Monday, November 19, 2012

အိုဘားမားခရီးစဉ်မှ သတင်းအစိတ်အပိုင်းများ

Posted by drmyochit Monday, November 19, 2012, under | No comments


အစီအစဉ် ၁ -ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိမယ်
အစီအစဉ် ၂  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမယ်
အစီအစဉ် ၃  ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ပြည်သူ့လွှတ်တော် ဥက္ကဌသူရဦးရွှေမန်းနဲ့ တွေ့ဆုံ မယ်
အစီအစဉ် ၄ ဒေါ်အောင်ဆန်း စုကြည်နေအိမ် မှာ ဒေါ်အာင်ဆန်းစုကြည်နဲ့ တွေ့ဆုံ
အစီအစဉ် ၅ အမေရိကန် သံရုံးမှာ သံရုံးဝန်ထမ်းတွေနဲ့ တွေ့ဆုံ
အစီအစဉ် ၆ အမေရိကန် သံရုံးမှာ နေ့လည်စာသုံးဆောင်
အစီအစဉ် ၇ ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမမှာ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ

အိုဘားမား လုံခြုံရေး
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အင်အား ရဲတပ်ရင်း ၁၀ရင်းစာနှင့် ရဲတပ်ဖွဲ့မော်တော် ကားနှင့် မော်တော် ဆိုင်ကယ် အစီး ၈၀ ကျော် လုံခြုံရေးအတွက် အသုံးပြုထားကြောင်း ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် တွင်ရောက်ရှိနေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲချုပ် ကျော်ကျော်ထွန်းက Eleven Media Group သို့ပြောကြားခဲ့သည်။ ရန်ကုန်မြို့တွင်း လမ်းအချို့ ပိတ်ပင် မြန်မာနိုင်ငံသို့ အမေရိကန် သမ္မတ ပထမဆုံး အကြိမ် လာရောက် လည်ပတ်မည့် ခရီးစဉ်ကြောင့် ရန်ကုန် မြို့တွင်း လမ်းအချို့ ပိတ်ပင် လိုက်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက တရားဝင် သတင်း ထုတ်ပြန် သည်။ အမေရိကန် သမ္မတ ယာဉ်တန်း ဖြတ်သန်းမည့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ပြည် လမ်းမကြီး အတိုင်း ရန်ကုန်မြို့တွင်း ရှိ ၁၀မိုင်လမ်းဆုံ ၊ ပြည်လမ်းဆုံ ၊ ပြည်လမ်းနှင့် တော်ဝင်လမ်းဆုံ၊ ၈မိုင် လမ်းဆုံ၊ အေဒီမီးပွိုင့် (ပါရမီလမ်းဆုံ)၊ အင်လျားလမ်းဆုံ၊ လှည်းတန်း လမ်းဆုံ၊ ဟံသာဝတီ အဝိုင်း ၊ မြေ နီ ကုန်း မီးပွိုင့်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရှေ့၊ အလုံလမ်းဆုံ ၊ ဦးဝိစာရ အဝိုင်း၊ ရွှေတိဂုံ ဘုရား မြောက်ဘက်မုဒ် တို့ကို ယာဉ်တန်းမဖြတ်မီ မိနစ်၂၀ ခန့် ခေတ္တ ပိတ်ပင်သွားမည် ဖြစ်ကြောင်း အထက် ပါ ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထား သည်။ ၄င်းအပြင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်လည်း နိုဝင်ဘာ ၁၉ ရက်နေ့ နံနက် (၉)နာရီမှ (၁၀) နာရီ အတွင်း၊ ညနေ (၃)နာရီမှ (၄)နာရီ အတွင်း ဆိုက်ရောက်/ ထွက်ခွာမည့် ပုံမှန် လေယာဉ် ခရီးစဉ် များ ခေတ္တ ဆိုင်းငံထားမည် ဖြစ်၍ ၎င်းအချိန် များနှင့် တိုက်ဆိုင်သော နံနက်ပိုင်း လေယာဉ် ခရီးစဉ်များကို နံနက် (၁၀)နာရီ နောက်ပိုင်းသို့ လည်းကောင်း၊ ညနေပိုင်း လေယာဉ် ခရီးစဉ်များကို ညနေ (၄)နာ ရီ နောက်ပိုင်းသို့ လည်းကောင်း ပြောင်းရွှေ့ စီစဉ်ထားရှိပြီး ပုံမှန် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခြင်း မရှိကြောင်း လည်း ထုတ်ပြန် ကြေညာထားသည်။

ရွှေတိဂုံမဖူးရတဲ့ အိုဘားမား
အမေရိကန် သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အချိန်၌ သမိုင်းဝင် ရွှေတိဂုံစေတီတော် ကြီးအား သမ္မတကြီး ဦးသိန်းစိန်က လိုက်လံ ပို့ဆောင်မည့် အစီအစဉ်အား ဖျက်သိမ်းလိုက်ကြောင်း သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
ရွှေတိဂုံစေတီတော်သို့ သွားရောက်မည့် ခရီးစဉ်ဖြတ်သိမ်း လိုက်ရခြင်းမှာ အမေရိကန် သမ္မတဖြစ်သူ အိုဘား မားက မြန်မာ့ ဓလေ့ထုံးတမ်းအရ ဘုရားရင်ပြင်တော်အတွင်း ၎င်းတို့ ဖိနပ်ချွတ် ရမည် ဖြစ်သော်လည် ၎င်းတို့၏ လုံခြုံရေးများ အနေဖြင့် ဖိနပ်မချွတ် နိုင်သောကြောင့် ခရီစဉ်အား ဖျက်သိမ်း လိုက်ခြင်းဖြ စ်ကြောင်း သိရသည်။

အိုဘားမားကြောင့် နာမည်ကျော်သွားသူ
အမေရိကန် သမ္မတအိုဘားမားအား ကြိုဆိုသော ပန်းချီပုံရေးဆွဲ ဖန်တီးခဲ့သည့် အသက်၁၉နှစ် အရွယ် အာကာကျော်ကို ယနေ့(နိုဝင်ဘာ ၁၉) ရန်ကုန်တက္ကသိုလ် ပြောကြားမည့် အိုဘားမား၏မိန့်ခွန်းကို တက်ေ ရာက် နားထောင်ရန် ဖိတ်ကြားခြင်းခံရကြောင်း သတင်းရရှိသည်။ 
“လုံးဝကိုထင်မထားဘူး။ အရမ်းဝမ်းသာတာဘဲ”ဟု အာကာကျော်က 7Day News ကိုဖြေကြားသည်။
အာကာကျော်သည် သမ္မတအိုဘားမားအား ကြိုဆိုသော ပုံတူကို ကန်တော်ကြီးပတ်လမ်းတွင် ပထမဆုံး အကြိမ်ရေးဆွဲပြီး ထိုပုံမှာ ဖျက်ဆီးခံခဲ့ရသည်။ ဒုတိယမြောက်ပုံတူကို ရွှေဂုံတိုင် လမ်းဆုံအနီး တွင် ထပ်မံေ ရးဆွဲခဲ့ပြီး ထိုပုံကိုလည်း ကားတစ်စီးဖြင့် လာရောက်ကာ ဆီဆေးအထုပ်များဖြင့် ပစ်ပေါက်ဖျက်ဆီးခံ ရသဖြင့် ပြန်ဆွဲထားရကြောင်း အာကာကျော်က ပြောသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်