၈၈မျိုးဆက်ကျောင်းသားတွေ၊ ABSDF အင်အားစုတွေ၊ လူ့ဘောင်သစ် အင်အားစုတွေ အပါအဝင် ၈၈ အရေးတော်ပုံကာလမှာ ပါဝင်လှုပ်ရှား ခဲ့တဲ့ ၈လေးလုံးအင်အားစုတွေစုစည်းပြီး ၂ဝ၁၃ ခုနစ် ဇွန်လ နောက်ဆုံး ထားကာ ညီလာခံတရပ်ကျင်းပ သွားမယ်လို့ တာဝန်ရှိသူတွေက ဒီကနေ့ ပြောကြား လိုက်ပါ တယ်။
၈ လေးလုံးအင်အားစုတွေဟာ မနေ့ မနက်ပိုင်းက သင်္ကန်းကျွန်းမြို့နယ် မှာရှိတဲ့ ၈၈မျိုး ဆက်ကျောင်း သား အဖွဲ့ ရုံးခန်းမှာ တွေ့ဆုံခဲ့ကြပြီးနောက်မှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်း က မီဒီယာသမားတွေကို အဲဒီလို ညီလာခံကျင်းပမယ့်အကြောင်း ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။
ဒီညီလာခံကို ၈၈မျိုးဆက်ကျောင်းသားတွေနဲ့ ABSDF အင်အားစုတွေ ပူပေါင်းပြီး ၂ဝ၁၃ ခုနစ် အတွင်းကျင်းပမယ့် တိုင်းရင်းသားတွေအပါအဝင် ဒီမိုကရေစီအင်အားစုပေါင်းစုံ ညီလာခံကြီးရဲ့အကြိုအဖြစ် ကျင်းပမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
၈၈ အင်အားစုတွေ ပူးပေါင်းကျင်းပမဲ့ ဒီညီလာခံတွေဟာ အစိုးရက အကောင်ထည်ဖော်နေတဲ့ ပြည်တွင်းငြိမ်း ချမ်းရေး လုပ်ငန်းစဉ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေအတွက် အနုတ် လက္ခ ဏာဆောင်စေမှာ မဟုတ်ဘူးလို့လည်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြား ခဲ့ပါတယ်။
Time in Rangoon


0 comments:
Post a Comment