္မတဦးသိန်းစိန်အနေနှင့် တစ်ခေါက်ပြန်လာရမည်ဖြစ်သည်။ ထိုသို့ ပြန်လာပြီး ထိုနေ့ညနေတွင် ကျင်းပမည့် အာဆီယံအမေ ရိကန် ခေါင်းဆောင် အစည်းအဝေးကို တက်ရောက်မည်ဆိုပါက အိုဘားမားနှင့် တွေ့ပြီး ကမ္ဘောဒီးယားသို့ အမြန်ပြန်ရမည်ဖြစ်သည်။
"သမ္မတက ထိပ်သီးအစည်းအဝေးတွေတက်မှာပါ။ အိုဘားမားနဲ့တွေ့ မယ့်ကိစ္စကတော့ ဘယ်နေ့ဆိုတာ ပြောလို့ မရသေးပါ ဘူး။ မြန် မာနိုင်ငံမှာကတော့သေချာပါတယ်" ဟု နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှုး ဦးဇော်ဌေးကပြောသည်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ၂၁ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးကို ယနေ့ နိုဝင်ဘာ ၁၅ ရက် မှ ၂၀ ရက်အထိကျင်းပပြု လုပ်သွား မည်ဖြစ်သည်။
သမ္မတ အိုဘားမားသည် ယခုအိန္ဒိယနိုင်ငံ သို့ရောက်ရှိနေသောဒေါ်အောင်ဆန်း စုကြည်နှ င့် နိုဝင်ဘာ ၁၉ ရက် တွင်တွေ့ဆုံ မည်ဖြစ်ကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ပါတီအသိုင်းအ၀ိုင်းမှ အတည်ပြုပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံမှ နိုဝင်ဘာ၁၈ရက် နံနက်ပိုင်းမှသာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ  မည်ဖြစ်သည်။
Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်