Monday, November 19, 2012

ဂျပန်အောက်လွှတ်တော် ဖျက်သိမ်း

Posted by drmyochit Monday, November 19, 2012, under | No comments


ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒ က ဂျပန်အောက် လွှတ်တော်ကို ဖျက်သိမ်းလိုက်ပါတယ်။ လက်ရှိအာဏာရ သူ့ရဲ့ ဂျပန်ဒီမိုကရက် တစ်ပါတီအနေနဲ့ အနိုင်ရနိုင်တယ် ဆိုတဲ့မျှော် လင့်ချက်နဲ့ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ် လိုက်တာပါ။
အဓိက အတိုက်အခံပါတီဖြစ်တဲ့ Liberal Democratic Party က တိုင်းပြည်ရဲ့ လိုငွေပမာဏ ကျသွားစေဖို့နဲ့ ရွေးကောက်ပွဲဥပဒေ ပြောင်းလဲမှု တွေပြုလုပ်ရေး အစရှိတဲ့ သဘောတူညီမှု ရရှိပြီးနောက် မစ္စတာ နိုဒါး ဟာ ဥပဒေပြု အာဏာ ကြီးကြီးမားမား ရှိတဲ့ အောက်လွှတ်တော်ကို ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။
တကယ်လို့ အလွတ်သဘော စစ်တမ်းတွေအတိုင်း အတိုက်အခံပါတီ ရွေးကောက်ပွဲမှာ အနိုင်ရရှိမယ်ဆိုရင် ယခင်ဝန်ကြီးချုပ်ဟောင်း လက်ရှိ LDP ပါတီခေါင်းဆောင် ရှင်ဇိုအာဘေး အနေနဲ့ အစိုးရပြန်လည် ခေါင်းဆောင်မှာဖြစ်ပါတယ်။ ဒါပေမယ့်၊ လာမယ့် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ကျင်းပမယ်လို့ စီစဉ်ထားတဲ့ အထွေထွေ ရွေးကောက်ပွဲမှာ အားမကောင်းလှတဲ့ ညွန့်ပေါင်း အစိုးရတရပ်သာ ထွက်ပေါ်လာဖို့ သေချာ သလောက်ရှိနေတယ်ဆိုပြီး နိုင်ငံရေး အကဲခတ်တွေက သုံးသပ်နေကြပါတယ်။
Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်