Monday, November 19, 2012

နိုင်ငံခြားခရီးစဉ်မှ ပြန်လာသော ဒေါ်အောင်ဆန်းစုကြည်အား မြန်မာလူထုမှ လေဆိပ်တွင် လာရောက်ကြိုဆိုကြခြင်း မရှိ

Posted by drmyochit Monday, November 19, 2012, under | No comments


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ (၁၈-၁၁-၂၀၁၂) နံနက် ၁နာရီ ၄၀ မိနစ်ခန့်က အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့  ပြန်လည် ရောက်ရှိခဲ့ရာ လေဆိပ်တွင် လာရောက်ကြိုဆိုသည့် မြန်မာပြည်သူ တစ်ဦးတစ်ယောက်မှ မရှိကြောင်း သတင်းရရှိသည်။ ထုံးစံအတိုင်း NLD ပါတီမှ မဖြစ်မနေ ကြိုဆိုခိုင်းသူ အနည်းငယ်သာရှိပြီး အခြားပြည်သူ တစ်ဦးမှ မရှိခဲ့ခြေ။ 
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ အထက်ပိုင်းတွင် ပြည်သူအများအပြား ငလျင်ဒဏ်ခံစား နေရချိန်တွင် အိန္ဒိယသို့ ထွက်ခွားသွားသူဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် မိန့်ခွန်းပြောရာတွင် သူမအနေဖြင့် မိမိကိုယ်ကိုယ် ကုလားမဟု ခံယူကြောင်း ပြောကြားခဲ့ပြီး ပြန်လာချိန်တွင်လည်း နှာဖူးတွင် အနီစက် တင်ကာ ပြန်ခဲ့သည်။
သမ္မတကြီးဦးသိန်းစိန် ပြည်ပခရီးစဉ်မှ ရန်ကုန်လေဆိပ်သို့ ရောက်ရှိချိန်တွင် မြန်မာလူထုက သောင်းသောင်းဖျဖျ ကြိုဆိုခြင်းများ ရှိခဲ့သည်။
  Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်