Monday, November 19, 2012

သင်သည် နိုင်ငံရေးသမားဟု ယူဆလျှင်....

Posted by drmyochit Monday, November 19, 2012, under | No comments


 ခပ်ညံ့ညံ့ နိုင်ငံရေးသမား စရိုက်များ
 ထိပ်တိုက်ရင်ဆိုင်တယ်။

 လက်စားချေချင်တယ်။

 လက်ရုန်းရည်ကို ပိုမိုအားကိုးတယ်။

 ဘက်ပြောင်းတတ်တယ်။

 စားဖားညီညွှတ်ရေးလုပ်တယ်။

 အခွင့်အရေးလိုချင်တယ်။

 မက်လုံးပေးတတ်တယ်။ 


ရာထူးရဖို့ ကြိုးစားတယ်။

 အခွင့်ထူးခံတယ်။

 လူလည်ဖြစ်တယ်။

 ထင်ပေါ် ကြော်ကြားရန် ကြိုးစားတတ်တယ်။

 စည်းစိမ်ခံစားရဖို့ ကြိုးစားတယ်။


ထူးချွန်သော နိုင်ငံရေးသမားစရိုက်များ

 တွေ့ဆုံဆွေးနွေးတယ်။

 သင်ပုန်းချေတယ်။

 နှလုံးရည်ကို အားကိုးတယ်။

 ယုံကြည်ချက်ကို မစွန့်လွှတ်ဘူး။

 ပြည်ထောင်စုကြီးထဲမှာ အငြင်းအခုံလုပ်ရင်း ပြည်ထောင်စုစိတ်ဓာတ်ရှိတယ်။(UNITY IN DIVERSITY)

 ကိုယ်ကျိုးစွန့်တယ်။


 ဆိုစေမြဲစေ၊ ကတိတည်တယ်။

 ရားထူးရသည်ဖြစ်စေ မရသည်ဖြစ်စေ ပြည်သူ့ဆန္ဒ့ဖြည့်ဆည်းရန် ကြိုးစားတယ်။

 အေးအတူပူအမျှနေတယ်။

 ဥာဏ်ပညာရှိတယ်။

 ခေါင်းဆောင် စရိုက်ရှိတယ်။ ကျော်ကြားထင်ပေါ်မှုဟာ အလိုအလျောက်ဖြစ်လာတယ်။

 နိုင်ငံတော်ကြီး တစ်ခုလုံး ဖွံ့ဖြိုးဖို့ ကြိုးစားတယ်။

 သင်သည် မည်သို့သော် နိုင်ငံရေးသမားမျိုးထဲ ပါဝင်နေသည်ကို သင့်စိတ်ကို သင်ဆန်းစစ်ကြည့်ပါလေ။ ကျွန်တော်ကတော့ ခပ်ညံ့ညံ့နိုင်ရေး သမားအဆင့် ထဲတွင်တောင်မှ မပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် နိုင်ငံရေးသမားဟု ကိုယ့်ကိုကိုယ် မသတ်မှတ် နိုင်ငံရေးလေ့လာ သူတစ်ယောက် အနေဖြင့် သာ သတ်မှတ်၍ ဖြစ်သည်။


 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်