Monday, November 19, 2012

NLD ပါတီက မီဒီယာကို ခွဲခြားကန့်သတ်

Posted by drmyochit Monday, November 19, 2012, under | No comments


၂၀၁၂ နိုဝင်ဘာလ ၁၉ ရက်နေ့၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းအတွင်း သမ္မတ အိုဘားမား  နှင့်ဒေါ်အောင်ဆန်း စုကြည်အ  ပါအ၀င် ဗဟိုအလုပ် အမှုဆောင်များနှင့်  တွေ့ဆုံပြီးနောက် ကျင်းပမည်ဖြစ်သော  သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ရန်အတွက် ပြည်တွင်း ဂျာနယ်  ၄ စောင်နှင့် နိုင်ငံခြားသတင်းဋ္ဌာန ၃ခုကိုသာ ရွေးချယ် သတင်းယူခွင့်ပြုပြီး  ကျန်သတင်း ဋ္ဌာနများအား သတင်းယူခွင့်ကို ကန့်သတ်လိုက်ကြောင်း  သိရှိရသည်။  အဆိုပါ သတင်းယူခွင့် ရရှိသော ဂျာနယ်များမှာ The Voice ဂျာနယ်၊ ပြည်သူ့ခေတ်ဂျာနယ်၊ Weekly Eleven ဂျာနယ်နယ်နှင့် ဒီလိုင်း ဂျာနယ်တို့ဖြစ်ကြောင်း သိရှိရသည်။
 ယခုလို မီဒီယာအား ခွဲခြားခြင်း ခွင့်ပြုခြင်းနှင့် ပတ်သက်ပြီး သတင်းဋ္ဌာနများအား မီဒီယာခွဲခြား ဆက်ဆံခြင်း ဖြစ်ကြောင်း သုံးသပ်ဝေဖန် လျက်ရှိသည်။  `သတင်းယူခွင့် မပေးရင်လည်း မပေးနဲ့ပေါ့ အားလုံးကို ခွင့်မပြုနဲ့ပေါ့ ၊ ခုလို ခွဲခြား လိုက်တာကတော့ မကောင်းဘူး၊ ရွေးချယ်တယ်ဆို တာကတော့ ဘယ်လိုပုံစံမျိုးကို ကြည့်ပြီးရွေးလိုက်တာလဲ၊` ဟု 7 Day News Journal မှ သတင်းထောက်ချုပ်က ပြောသည်။  မြန်မာနိုင်ငံတွင် ပြည်တွင်းသတင်း ဂျာနယ်များနှင့် ပြည်ပနိုင်ငံ အခြေစိုက် သတင်းဋ္ဌာနများ စုစုပေါင်း ၄၀၀ကျော်ခန့်ရှိကြောင်းသိရှိရသည်။
  `လုံခြုံရေးအရ  စိတ်ပူတယ် ဆိုရင်လည်း သတင်းထောက် အိုင်ဒီအမှန်နဲ့ သူတွေကိုတော့ လက်ခံသင့်တာပေါ့၊ ရွေးဖိတ်တယ်ဆိုရင် ဘာဖြစ်လို့ရွေးဖိတ်တာလဲ၊ ဘာကြောင့် ခွဲခြားတာလည်း ဆိုတာလည်း သတင်းထုတ်ပြန်သင့်တယ်၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း တန်းတူညီတူ အခွင့်အရေးရှိရမယ်လို့ ပြောပြောနေတာပဲ` ဟု ၊ VOA မြန်မာပိုင်းဌာနမှ သတင်းထောက် အိမ့်ခိုင်ဦးက ပြောသည်။
(မြစ်မခမီဒီယာ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်