Monday, November 19, 2012

ကျောက်တော်ကားဂိတ်ဆိုင်တစ်ခုအား ကုလားများဖောက်ထွင်း

Posted by drmyochit Monday, November 19, 2012, under | No comments


ရခိုင်ပြည်နယ် ကျောက်တော်မြို့ ကားဂိတ်တွင် ဖွင့်လှစ်ထားသည့် ဆိုင်တန်းတစ်ခုကို မနေ့ည အချိန်တွင် အနီးရှိပိုက်သည်ရပ် ကုလားရွာမှ ကုလားများ ဝင်ရောက်ဖောက်ထွင်း သွားကြောင်း သိရှိရပါသည်။ အဆိုပါကားဂိတ်မှာ မကြာခင်က မြို့ပြင် ကစ္ဆပနဒီ တံတားအနီးသို့ ပြောင်းရွှေ့ထား သည့်အဝေးပြေး ကားဂိတ်ဖြစ်သည်။
ထိုကားဂိတ်မှာ ပိုက်သည် ကုလားရွာနှင့် ထိစပ်လျှက် ရှိနေပြီး ညအချိန်၌ ဆိုင်သည်များမှာ လုံခြုံရေးအရ ညအိပ်ခြင်း မရှိသည်ကို ကုလားများက အခွင့်ကောင်းယူလျှက် ထိုသို့ ဖောင်ထွင်းသွားခြင်း ဖြစ်သည်ဟု သိရှိရပါသည်။ ယင်းသို့ ဖောက်ထွင်းခံရ ခဲ့ရသည့်အတွက် ဟန်းဆတ် အလုံး ၂၀ ခန့်နှင့် စားသောက်ကုန် ပစ္စည်းအချို့ ဆုံးရှုံးသွားခဲ့ရကြောင်း လည်းသိရပါသည်။ အဆိုပါ ကားဂိတ်အနီးတွင် အစိုးရလုံခြုံရေး တပ်ဖွဲ့များက စောင့်ထိန်းလျှက်ရှိ နေသော်လည်း မနေ့က ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မသိရှိလိုက်ကြောင်းလည်း သိရပါသည်။ ရခိုင်များအနေဖြင့် လုံခြုံရေးအရ မိမိတို့ပိုင် ပစ္စည်းများကို လုံခြုံအောင်စောင့် ထိန်းရန်အတွက် မိမိတို့ကိုယ်တိုင်သာ အားကိုးကြရတော့ မည်ဖြစ်ကြောင်း ကိုလည်းသုံးသပ်ပြောဆိုမှုများရှိကြပါသည်။

Rakhine Straight Views

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်