Monday, November 19, 2012

အငှားယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းလယ်ကျွန်းနှင့် ဓာတ်တိုင်အား ၀င်တိုက်မှု ဗဟန်းမြို့နယ်တွင်ဖြစ်ပွား

Posted by drmyochit Monday, November 19, 2012, under | No comments


အငှားယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းလယ်ကျွန်းနှင့် ဓာတ်တိုင်အား ၀င်တိုက်မှု ဗဟန်းမြို့နယ်ရှိ ဦးချစ်မောင် လမ်းဆုံ မှတ်တိုင်းအနီးတွင် ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။ အဆိုပါ ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၆ ရက်နေ့ည ၁၁ နာ၇ီ ခွဲအချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ''ကျွန်တော်တို့ အနေနဲ့ ကားဆရာကို ဆွဲထုတ်ခဲ့ရတယ်။ တော်တော်လေး အရှိန်ပြင်းတယ်''ဟု ယင်းဖြစ်စဉ်တွင် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ သူတစ်ဦးကပြောကြားခဲ့သည်။
ယာဉ်တိုက်မှုကြောင့် သေဆုံးမှုမရှိကြောင်း၊ မော်တော်ယာဉ်အား အရှိန်ပြင်းစွာ မောင်းနှင်းခဲ့ပြီး လမ်းလယ်ကျွန်းနှင့် ဓာတ်တိုင်အား ၀င်တိုက်ခဲ့သူ အငှားယာဉ်မောင်းအား အရေး ယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်