Saturday, December 22, 2012
မင်းကိုနိုင်(သို့မဟုတ်) တော်လှန်သော ခွပ်ဒေါင်းတော်လှန်သောကဗျာအိုးဝေ
Posted by drmyochit Saturday, December 22, 2012, under | No comments
မင်းကိုနိုင်သည်ကဗျာကို ချစ်မြတ်နိုး သူဖြစ်သည်။ မင်းကိုနိုင်သည်ပန်းချီသမား လည်းဖြစ်သည်။ သူသည် အနုပညာ သမားဖြစ်သည်။ သူသည် သံချပ်ကို မြတ်နိုးသူ၊ ကျွမ်းကျင်စွာတတ်မြောက်သူ လည်းဖြစ်သည်။ သူ၏မိသားစုသည်လည်း အနုပညာမိသားစုဖြစ်သည်။
ကျွန်တော်တို့နှင့် သူသည် ရန်ကုန် တက္ကသိုလ်၏ကံ့ကော်ရိပ်၌ သမိုင်း၏ အလိုအပ် ဆုံးအချိန် ကာလတစ် ခုတွင် ဆုံ တွေ့ခဲ့ကြသည်။ ၁၉၈၇-၁၉၈၈ ရန်ကုန် တက္ကသိုလ်၏ဒီမိုကရေစီတိုက်ပွဲစတင်သည့် ကာလတွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်၏။
၁၉၈၈ မတ်လနှင့် ဇွန်လ ရန်ကုန် စက်မှုတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားတို့၏ မ.ဆ.လ တစ်ပါတီ အစိုးရကို အံတုစိန်ခေါ်သည့်ကာလတွင် ကျွန်တော်တို့ဆုံတွေ့ခဲ့ကြသည်။ မောင် မောင်ကျော်၊ မိုးသီးဇွန်၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ သက်ထွန်း၊ မိုးဟိန်း၊ မင်း ဇေယျာ၊ ဌေကြွယ်၊ အောင်သူ၊ အံ့ဖွယ် ကျော်၊ ဇော်မျိုးနောင်၊ ပြုံးချို၊ တင့်ဆန်း၊ မြအေး၊ ဂျင်မီ၊ ကျော်မင်း၊ ဇော်မျိုးအောင် စသည်တို့ ပေါ်ထွက်လာခဲ့သည်။
ကျွန်တော် တို့က ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားသမဂ်္ဂများအဖွဲ့ချုပ် ဗ.က.သ ABSFU တရား ၀င်ဖြစ်မြောက် ရေးကော်မီတီစတင်ဖွဲ့စည်းသည့် သြဂုတ် လ ၂၈ ရက်နေ့ ၁၉၈၈ ရန်ကုန်တက္ကသိုလ် တ.က.သ အဆောက်အအုံမြက်ခင်းပြင် ၌ ကျင်းပသည့်နေ့က ဗ.က.သ အဖွဲ့ ချုပ်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ သည်ကို တက်ရောက်လာသော ကျောင်းသားထု သောင်းနှင့် ချီသောအင်အားထုကထောက် ခံခဲ့ကြသည်။ မင်းကိုနိုင် သည် ဗ.က.သ အဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်လာခဲ့သည်။ ကျွန်တော် တို့ ဗ.က.သ၏ ယာယီဌာနချုပ်ကို ရန်ကုန်ဆေး ရုံကြီးနှလုံးရောဂါဌာနရှေ့ ဆေးရုံဆင်ဝင်ကြီးအောက်၌ ဖွင့်လှစ် ခဲ့ကြသည်။ နောက်ရက် အနည်းငယ်ကြာ တော့ လုံခြုံရေးအရ ဆေးရုံကြီးရှေ့လမ်း တစ်ဖက်ရှိ လသာ အ.ထ.က (၂) ကျောင်းဝင်း ထဲ သို့ပြောင်းရွေ့ဖွင့်လှစ်ခဲ့ သည်။ (ပိတ်ထားသော ကျောင်းတံခါး သော့ကိုမိုးသီးက ရိုက်ဖွင့်ခဲ့သည်)
ကျွန်တော့်က စည်းရုံရေးကော်မတီ ဥက္ကဋ္ဌဖြစ်သဖြင့် ဗ.က.သ ဌာနချုပ်၌ အချိန်ပြည့် တာဝန် ယူရုံးထိုင် သည်။မင်းကို နိုင်၊ မိုးသီးဇွန်၊ ကိုကိုကြီးတို့ကတော့ ထွက်လိုက်ဝင်လိုက်သာလုပ်သည်။ အချိန် ပြည့်မရှိကြ။ မင်းဇေယျ၊ ဌေးကြွယ်၊ အောင်သူ၊ ဇော်မျိုးအောင်တို့က ရန်ကုန် တက္ကသိုလ်မန္တလေးဆောင်၌ မြန်မာနိုင်ငံ လုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ် မ.က.သ ဌာနချုပ် ဖွင့်လှစ်ထားသည်။
ကျွန်တော်တို့ ဗ.က.သ အဖွဲ့ချုပ် အဖွဲ့ဝင်ကျောင်းသားသမဂ္ဂကတ်ပြားများ ထုတ်ပေးရန် အချိန်ကျရောက် လာ သည်။ ကျွန်တော့်တာဝန်ကျလာသဖြင့် ကျွန်တော် တို့မှာ ပိုက်ဆံငွေကြေးသိပ်များများမတတ် နိုင်။ ထို့ကြောင့် လျော့လျော့ပေါ့ပေါ့ဖြင့် လုပ်ပေးမည့် “၀င်းမောက်”ရောင်စုံပုံနှိပ် တိုက်နှင့် အောင်သွယ်ရသည်။ ကတ်ပြား သောင်းဂဏန်းချီကာရိုက်နှိပ်ခိုင်းလိုက် သည်။ အရေးတော်ပုံစိတ်ဓာတ်ဖြင့် ၀င်း မောက်က ကူညီ ပါသည်။ ကျသင့်ငွေ ၈၀၀၀ ကျပ် ကတ်ပြာ၏ ခွပ်ဒေါင်းခွပ်နေသည် ပုံကို ဇော်အောင် (၃၉ လမ်းအလယ် လမ်း) ယခုကွယ်လွန်၏ ဦးလေးတော်သူပန်းချီ မောင်မောင်သိုက် (ယခုကွယ်လွန်) မှ ဒီဇိုင်းအခမဲ့ ဆွဲပေးပါ သည်။
ဝင်းမောက် ရောင်စုံတိုက်မှ လှပစွာပုံနှိပ်ပေးသည်။ထွက် လာသည့်နေ့က ၀မ်းသာမဆုံး။ တကယ် ထွက် လာတော့ “မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်”ဟူ၍ မှားယွင်း ပုံနှိပ်မိသည်။ ပုံနှိပ်တိုက် ၏အပြစ်လား လက်ရေးအကြမ်းရေးသော ကျွန်တော့် ကြောင့်လားမသိ။ အားလုံးသဲထဲရေသွန် ဖြစ်ကုန် သည်။ ထို့ကြောင့် မြန်မာအစား “ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ်”ဟူ၍ ပြန်အသစ် ထပ်ရိုက် ရ ပြန်သည်။ ကတ်ပြားပေါ်တွင် ဗ.က.သ အထွေထွေအတွင်းရေးမှူး မိုးသီးဇွန်လက် မှတ်ထိုး၍ ထုတ်ပေး ရပါသည်။ မိုးသီးဇွန် လက်မှတ်မထိုးနိုင်တော့သဖြင့် တံဆိပ်တုံး ထု၍ ကျွန်တော် တို့ရုံးချုပ်မှထုပေးရသည်။ သောင်းဂဏန်းသိန်းဂဏန်းထုတ်ပေးခဲ့ရ သည်။ အားလုံးသတိမေ့ သွားခဲ့ရ သည့်ဖြစ် ရပ်တစ်ခုဖြစ်ခဲ့ရသည်။ ဥက္ကဋ္ဌမင်းကိုနိုင် ဒုတိယဥက္ကဋ္ဌကိုကိုကြီး၊အထွေထွေအတွင်း ရေးမှူးမိုး သီးဇွန်မှ အစ ကျွန်တော်တို့ C.E.C အားလုံး၊ အောင်နိုင်တွဲဖက် အထွေထွေအတွင်းရေးမှူး (ယခု V.O.A ဌာနမှူး သန်းလွင်ထွန်း)၊ ၀င်းမိုး (ယခု USA)၊ သက်ထွန်း (ယခု USA)၊ မိုးဟိန်း (ကျွန်တော်) ကျော်တင်၊ မြတ်စိုး၊ မောင်မောင်အေး၊ ဇော်ဇော်အောင် (ယခု UK) အားလုံးကတ်ပြားမလုပ်မိလိုက် ကြပါ။ ကျွန်တော်တို့ အားလုံးမှာ ဗ.က.သ အဖွဲ့ချုပ်အဖွဲ့ဝင်ကတ်ပြားမလုပ်လိုက်ကြ ပါ။
ကျွန်တော် ဗ.က.သ အဖွဲ့ချုပ် ဌာနချုပ် လသာ အ.ထ.က (၂) ၌ ရုံးထိုင်နေစဉ်ကာလ ၁၉၈၈ စက်တင်ဘာ လတွင်ဝန်ကြီး ချုပ်ဟောင်းဦးနုက မ.ဆ.လ အစိုးရကို အံတုသည့်အနေဖြင့် အစိုးရ တစ်ရပ်ကိုကြေညာ ပါသည်။ “ဦးနု၏ စစ်ပြိုင်အစိုးရ”ဟု လူသိများပါသည်။
၎င်းအစိုးရကြေညာသည့် အခမ်း အနား၌ ကျွန်တော်မှတ်မိသ၍ ယခု လက်ရှိ NLD ဥက္ကဋ္ဌဦးတင်ဦးပါဝင်ပါ သည်။ မင်းကိုနိုင် တက်ရောက်ပါသည်။ အောင်ဒင် (ယခု US Compaign For Bumar USCB ဒါရိုက်တာ) ရှိနေပါသည်။ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးမှာ ——တွင် ဦးနုစစ်ပြိုင်အစိုးရ အဖွဲ့ဝင် Cabinet တွင်ပါဝင်ခဲ့ ပါသည်။ (နောက်မှ နုတ် ထွက်သွားပြီး ဦးအောင်ကြီး၊ ဒေါ်အောင် ဆန်းစုကြည်တို့နှင့် ပူးပေါင်းကာ အောင်-စု-တင် NLD အဖွဲ့ချုပ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
၎င်းအခမ်းအနား၌ ကျွန်တော်တို့ ဗ.က.သ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ မင်းကိုနိုင် က မတ်တတ်ရပ်၍ ထောက်ခံ ခဲ့ပါသည်။ ၎င်းကိစ္စကို ဗ.က.သ အဖွဲ့ချုပ်မှ CEC တချို့က မကျေနပ်ကြပါ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း အဲဒီအ ချိန် ၂၃ နှစ်သာ ရှိသေးသဖြင့် နိုင်ငံရေးရင့်ကျက်မူအား နည်းခဲ့ကြပါသည်။ ဗ.က.သ အဖွဲ့ချုပ် အနေဖြင့် ၀န်ကြီးချုပ်ဟောင်းဦးနု၏ စစ်ပြိုင်အစိုးရကြေညာခဲ့သည်ကို အပြည့် အ၀ထောက်ခံအားပေးမှု လွန်စွာ အား နည်းခဲ့ပါသည်။
၎င်းမှာ အကြောင်း ၂ ရပါရှိပါသည်။ (၁) မှာ ဥက္ကဋ္ဌမင်းကိုနိုင် ၂၃ နှစ်၊ ဒုဥက္ကဋ္ဌ ကိုကိုကြီး ၂၅ နှစ်၊ အထွေထွေ အတွင်ရေး မှူးမိုးသီးဇွန် ၂၄ နှစ်၊ ကျွန်တော် (၂၃) နှစ်လောက်သာရှိကြပြီး နိုင်ငံရေးအတွေ့ အကြုံလက်တွေ့ မရှိခဲ့ကြပါ။ နောက်ထပ် အကြောင်း (၂) မှာ ဗ.က.သ အဖွဲ့ချုပ် ၏ နောက်ကွယ်မှ ၀င်ရောက်ပူး ၀င်လာသော ၀င်ရောက်စွက်ဖက်ကူညီလာသော၊ အင်အားစုများတွင် မြေပေါ်ကွန်မြူနစ် များ၊ ဗ.က.သ အနွယ်များ၊ လက်ဝဲ သမားများ၊ ၆၂ ခုနှစ် တ.က.သ ခေါင်း ဆောင်းအများစု (လက်ဝဲသမားများ၊ ကွန်မြူနစ်လိုလားသူများ) ဖြစ်နေကြ၍ ဖြစ်ပါလာမည်။ ထိုအချိန်က ဗ.က.သ အဖွဲ့ချုပ်၏ နိုင်ငံရေးအယူအဆမူဝါဒ တိမ်းညွှတ်မူကို အဓိကထိန်းကျောင်းသူ မှာ ကိုကိုကြီးနှင့် မိုးသီးဇွန်တို့ အဓိက ဖြစ်သည်။ မင်းကိုနိုင်မှာ အခမ်းအနားများ၊ လူထု စည်းဝေးပွဲများတွင် အခါက Speaker မိန့်ခွန်းပြော သည်က များပါ သည်။ ကျွန်တော်မှာကား လသာ အ.ထ.က (၂) ၌ ဖွင့်လှစ်ထားသော ဗ.က.သ ဌာန ချုပ်ခေါင်းဆောင် သဖွယ် တာဝန်ထမ်းဆောင်နေရသည်။
ပြည်သူ လူထုလာရောက်တိုက်ကြားသော အမှု အခင်းများ၊ မြစ်ဝကျွန်ပေါ်မှ လာရောက် ကူညီသော ဆန်အိတ်များ၊ ဗ.က.သ အဖွဲ့ချုပ်ကတ်ပြား ထုတ်ဝေခြင်းများ၊ တပ်မတော်မှ လူထုနှင့်လာရောက်ပူးပေါင်း သော ကြည်း၊ ရေ၊ လေ စစ်သည်များ အရာရှိများကိစ္စများဖြင့်သာ အလုပ်ရှုပ် နေခဲ့ရသဖြင့် သပိတ်ဌာနချုပ် ခေါင်း ဆောင်သဖွယ်သာလုပ်နေခဲ့ရပါသည်။ ဗ.က.သ အဖွဲ့ချုပ် CEC များ၌ ဌာနချုပ်သို့သိပ်မလာ၊ စင်ပေါ်လည်း တက်စကားမပြော လူထုရှေ့လည်းသိပ် မထွက်ဘဲ။ နောက်ကွယ်က အလုပ်အ လွန်လုပ်သော ခြေလှမ်းအလွန်သွက်သော နှစ်ဦးရှိပါသည်။ ၎င်းမှာ ၀င်းမိုး (ယခု အင်ဒီယားနား USA ၁၉၈၈ ခုနှစ်အထိ မြန်မာနိုင်ငံစစ်တုရင်တံခွန်စိုက်ချန်ပီယံ) နှင့် အောင်နိုင် (သန်းလွင်ထွန်းတက္ကသိုလ် ကျောင်းသား) ယခု V.O.A ဌာနမှူး ၀ါရှင် တန်ဒီစီ USA) တို့နှစ်ဦးဖြစ်သည်။ ၎င်း တို့နှစ်ဦးမှာ စက်တင်ဘာ (၁၈) ရက် န.၀.တ က အာဏာသိမ်းသည်အချိန် ကာလ တိုင်း-မြန်မာနယ်စပ်အနီးသို့ရောက် ရှိသွားနိုင်ခဲ့သည်အထိ သတင်းစုဆောင်း မူကြိုတင်ပြင်ဆင်နိုင်မှုအတွက် အချက် ကောင်းလှပါသည်။ ဗ.က.သ ဌာနချုပ် ၌ ကျွန်တော်တာဝန်ယူသော အချိန် တစ်နေ့တွင် ဗ.က.သ ဌာနချုပ်ဂိတ် ပေါက်သို့ မြန်မာ့တပ်မတော်တပ်မ ၂၂ ယူနီဖောင်းဝတ်ထားသော ဗိုလ်ကြီးတစ် ဦးကျွန်တော်တို့ထံ ပူးပေါင်းလာ ပါသည်။
 ကျွန်တော်သွားရောက်ကြိုဆိုနှုတ်ဆက် ရာ ဗိုလ်ကြီးစိုင်းဝင်းကျော်ဖြစ်နေသည်။ ကျွန်တော် ဆယ် တန်းအောင် သည့်နှစ် က မေမြို့စစ်တက္ကသိုလ်အပတ်စဉ် (၂၇) သို့ဗိုလ်သောင်းအဖြစ် စစ်တက္ကသိုလ် တွင် တစ်နှစ်ခန့် ပညာသင်ခဲ့ဖူးသူဖြစ်ရာ ကျွန်တော်အထက်စီနီယာပေါ်ခဲ့ဖူးသော အပတ်စဉ်(၂၄)မှ ကိုစိုင်းဝင်းကျော်ဖြစ် နေသဖြင့် များစွာစိတ်လှုပ်ရှားခဲ့ရပါသည်။ ကျွန်တော်မှာ နိုင်ငံခြားနှင့် ပြည်တွင်း သတင်းဌာ နများကို နာရီပိုင်းအတွင်း ဗ.က.သ ဌာနချုပ်အတွင်းသို့ ဖိတ်ခေါ် ပြီး သတင်းစာရှင်း လင်းပွဲတစ်ရပ် ပြုလုပ် စီစဉ်ပေးခဲ့ပါသည်။ (၁၉၈၈ န.၀.တ အာဏာသိမ်း၍ ကိုစိုင်းဝင်းကျော်မှာ တိမ်းရှောင်နေ ရပြီး တစ်နေ့သူဇနီး ရှိရာ သုဝဏ္ဏရှိအိမ်သို့ဇနီးအားနှုတ်ဆက် ရန် အသွား အဖမ်းခံခဲ့ရပြီး သေဒဏ်ပေး ခံခဲ့ရပါသည်။ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ် ကြီးစောမောင်မှာ စိတ်သဘောထား ကောင်းမွန်သူ တစ်ဦးဖြစ်နေသဖြင့် ၎င်းင်း သေဒဏ်အား ဆိုင်းငံ့ထားရန်နောက်ထပ် အမိန့်ပါသဖြင့် ချက်ချင်းသေ ဒဏ်ပေးမခံ ခဲ့ရဘဲ၊ လွတ်ငြိမ်းချမ်းသားခွင့်ကြေညာ သည့်အခါထောင်မှ လွတ်မြောက်လာခဲ့ ပါသည်။
 ကျွန်တော်နှင့် ကိုစိုင်းဝင်းကျော် မှာ အင်းစိန်ထောင်ထဲတွင် တစ်ကြိမ်ပြန် ဆုံခဲ့ကြပြီး၊ မဲဆောက်မြို့ ထိုင်း-မြန်မာ နယ်စပ်တွင် အတူပြန်ဆုံခဲ့ကြပါသည်။ နောက်တော့ဗိုလ်ကြီးစိုင်းဝင်းကျော်မှာ USA ရောက်သွားပြီး ဖို့စိန်းမြို့ အင်ဒီယား နားပြည်နယ်၌ နေထိုင်နေကြောင်း သိရပါသည်။ ကျွန်တော့်ကနယူးယောက် တွင်နေ၍ မတွေ့ဖြစ်သေးပါ။ နယူး ယောက်နှင့် ဖို့စိန်းမှာ မိုင် ၁၅၀၀ ခန့်ဝေး ပါသည်။ ရှစ်လေးလုံး အရေးတော်ပုံ ကာလအတွင်း ဗ.က.သ အဖွဲ့ချုပ် ခေါင်းဆောင်များ CEC များတွင် အတွဲ များသောသူများ သူ့အတွဲနှင့် သူရှိကြ သည်။ အစည်းအဝေးမှလွဲ၍ CEC အားလုံး နေ့တိုင်းမဆုံတွေ့နိုင်ပါ။ ဥက္ကဋ္ဌ မင်းကိုနိုင်မှာ ၀ိဇ်္ဇာဇော်ဂျီလိုလို ပေါ် လိုက်ပျောက်လိုက် လျှို့ဝှက်စွာ နေထိုင် တတ်ပါသည်။ မင်းကိုနိုင် အနားတွင် ဘိုဘို၊ ဘိုကြည်၊ စံပယ် (အလွန်ချော မောလှပသောမိန်းကလေးတစ်ဦးဖြစ်ပါ သည်)တို့ အတွေ့များ ပါသည်။ ကိုကိုကြီး မှာ ဇော်ဇော်အောင် (ယခု လန်ဒန် UK) နှင့်အတွဲများသည် မိုးသီး ဇွန်မှာကျွန်တော်၊ သက်ထွန်း၊ ရဲနိုင်အောင်တို့နှင့် အတွဲများ သည်။
ကျွန်တော်၏စည်းရုံရေးကော်မတီ အဖွဲ့ဝင်များမှာ ဇော်အောင် (လူ့ဘောင် သစ်ပါတီ) မလေးရှားတွင် သင်္ဘောပေါ် မှ ပြုတ်ကျ၍ ကွယ်လွန်) ဇေယျ (၃၈ လမ်းကျောက်တံတား) ယခု လူ့ဘောင် သစ်ဒီမို ကရက်တစ် ပါတီစုစည်းရေးခေါင်း ဆောင်) ကျောက်တံတားမြို့နယ်နှင့် ၀င်းမြင့်နိုင်၊ ၂၆ လမ်း ပန်းဘဲ တန်းမြို့နယ် မှ ရဲဘော်များကို အခြေခံ၍ ဖွဲ့စည်းထား ခြင်းဖြစ်သည်။
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့သည် သမိုင်းဝင်သည့်နေတစ်နေ့ ဖြစ်သည်။ (န.၀.တမှ အာဏာသိမ်း ရန် ၅ ရက်အလိုဖြစ်သည်) နေရာကား ရန်ကုန်လမ်းမတော်ဆေးတက္ကသိုလ်ရှိ ခန်းမအတွင်း တွင်ဖြစ်ပါသည်။
ခန်းမထိပ်တွင် ဒီမိုကရေစီလှုပ်ရှား ခေါင်းဆောင်ကြီး ၅ ဦးထိုင်နေကြပါသည်။ ဘယ်ဘက်ထိပ်တွင် ၀န်ကြီးချုပ်ဟောင်း ဦးနု၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်စုကြည်၊ ရဲဘော်သုံးကျိပ်ဗိုလ်ရန်နိုင်နှင့် ဗိုလ်မှူးချုပ် ဟောင်းအောင်ကြီးတို့ အသီးသီးထိုင်နေ ကြပါသည်။ ခန်းမထဲတွင် ရန်ကုန်တက္က သိုလ်၊ ရန်ကုန်စက်မှု တက္ကသိုလ်၊ စီးပွားရေး တက္ကသိုလ်၊ ရန်ကုန်ဆေးတက္ကသိုလ်တို့မှ ကျောင်းသားခေါင်းဆောင် များ၊ဗ.က.သ၊ မ.က.သ၊ ရ.က.သ ကျောင်းသားသမဂ္ဂ များမှ ကျောင်းသားခေါင်းဆောင်များ အားလုံး (၁၁၄) ဦးရှိနေပါ သည်။ အခမ်း အနားမှူးမှာ ဆေးတက္ကသိုလ်မှ ပေါ်ထင် ဖြစ်ပါသည်။ မိုးသီးဇွန်အရင်စကားပြောပါ သည်။ ကျောင်းသား ၁၁၄ ဦးကိုယ်စား၊ ၂၄ နာရီအတွင်း ယခုခေါင်းဆောင်ကြီး ၅ ဦးက ကြားဖြတ် အစိုး ရကြေညာပေး ပါ ရန် အဆိုကို ကျွန်တော်ကတင်သွင်းပါ သည်။ ဗ.က.သ မှ ယုယုမော်က ထောက်ခံ ဆွေးနွေး ပါသည်။
ဦးနုက ကျွန်တော့်ကို ခေါ်ယူ၍ သူ့ဘေးတွင် ထိုင်ခိုင်းပါသည်။ “မောင်ရင် ဒီမိုကရေစီ ကိုယုံသလားဟုမေး ပါသည်။ ကျွန်တော်က ခေါင်းညိတ်ရာ ဒါဆို အတင်းအကျပ်တော့ မလုပ်နဲ့လေကွာ တဲ့။ အဘတို့ကို အချိန်ပေး ပါဦးတဲ့။ အဓမ္မ အတင်းမလုပ်ပါနှင့်တဲ့။ ဦးနုပြောသွား သည်။ စကားထဲတွင် အဘကို ယခု ကျောင်းသား ငယ်များ၏ သိကြသေးရဲ့ လားတဲ့၊ ကျွန်တော်က ကောင်းကောင်း သိပါတယ်အဘရာဟု ပြောရာ သူဝမ်း သာကြောင်း ပြောသည်။ သူ့အထင် သမိုင်းကိုဖုံးထားသဖြင့် သူ့ကိုသိကြတော့ မည်မ ထင်ကြောင်း ပြောပါသည်။ နောက် တော့ ခေါင်းဆောင်ငါးဦးလုံးက ယခု ချက်ချင်းကြားဖြတ် အစိုးရကြေ ညာ ရန် သဘောမတူကြပါ။ 
စဉ်းစားဖို့အချိန်ပေး ရန် တောင်းဆိုကြပါသည်။ ကျွန်တော်တို့ ကျောင်းသား ၁၁၄ ဦးလည်း တော်တော် ကိုစိတ်ပျက်သွားကြသည်။ နောက်ဆုံး ဒီခေါင်းဆောင်းငါးဦးကို အိမ်ပြန်မလွှတ် တော့ဘဲ ဆေးတက္ကသိုလ်ထဲတွင်ပင် တံခါးပိတ်ထားပြီး အမြန်ဆုံးကြားဖြတ် အစိုးရကြေညာရန် ဖိအားပေးရန်အထိ စဉ်းစားမိကြပါသည်။ (N.H.K ဂျပန် သတင်းဌာနနှင့်နိုင်ငံခြားသတင်းထောက် များစွာကလည်း အစိုးရကြေ ညာမည့် သတင်းရသဖြင့် အဆင့်အမြင့်ဆုံးကမ်္ဘာသို့ သတင်းပို့နိုင်ရန် အဆင်သင့်ပြင်ထား ကြသည်။ အထူး သဖြင့် ၎င်းင်းအချိန်က lndia နိုင်ငံ၏၀န်ကြီးချုပ်မှာ ရာဂျစ်ဂန်္ဒီ ဖြစ်ရာ ၎င်းနေ့က အစိုးရကြေညာလျှင် ငညိငအေစိုးရ ချက်ချင်း အသိအမှတ်ပြုရန် ပင် ပြင်ဆင်ထားကြောင်း သတင်းများ ထွက်ပေါ်နေခဲ့သည်။)
နောက်ဆုံးညနေစောင်းလာသည် အပုပ်ချိန်ရောက်လာသည်။ ညီအစ်ကို မသိတသိ အချိန်ရောက် လာသည်ခေါင်း ဆောင် ၅ ဦးမညီညွတ်ကြ၍ သမိုင်းဝင် မည့်ကြားဖြတ်အစိုးရမကြေညာနိုင်ခဲ့ဘဲ။ ကျွန်တော်တို့ ရှုံးနိမ့်စွာလမ်းခွဲခဲ့ကြရပါသည်။ န.၀.တ အာဏာသိမ်းရန် ၅ ရက်အလို့ တွင် မြန်မာသမိုင်းတွင် ဒီမိုကရေ စီ အရေးတော်ပုံကြီးရဲ့ လူထုအစိုးရ တစ်ရပ်ဖွဲ့စည်း၍ အမြန်ဆုံးအောင်ပွဲခံ နိုင်မည့်အခွင့် အလမ်းကောင်း တစ်ရပ်ကို ဗ.က.သ၊ မ.က.သ ခေါင်းဆောင်များ ကျောင်းသားခေါင်းဆောင် ၁၁၄ ဦး၏ သမိုင်း တာဝန်ကျေ ပွန်စွာ ထမ်းဆောင် နိုင်ခဲ့မှုအပေါ် ခေါင်းဆောင် ၅ ဦး၏ သတ်္တိနည်းမှု၊ တွေဝေငေးမော မှု၊ မပြတ် သားမှု၊ မညီညွတ်မှု၊ မဟာဆုံးဖြတ် ချက် အမှားကြီးကြောင့် လူထုတစ်ရပ်လုံး၏ ဆန္ဒမှာ အကောင် အထည် မဖော်နိုင်ခဲ့ သည်နှင့် ၁၉၈၈ မှ ရေတွက်လျှင် နှစ်ပေါင်း ၂၀ ကျော်ထပ်မံဝေးကွာ ခဲ့ရပါသည်။
၎င်းခေါင်းဆောင် ၅ ဦးမှာလည်း ယခုအခါ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦး နှစ်ဦးသာ အသက်ရှင် ကျန်ရစ် ခဲ့ပါသည်။ (သမ္မတဦးသိန်းစိန်ဦးဆောင်သောအစိုးရ သာ ၂၀၁၁ ခုနှစ်တွင် မပေါ်ပေါက်လာ ခဲ့ပါကာ ယခု ကျွန်တော်ရေးသားနေသော ဆောင်းပါးကိုပင် မြန်မာပြည်သူတို့ယနေ့ ဖတ်နိုင်ဦး မည်မဟုတ် ပါ။)
0 comments:
Post a Comment
Tags
Labels
နောက်ဆုံးရ သတင်းများ
Blog Archive
Blog Archive
ဆက်သွယ်ပေးပို့ရန်
drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်
ရှာဖွေရန်