Monday, November 19, 2012

သံတွဲမှဆရာဝန်တစ်ဦး အစာအဆိပ်သင့်ကာသေဆုံး

Posted by drmyochit Monday, November 19, 2012, under | No comments


သံတွဲမြို့နယ်၊ ကျီးကန်းရဲရွာမှ ဒေါက်တာဦးရဲလွင်မှာ နိုဝင်ဘာ၁၅ ရက်နေ့က အစာအဆိပ်သင့်ကာ သေဆုံး သွားကြောင်း သတင်းရရှိသည်။ ဒေါက်တာရဲလွင် ဇနီမောင်နှံ နှစ်ဦးမှာ နိုဝင်ဘာ ၁၄ ရက်နေ့က သံတွဲမြို့မှ အပြန်လမ်းတွင် ဇလွန်ကျေးရွာရှိ ကိုညီလေး ထမင်းဆိုင်တွင် စားသောက် ခဲ့ကြောင်း သိရသည်။
" သူတို့လင်မယားက သံတွဲသွားပြီး မိုးချုပ်မှ ရောက်တာ၊ သူတို့က အမြဲတမ်း မနက်၉နာရီထိ အိပ်ကြတော့ အဲဒီနေ့က လူတွေက သတိမထားမိကြဘူး၊ ကျောင်းသားလေးတွေ စာသင်ဖို့လာတော့ ဆူညံ့သံတွေ ကြားတော့မှ လူတွေက သိကြတာ၊ သူ့သားလေးကနှိုးတဲ့အခါ ခေါ်မရတော့မှ ဆေးရုံကိုယူသွားကြတယ်၊ ဆရာဝန်ကတော့ ဆုံးသွားပြီလို့ သိရတယ်၊ " ဟု ကျီးကန်းရဲရွာသူ တစ်ဦးက ပြောသည်။
ဒေါက်တာရဲလွင်တို့ ဇနီးမောင်နှံအား ကျီးကန်းရဲရွာမှ သံတွဲဆေးရုံ သို့နိုဝင်ဘာ ၁၅ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် ယူဆောင်ခဲ့ရာ ဦးရဲလွင်မှာဆေးရုံ သို့မရောက်မှီ လမ်းတွင်သေဆုံးသွားခဲ့ပြီး အလောင်းအား ဆေးစစ်ရန်ရန်ကုန် သို့ပို့ဆောင်လိုက်ကာ ဇနီးဖြစ်သူမှာ သံတွဲဆေးရုံတွင် သတိပြန်ရနေကြောင်း သိရသည်။
ဒေါက်တာရဲလွင်မှာ ဂျာမနီနိုင်ငံမှ အင်ဂျီအို တစ်ခု၏ ထောက်ပံ့ချက်ဖြင့် ကျီးကန်းရဲရွာတွင် ပရဟိတ လုပ်ငန်းကို လုပ်ကိုင်ကာ အခမဲ့စာသင်ကြားခြင်း၊ အခမဲ့ ကျန်းမာရေးစောင့်ရှောင့်မှု လုပ်ငန်းများ လုပ်ဆောင်နေ ကြောင်းသိရသည်။
Arakan Times သတင်းဌာန

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်