Monday, November 19, 2012

ကြောက်မက်ဖွယ် မွတ်ဆလင်ရိုဟင်ဂျာ အကြောင်း တစေ့တစောင်း(၂)

Posted by drmyochit Monday, November 19, 2012, under | No comments


 တစ်ရွာလုံးနှင့်တစ်ယောက်တစ်ကမ္ဘာလုံးနှင့်မွတ်ဆလင်

ယင်းရိုဟိန်ဂျာ အမည်ခံများသည် ယခုအခါတွင် မလေးရှားနိုင်ငံ၌ သောင်းနှင့်ချီရောက် ရှိနေပြီဖြစ်ပြီး၊ ထိုင်းနိုင်ငံ၌လည်း စနစ်တကျ ၀င်ရောက်ထိုးဖေါက် နေပြီဖြစ်သည်၊၊  ထိုင်းအစိုးရက ယင်း ရိုဟိန်ဂျာအမည်ခံများ ထိုးဖေါက်ဝင်ရောက်မှုကို စနစ်တကျ တားဆီးမှုပြုလုပ် လာသောအခါ ယင်းရိုဟိန်ဂျာ အရေးသည် ဒေသခံနိုင်ငံများအား ရိုက်ခတ်လာသဖြင့် ဒေသခံနိုင်ငံများ သတိထား ဆောင်ရွက်လာကြသည်ကို တွေ့ရှိရသည်။
အာဆီယံထိပ်သီး အစည်းဝေး၌ပင် ယင်းရိုဟိန်ဂျာ ပြဿနာသည် နံပါတ်(၁) နေရာရယူ ထားပြီးဖြစ်သည်၊၊ ထိုင်းနိုင်ငံက အဘယ်ကြောင့် ယင်းရိုဟိန်ဂျာ ဆိုသူများအား ဒုက္ခသည်စခန်း များဖွင့်ခွင့် လက်မခံသနည်း။ အဖြေမှာ ရှင်းနေသည်၊၊ ယင်းရိုဟိန်ဂျာ အမည်ကိုသုံး၍ နိုင်ငံရေးအရ တိုက်ပွဲဝင် နေသူများသည် Al-Quada အဖွဲ့နှင့် ဆက်နွယ်မှု ရှိနေသည်။ ထိုင်းနိုင်ငံ အကြမ်းဘက် လှုပ်ရှားနေသူများနှင့် ပေါင်းမိပြီး ထိုင်းနိုင်ငံ၏ လုံခြုံရေးကို ပါခြိမ်းခြောက်လာမည် ကိုစိုးရိမ်၍ဖြစ်သည်၊၊

ရခိုင်တိုင်းရင်းသားများကိုကယ်တင်ကြပါစို့
နိုင်ငံတကာ NGO များနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများက ရိုဟိန်ဂျာ အမည်ခံများအား “နိုင်ငံမဲ့များ” အဖြစ် လူသားချင်းစာနာမှု ရှုထောင့်မှနေ၍ ယင်းတို့၏ နိုင်ငံရေးအရ တိုက်ပွဲဝင်မှုများ အသိအမှတ်ပြုရန် ရခိုင်တို့အား ဖိအားပေးနေကြ သည်ကိုတွေ့ရှိရသည်၊၊ သို့သော် ယင်းဘင်္ဂလီ မူဆလင်များ အလုံးအရင်းနှင့် ၀င်ရောက်ပြီးနောက် မူဆလင်တို့ သတ်ဖြတ် ရက်စက်မှုကြောင့် မိမိတို့၏ ပိုင်ဆိုင်မှုနယ်မြေ၊ အိုးအိမ်များ စွန့်ခွာ ထွက်ပြေး လာကြရသော ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ ရှေ့အနာဂတ်အရေးကို တွေးပူသည်ကိုကား မတွေ့ရှိရသေးပေ၊၊ ယင်းအဓိကရုဏ်းကာလ၌ မူဆလင်များ၏ သတ်ဖြတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသော မြန်မာ့တိုင်းရင်းသား ရခိုင်ပြည်နယ်သားများ၊ ဗုဒ္ဓဘာသာ ရဟန်းတော်များ၊ မူဆလင်များ၏ မီးတိုက်ဖျက်ဆီးမှုကြောင့် ပြာကျခဲ့ရသော ရခိုင်ရွာများ၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများ၊ ဘာသာရေးအစွန်းရောက် ယင်းမူဆလင်များ၏ မုဒိမ်းကျင့် သတ်ဖြတ်ခြင်း ခံခဲ့ရသော ရခိုင်သူများနှင့် မိမိအသက် အိုးအိမ် စည်းစိမ် လုံခြုံရေးအတွက် အမြဲတမ်းအထိတ် တလန့်ဖြစ်နေရသော ရခိုင်သူ၊ ရခိုင်သားများ၏ အနာဂတ်အရေးကို တွေးပူစဉ်းစားမိသော NGO များနှင့် ကုလသမဂ္ဂ္ဂ အဖွဲ့အစည်းများကို မတွေ့ဖူးသေးပေ၊၊ အကယ်၍ အိမ်နီးချင်းနိုင်ငံများ၊ NGO များ ကုလသမဂ္ဂ အဖွဲ့အစည်းများက ချင့်ချိန်မစဉ်းစားဘဲ ရိုဟိန်ဂျာ ဆိုသူများ၏ အရေးကို စောင်းပေးပြီး ရိုဟိန်ဂျာအမည်နှင့် ယင်းတို့၏ နိုင်ငံရေးအရ ရပ်တည်တိုက်ပွဲဝင်မှုကို လက်ခံခဲ့လျှင် မကြာသောတနေ့၌ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် ဒေသအားလုံး ယင်းရိုဟိန်ဂျာ အမည်ခံသူများ လက်ထဲသို့ကျ ရောက်သွားပြီး၊ ဒေသခံရခိုင်ပြည်နယ်သားများ အသတ်ခံရမှု၊ ရပ်ရွာ အိုးအိမ် စွန့်ခွာ ထွက်ပြေးရမှု နှင့် ရင်ဆိုင်ရမည်။
ယင်းအရေးသည် မြန်မာပြည် ရခိုင်ပြည်နယ်မှတဆင့် တစ်ပြည်လုံး၏ လုံခြုံရေးနှင့် အိမ်နီးချင်းနိုင်ငံများ၏ လုံခြုံရေးကိုပါ ခြိမ်းခြောက်လာပြီး ယင်းနိုင်ငံ၌ နေထိုင်နေကြသော ဒေသခံပြည်သူများလည်း ရခိုင်ပြည်နယ်ကဲ့သို့ ဘေးဆိုးကြီးများနှင့် ရင်ဆိုင်ရမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။


Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်