Friday, November 16, 2012

အခြေခံလူတန်းစားတွေအတွက် အိမ်ရာစီမံကိန်း ငါးခု အကောင်အထည်ဖော်

Posted by drmyochit Friday, November 16, 2012, under | No comments


ရန်ကုန်မြို့တော် နယ်နမိတ်အတွင်းမှာ အိမ်ရာစီမံကိန်း ၅ခု အကောင် အထည်ဖော်ပြီး အခြေခံ လူတန်းစားတစ်ရပ် လက်လှမ်းမှီ ဝယ်ယူနိုင်မယ့် တန်ဖိုးနှုန်းထားတွေနဲ့  ရောင်းချသွားနိုင်ဖို့ စီစဉ်နေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဒီကနေ့ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ရန်ကုန်မြို့တော် ခန်းမမှာကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ စည်ပင်သာ ယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးက၂၀၁၅ ခုနှစ်မတိုင်ခင် စည်ပင်ပိုင် နယ်နိမိတ်အတွင်းမှာ အိမ်ရာစီမံကိန်း ၅ခု အကောင်အထည် ဖော်နိုင်ဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေနဲ့ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေကို ဖိတ်ခေါ်တဲ့ အစီအစဉ်ဖြစ်တယ် လို့ပြောကြားခဲ့ပါတယ်။ တည်ဆောက်သွားမယ့် အိမ်ရာစီမံကိန်းတွေကို ဒဂုံမြို့သစ်မြောက်ပိုင်းမှာ သုံးခု၊ ဒဂုံမြို့သစ်တောင်ပိုင်းမှာ တစ်ခု၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမှာတစ်ခု အကောင်အထည်ဖော်သွားဖို့ စီစဉ်ထားပြီး အခန်းပေါင်း ၉၅၂၈ ခန်း ပါဝင်မယ်လို့  သိရပါတယ်။ အဲဒီအိမ်ရာ စီမံကိန်း ၅ခုမှာ မြေဧက ၁၉၀ ဒသမ ၂၉ ဧက အသုံးပြုဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ အဲဒီအိမ်ရာ စီမံကိန်းတွေကို ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီက တည်ဆောက် အကောင် အထည်ဖော်ပြီးတဲ့နောက်ပိုင်း ရောင်းချမှုတွေကိုတော့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ဆက်လက်ဆောင် ရွက်သွားမှာဖြစ်တယ် လို့သိရပါတယ်။ 

 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်