Monday, November 19, 2012

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက် အပေါ် ဘင်္ဂလာဒေခ်ျ့ အစိုးရ တုန့်ပြန်

Posted by drmyochit Monday, November 19, 2012, under | No comments


အိန္ဒိယ ခရီးစဉ် အတွင်းမှာ မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်က မွတ်ဆ လင်တွေဟာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံက တရားမ၀င် ပြောင်းရွှေ့ ၀င်ရောက်နေထိုင်သူတွေ ဖြစ်တယ်လို့ ကောက်ချ ပြောကြားလိုက်မူကို ဘင်္ဂလာဒေခ်ျ့ အစိုးရက ကောက်ကာ ငင်ကာ တုန့်ပြန် လိုက်ပါတယ်။
အခုလို ဘင်္ဂလာဒေခ်ျ့ အစိုးရဘက်က တုန့်ပြန် ပြောဆိုမူကို ဘင်္ဂလာဒေခ်ျ့နိုင်ငံက အင်္ဂလိပ်လိုရော၊ ဘင်္ဂလီလိုပါ ထုတ်ဝေတဲ့ သတင်းစာတွေမှာ ဒီကနေ့မှာ ဖေါ်ပြကြပါတယ်။ ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနက မနေ့က ကျေညာချက်ထုတ်ပြီး တုန့်ပြန် ပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခုလို မှတ်ချက်ချ ပြောကြားမူဟာ မြန်မာ အစိုးရရဲ့ ဒီပြဿနာ အပေါ်မှာ ရပ်တည်ချက်နဲ့ ကွဲလွဲနေပြီး ကျိုးကြောင်း မညီမညွှတ် ဖြစ်နေတယ်ဆိုပြီး ထုတ်ဖေါ် ပြောဆိုပါတယ်။ သတင်းစာတွေမှာ ရေးသား ဖေါ်ပြချက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယကို လာရောက် လည်ပတ်စဉ် အတွင်း နိုဝင်္ဘာလ ၁၃ ရက်နေ့က ရခိုင်ပြည်နယ် ဖြစ်ပေါ်ခဲ့တဲ့ မငြိမ်သက်မူတွေနဲ့ ပတ်သက်ပြီး ပြောကြားရာမှာ ခုဖြစ်ရပ်ဟာ နိုင်ငံတကာ အနေနဲ့ အလွန် ၀မ်းနည်းစရာ ဖြစ်ရပ် တစ်ခု ဖြစ်ပေမယ့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံက လူတွေ တရားမ၀င် ၀င်ရောက်နေမူကို ရပ်တန့်ဖို့ လိုတယ်လို့ ပြောဆိုလိုက်တယ်လို့ ဆိုပါတယ်။ မဟုတ်ရင် ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ လွယ်ကူမှာ မဟုတ်ဘူးလို့ ပြောဆိုတယ်လို့ ဆိုပါတယ်။
အဲသလို ပြောကြားချက် အပေါ် ဘင်္ဂလာဒေခ်ျ့နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနက မနေ့က ကျေညာချက် ထုတ်ပြီး တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။ မြန်မာ အစိုးရ အနေနဲ့ ၁၉၉၁-၉၂ နှစ်ခုနှစ်မှာ မွတ်ဆလင် ဒုက္ခသည် ၂၅၀၈၇၇ ကို ၀င်ရောက်လာတာမှာ ၂၃၆၅၉၉ ကို စိစစ်ပြီး  ပြန်လည် လက်ခံခဲ့တဲ့ အတွက် သူတို့တွေဟာ မြန်မာနိုင်ငံကနေ ဘင်္ဂလာဒေခ်ျ့ကို ၀င်ရောက်လာသူတွေ ဖြစ်တယ်။  သူတို့ဟာ ဘင်္ဂလာဒေခ်ျ့က မဟုတ်ဘူး ဆိုတာ ထင်ရှား နေပါတယ်လို့လည်း ကျေညာချက်မှာ ဖေါ်ပြပါတယ်။ အခုအချိန်ထိ ဒုက္ခသည် စခန်းနှစ်ခုမှာ ယူအန် အသိအမှတ်ပြု မွတ်ဆလင် ( သူတို့ အခေါ် ရိုဟင်ဂျာ) ဒုက္ခသည် ၂၈၀၀၀ ခန့်ရှိပြီး ပြင်ပမှာ အထောက်အထား တစ်စုံတစ်ရာ မရှိဘဲ နေထိုင်သူ အများအပြား ကိုလည်း စိစစ်ပြီး မြန်မာဘက်က သဘောတူထားတယ်လို့ပြောပါတယ်။
မြန်မာ အစိုးရရဲ့ လက်ရှိ နိုင်ငံသား ဖြစ်မူ ဥပဒေ အပေါ် ပြန်လည် သုံးသပ်နေမူ အပေါ်မှာလည်း ကြိုဆို တယ်လို့ ဖေါ်ပြပါတယ်။ ဒါ့ပြင် သက်ဆိုင်သူတွေ အနေနဲ့ သေချာတဲ့ အချက်အလက်တွေမရှိဘဲ ထုတ်ဖေါ် ပြောဆိုမူတွေကို ရှောင်ကြဉ်ကြဖို့လည်း ထုတ်ပြန်ချက်မှာ ဖေါ်ပြကြပါတယ်။
ဒါပေမယ့်လည်း မြန်မာနိုင်ငံ အစိုးရ အပါအ၀င် မြန်မာနိုင်ငံသားတွေ အများစုကတော့ သူတို့ဟာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံက တရားမ၀င် ၀င်ရောက်လာကြသူတွေလို့  ယုံကြည်ထားကြပြီး အစိုးရကလည်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုးဆိုတာ မရှိကြောင်းနဲ့ ရခိုင်ပြည်နယ်မှာ နေထိုင်သူ မွတ်ဆလင် အများစုဟာ  ဘင်္ဂလီတွေ ဖြစ်ကြတယ်လို့ တရားဝင် ကျေညာထားပါတယ်။
  နိရဉ္စရာ သတင်းဌာန

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်