Saturday, December 22, 2012

ပြည်တွင်းရှိ ၀ိပဿနာ တရားတော်များအား စိတ်ပညာကုထုံးတစ်ခုအနေဖြင့် နိုင်ငံတကာမှ စိတ်ပါ ၀င်စားမှု များ ရှိလာ

Posted by drmyochit Saturday, December 22, 2012, under | No comments

နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသော ဆရာတော်များအား ဖွင့်ပွဲနေ့တွင် တွေ့ရစဉ်

ပြည်တွင်းရှိ ၀ိပဿနာတရားတော် ရှုမှတ်နည်းများအား စိတ်ပညာကုထုံးတစ်ရပ် အနေဖြင့် နိုင်ငံတကာမှ စိတ်ပါ ၀င်စားမှုများ ရှိလာကြောင်း ပါမောက္ခ ဆရာတော် ဒေါက်တာဓမ္မသာမိ D.Phil (Oxford) ဆရာတော် မှ မိန့်ကြားခဲ့သည်။

အဆိုပါ အကြောင်းအရာနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်တွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော ဗုဒ္ဓဘာသာကျင့်စဉ်များနှင့် ဗုဒ္ဓဘာသာ စိတ်ပညာ နိုင်ငံတကာ နှီးနှောဖလှယ်ပွဲတွင် မိန့်ကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတကာမှာ စိတ်ပညာဘာသာကို စိတ်ခံစားမှုတွေကို ထိန်းချုပ်တဲ့နေရာမှာ၊ စိတ်ကျရောဂါတွေကို ကုသ တဲ့နေ ရာမှာ ကုသထုံးတစ်ခုအနေနဲ့ အသုံးပြုကြတယ်။ ဒီလိုပဲ ဦးဇင်းတို့ရဲ့ ပြည်တွင်းမှာရှိတဲ့ ၀ိပဿ နာ ကျင့်စဉ်မူအမျိုးမျိုးကိုလည်း နိုင်ငံတကာက စိတ်ပညာကုထုံးတစ်ရပ်အနေနဲ့ စိတ်ပါဝင်စားပြီး လေ့လာ မှုတွေ ရှိလာကြတယ်” ဟု ဆရာတော်မှ မိန့်ကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ ၀ိပဿနာ ရှုမှတ်နည်းတွေ အများကြီးရှိတယ်။ မိုးကုတ်၊ မဟာစည်၊ ကသစ်ဝိုင် စသည်ဖြင့်ပေါ့။ မြတ်စွာဘုရားဟောခဲ့တဲ့ ၀ိပဿနာတရားတော်မှာ ပါခဲ့တဲ့အတိုင်း ဧဟိပဿိ ကော လာရောက် ၍ စမ်းသပ်ပါ၊ လေ့လာပါ။ မျက်စိမှိတ်ပြီး ယုံကြည်တာကို မလိုလားပါဘူး။ ဗုဒ္ဓတရားတော် များကို ကိုယ်တွေ့စမ်းသပ်ကြည့်ပါလို့ ပြောချင်တယ်။ ဒီကနေ့ မြန်မာနိုင်ငံက ၀ိပဿနာတရားတော်တွေကို နိုင်ငံ တကာက လေ့လာနိုင်အောင်၊ သိရှိနိုင်အောင် စာတမ်းဖတ်၊ နှီးနှောဆွေးနွေးရခြင်း ဖြစ်ပါတယ်” ဟု ဗုဒ္ဓဘာသာ ကျင့်စဉ်များနှင့် ဗုဒ္ဓဘာသာစိတ်ပညာ နိုင်ငံတကာ နှီးနှောဖလှယ်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ် ချက်ကို မိန့်ကြားခဲ့သည်။

ဗုဒ္ဓဘာသာကျင့်စဉ်များနှင့် ဗုဒ္ဓဘာသာစိတ်ပညာ နိုင်ငံတကာ နှီးနှောဖလှယ်ပွဲ ကျင်းပခြင်းသည် နိုင်ငံတ ကာတွင် ပထမဦးဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး အစည်းအဝေးသို့ သြစတြေးလျ၊ စင်ကာပူ၊ နယူးဇီလန်၊ အင်္ဂလန်နှင့် ထိုင်းနိုင်ငံများမှ ဆရာတော်သံဃာတော်များနှင့် လူပုဂ္ဂိုလ် စိတ်ပညာရှင်များ၊ လက်ရှိ အပြည်ပြည် ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်တွင် ပညာသင်ကြားနေသော နိုင်ငံတကာမှ စာသင် သားများမှ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အစည်းအဝေးတွင် ပြည်တွင်းနှင့် နိုင်ငံတကာမှ ဗုဒ္ဓဘာသာ စိတ်ပညာနှင့် ကျင့်စဉ်များဆိုင်ရာ စာတမ်းပေါင်း ၂၂ စောင်အား ဖတ်ကြားဆွေးနွေးခြင်းများ ပြုလုပ်ကြ မည်ဖြစ်သည်။

ဝိပဿနာ ကျင့်စဉ်တရားတော်များနှင့် ပတ်သက်၍ “ဗုဒ္ဓဘုရားဟောကြားခဲ့တဲ့ တရားတော်တွေဟာ ဗုဒ္ဓဘာ သာဝင် တစ်ယောက်အတွက်ပဲ မှန်ကန်မှုရှိတဲ့ တရားတော်တွေ မဟုတ်ပါဘူး။ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက် အတွက် ရည်ရွယ်ချက်နဲ့ ပွင့်တော်မူလာတာ မဟုတ်ဘူး။ ဘုရားရှင် ပွင့်တော်မူလာရခြင်းဟာ လောက မှာရှိတဲ့ ဒုက္ခအရပ်ရပ်၊ အခြေအနေအရပ်ရပ်တို့ကို ဖြေရှင်းပေးနိုင်ဖို့၊ လွတ်မြောက်စေနိုင်ဖို့ ရည်ရွယ် ခဲ့တယ်။ ဟောဖော်ညွှန်ပြခဲ့တယ်။ ဒီတရားတော်တွေကို လူမျိုးမရွေး၊ ဘာသာမရွေး ကျင့်သုံးစေ ချင်တယ်။ ဒီတရားတွေကို စတင်ကျင့်သုံးမယ်ဆိုရင် သဒ္ဒါတရား ယုံကြည်မှုအပေါ်မှာ အခြေခံပြီး စတင်ကျင့် သုံးရပါမယ်” ဟု ဦးသောပါက (M.A အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်) မှ မိန့်ကြား ခဲ့သည်။

Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်