Friday, November 16, 2012

သတင်းထုတ်ပြန်ရေး အဖွဲ့ဖွဲ့စည်းခြင်း

Posted by drmyochit Friday, November 16, 2012, under | No comments


 ၁။ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝဘေးအန္တရာယ် အရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အခါအားလျော်စွာ သတင်းများထုတ်ပြန်ခြင်း၊ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခြင်း၊ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ပေးခြင်းများ တာဝန်ယူဆောင်ရွက် နိုင်ရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ (က)အရ "သတင်းထုတ်ပြန်ရေးအဖွဲ့"ကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည်-

(က)ဦးအောင်သိမ်း(အဖွဲ့ခေါင်းဆောင်)
ဒုတိယဝန်ကြီး
သမ္မတရုံးဝန်ကြီးဌာန

(ခ)ဦးရဲမင်း(အဖွဲ့ဝင်)
ဒုတိယညွှန်ကြားရေးမှူးချုပ်
သမ္မတဦးစီးရုံး

(ဂ)ဦးရဲနိုင်(အဖွဲ့ဝင်)
အထွေထွေမန်နေဂျာ
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
ပြန်ကြားရေးဝန်ကြီးဌာန

(ဃ)ဦးမိုးကျော်အောင်(အဖွဲ့ဝင်)
ညွှန်ကြားရေးမှူး
နိုင်ငံတော်သမ္မတရုံး

(င)ဦးအောင်စိုးသိန်း(အဖွဲ့ဝင်)
ညွှန်ကြားရေးမှူး
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး

(စ)ဦးဉာဏ်ထွန်း(အတွင်းရေးမှူး)
ညွှန်ကြားရေးမှူး
နိုင်ငံတော်သမ္မတရုံး

၂။ သတင်းထုတ်ပြန်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က) နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းများကို အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ပေးရန်၊

(ခ) အခါအားလျော်စွာ လိုအပ်ချက်ရှိပါက သတင်းစာရှင်းလင်းပွဲများ တာဝန်ယူ ပြုလုပ်ပေးရန်၊

(ဂ) သတင်းထုတ်ပြန်ချက် (Press Statement)များ ထုတ်ပြန်ပေးရန်၊

(ဃ) ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများနှင့် စပ်လျဉ်း၍ တင်ကူးမီဒီယာ (Preactive Media) လုပ်ငန်းနှင့် တုံ့ပြန်မီဒီယာ (Reactive Media) လုပ်ငန်းများ ဆောင်ရွက်ရန်၊
(င) ပြည်တွင်း ပြည်ပရှိ သတင်းဌာနများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ သတင်းဌာနများသို့အချိန်နှင့်တစ်ပြေးညီသတင်းဖြန့်ချိရန်၊
(စ) ဝန်ကြီးဌာနအသီးသီးမှ ဖွဲ့စည်းထားသော သတင်းထုတ်ပြန်ရေး အဖွဲ့များနှင့် ချိတ်ဆက်၍ အထောက်အကူပေးနိုင်ရေးညှိနှိုင်းဆောင်ရွက်ရန်။

 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်