Monday, November 19, 2012

၂၁ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး ကမ္ဘောဒီးယား၌ ကျင်းပ

Posted by drmyochit Monday, November 19, 2012, under | No comments


၂၁ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး နှင့်ဆက်စပ်အစည်း အဝေးများကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ ၌ ယခုလ ၁၅ ရက်နေ့ မှ ၂၀ ရက်နေ့ ထိ ကျင်းပမည့်ဖြစ်သည်။ ၎င်းအစည်းအဝေးများသို့ အာဆီယံ၁၀ နိုင်ငံမှ ခေါင်းဆောင်များ၊ အာဆီယံ+၃ (တရုတ်၊ဂျပန်၊တောင်ကို ရီးယား)မှ ခေါင်းဆောင်များ၊ သြစတြေးလျှ၊ အိန္ဒိယ၊ နယူးဇီလန်၊ ရုရှားနှင့် အမေရိကန် သမ္မတနိုင်ငံတို့မှ ခေါင်းဆောင်များ တတ်ရောက် ကြမည်ဖြစ်သည်။
ထို့အပြင် အာရှဖွံ့ဖြိုးရေဘဏ်၊ ကမ္ဘာဘဏ်၊ နိုင်ငံတကာ ငွေကြေးရံပုံ ငွေအဖွဲ့၊ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အ စည်း(WTO)နင့် UNCTAD တို့ လည်းတတ်ရောက်မည်ဟု သိရသည်။ ၂၁ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး နှင့် အာဆီယံဆက်စပ် အစည်းအဝေးများသို့ သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာ ၁၇ ရက်မှ ၂၀ ရက်နေ့ ထိ တတ်ရောက်မည်ဖြစ်ပြီး မြန်မာအစိုးရ ကိုယ်စား လှယ်အဖွဲ့သည် အောက်တိုဘာ ၁၆ ရက်နေ့ တွင် special flight ဖြင့် ကမ္ဘောဒီးယားသို့ လာရောက်မည်ဟု အာဆီယံ ထိပ်သီးအစည်း အဝေးဆိုင်ရာ မီဒီယာစင်တာ၏သတင်း ထုတ်ပြန်ချက် အရ သိရသည်။ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံခြားရေး ၀န်ကြီးဌာန၀န်ကြီး ဦးဝဏ္ဏမောင်လွင် ၊သမ္မတရုံး ၀န်ကြီးဌာန၀န်ကြီး ဦးတင်နိုင်သိန်းနှင့် ဦးစိုးသိန်း၊အမျိုးသား စီမံကိန်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၀န်ကြီး ဒေါက်တာကံဇော်နှင့် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဝင်းမြင့်တို့ ပါဝင် မည်ဟုဖော်ပြထားသည်။
Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်