Saturday, December 22, 2012

၆၅ နှစ်ပြည့် မြန်မာ့လွတ်လပ်ရေးအကြို ဂုဏ်ပြုဆောင်းပါး စားဖားတွေ ညီညွတ်တာ မလိုချင်ပါဘူး (ဗိုလ်ချုပ်အောင်ဆန်း ၏ (၁၃.၇.၁၉၄၇) နေ့ နောက်ဆုံးမိန့်ခွန်း)

Posted by drmyochit Saturday, December 22, 2012, under | No comments

သမိုင်းသုတေသီ- “မြန်မာနိုင်ငံမှာ ခရစ် ၁၉၄၅ ခုနှစ်က ဖက်ဆစ်တော်လှန်ရေးကြီး၊ ဆင်နွှဲအောင်မြင်ခဲ့တဲ့၊ ဗိုလ်ချုပ်အောင်ဆန်း က ဖက်ဆစ်ဝါဒကို ဘယ်လိုဖွင့်ဆိုပြော ပြခဲ့ဖူးသလဲဗျာ။ တက္ကသိုလ်စိန်တင်သိပါ သလား”

တက္ကသိုလ်စိန်တင်- “အဲဒီ ဖက်ဆစ်တော် လှန်ရေးကြီးဆင်းနွှဲအောင်မြင်ပြီးခဲ့တဲ့ ခရစ် ၁၉၄၅ ခုနှစ် နိုဝင် ဘာလ (၁၈) ရက် နေ့ ရွှေတိဂုံစေတီအလယ်ပစ္စယံ၊ လူထု အစည်းအဝေးကြီးမှာ ဖဆ ပလအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဆစ် ၀ါဒကို ဒီလိုအဓိပ္ပာယ်ဖွင့်ဆိုခဲ့ဖူးတယ်”။

ဖက်ဆစ်ဝါဒဆိုတာသိကြရဲ့လား၊ ကျုပ်တို့နားလည်သလောက်တော့ဖြင့် ဖက်ဆစ်ဝါဒဆိုတာ အကြမ်း ပတမ်းကို လက်ကိုင်ထားပြီး ကိုယ့်တိုင်းပြည်မှာ တိုင်းသူပြည်သား လူထုအဖွဲ့အစည်းခေါင်း ဆောင်များကို ဖိနှိပ် အခြား လူမျိုးတွေ ကိုလည်း ငါတို့လာက်မမြင့်မြတ်ဘူးဆိုပြီး အခြားလူမျိုးတွေအပေါ်လွှမ်းမိုးဖို့အမြဲလုပ် ပြီး စစ်ကို အမြဲလိုလားနေတဲ့ အဆိုးဝါးဆုံး ဓနုရှင်နယ်ချဲ့ဝါဒလို့၊ ကျုပ်နားလည်တာပဲ၊ နယ်ချဲ့ဝါဒနဲ့ ဖက်ဆစ် ၀ါဒ၊ ခြားနားပုံဟာ နယ်ချဲ့ဝါဒကတော့ မိမိတိုင်းပြည်တွင်းမှာ ဒီမိုကရေစီစနစ်လုပ်တန်သလောက်လုပ်ပြီး မိမိ ကျွန်နိုင်ငံတွေ မှာတော့ ဖက်ဆစ်ဆံ သလောက်ဆံတယ်။

ဖက်ဆစ်ဝါ ဒကတော့ ကိုယ့်တိုင်းပြည် မှာရော၊ သူများတိုင်းပြည်မှာရော၊ ဘယ် နေရာမှာမဆို၊ ဖက်ဆစ် နည်းကိုသုံးတယ်။

သမိုင်းသုတေသီ- “ဗိုလ်ချုပ်အောင်ဆန်း က လူထုတရားပွဲတွေမျာ စကားပြောရင် သုံးနှုန်းတဲ့ စကားလုံးတွေ ဟာ အမြဲတမ်း ထိထိရောက်ရောက်သုံးနှုန်းလေ့ရှိတယ်။ တက်္ကသိုလ်စိန်တင် ဖတ်မိသေး လား။ ဗိုလ်ချပ်အောင်ဆန်းလုပ်ကြံခံရပြီး မကျ ဆုံးမီ၊ (၅) ရက်အလို ၁၃.၇.၁၉၄၇ နေ့ က ရန်ကုန်မြို့ မြို့တော်ခန်း မရှေ့မှာ ပြည်သူလူထုကြီးကို မိန့်ကြားခဲ့တဲ့ မိန့်ခွန်း ဟာ တော်တော်ပဲကြမ်းကြမ်းတမ်းတမ်း စကားလုံးတွေသုံးပြီး ပြောသွားခဲ့တယ်ဆို။

တက္ကသိုလ်စိန်တင်- “မှန်ပါတယ်။ အဲဒီ နေ့ကတော့ ဗိုလ်ချုပ်ဟာ သူ့ပြည်သူ လူထုကို နောက်ဆုံးပြောကြား တဲ့ မိန့်ခွန်း ဆိုတာ မသိရှာသော်လည်း တိုင်းပြည် အတွက် အရေးအလွန်ကြီးတဲ့ မိန့်ခွန်းစကား ကို ယခု လိုပြောကြား သွားခဲ့တယ်”။

ကျွန်တော်တို့တိုင်းပြည်မှာ လွတ်လပ် တဲ့အချို့ ယိုဒယားပြည်လိုဖြစ်ချင်သလား။ တူရကီပြည် လိုမြစ်ချင် သလား။ အိုင်ယာ လန်ပြန်လိုဖြစ်ချင်သလား။ ယူနိုက်တက် စတိတ်အမေရိကန်လိုဖြစ်ချင်သလား။ ဆိုဗီ ယက် ယူနီယံလိုဖြစ်ချင်သလား။ အင်္ဂလိပ်ပြည်လိုဖြစ်ချင်သလား။ ဖြစ်ချင် တာတွေအပေါ်မှာ မှီပြီးတော့ ခင်ဗျား တို့ အလုပ်မလုပ်ဘဲနဲ့တော့ဖြစ်မှာမဟုတ်ဘူးဆို တာ ကျွန်တော်ပြောပြချင်တယ်”

ကျွန်တော်တို့က တကယ်ပဲ သုညက စပြီး အကုန်လုံးပြန်ပြီးတော့ အုတ်မြစ် ချအလုပ်လုပ်ရမှာဆိုတော့ အခြားနိုင်ငံ တွေက ခြေလှမ်းတစ်လှမ်းလှမ်းရင် ကျွန်တော်တို့က ခြေလှမ်းလေး-ငါးဆယ် လှမ်းလှမ်းပြီး လိုက်နိုင်တဲ့ အခါကျမှ နောက်ဆယ်နှစ် အနှစ်နှစ်ဆယ်တန်သည် အားဖြင့် အဲဒီလိုတန်းတူညီတူဖြစ်သွား မယ်။ အဲဒီလို တန်းတူညီတူမဖြစ်သမျှ ကာလပတ်လုံး၊ ဒီတိုင်းပြည်ကြီးဟာ လွတ်လပ်တယ်ဆိုပေမယ့် ဟိုလူ့မြင်တဲ့ အခါ မျက်နှာချိုသွေးရ ဒီလူမြင်တဲ့အခါ မျက်နှာချိုသွေးရနဲ့ “ဖာသယ်” လိုနိုင်ငံ မျိုးဖြစ်နေ မှာပဲ ဆိုတာ ခင်ဗျားတို့အတိ အလင်းလည်ထားစေချင်တယ်”

သမိုင်းသုတေသီ- “ဗိုလ်ချုပ်အောင်ဆန်း ယခုလိုမိန့်ကြားခဲ့တဲ့ မိန့်ခွန်းဟာ ယခုလို နှစ်ပေါင်း (၆၀)၊ (၆၅) နှစ်ဝန်းကျင်ကြာမြင့် ခဲ့ပြီဖြစ်သော်လည်း ယနေ့အထိ ခေတ်မှီ နေသေးတယ်။ ဒီကနေ့ မြန်မာနိုင်ငံတော် ကြီး ထီးထီးမားမားကြုံတွေ့လျှောက်လှမ်း သွားနေရတဲ့ ဘ၀ကို တကယ့်ကို တစ်တစ် ခွခွပြောချလိုက်သလို ထင်မှတ် ရတော့ တယ်။ ဒါနဲ့ ဒီနေ့ ခရိုနီလို့ခေါ်ပြီးအာဏာ ရှင်သူလူလန်းစားတွေနဲ့ လည်ပင်ဖက် စားသောက်နေတဲ့ လူစားမျိုးတွေကိုလည်း ဗိုလ်ချုပ်အောင်ဆန်းက စကားလုံးအသစ် ထွင်ပြီး ကြီးကြီးမား မားသတိပေး ခဲ့သေး တယ်ဆို”

တက္ကသိုလ်စိန်တင်- “မှန်ပါတယ်ဗျာ၊ ဗိုလ်ချုပ်အောင်ဆန်းပြောသွားတာ စကား တစ်လုံးချင်းစဉ်းစားပြီး လေ့လာကြည့် စမ်း ဗျာ၊ ဘယ်လောက်များ ထိထိရောက်ရောက် ပစ်ပေါက်ချလိုက်သလို တွက်တွက်ကွင်း ကွင်းအထင်း သားပေါ်နေသလဲဆိုတာ”

“အဲဒီတော့ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေးတိုင်းရင်းသားလူထု ညီညွတ် ရေး၊ စားဖားသမားတွေ ညီထာ ကျွန်တော် မလိုချင်ပါဘူး။ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းသူပတ်လုံး၊ ဒီတိုင်း ပြည်ုဟာ လွတ်လပ်ပင် လွတ်လပ်ငြားသော် လည်း ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရ လုပ်လုပ်၊ ဖားသတ် တိုင်းပြည်ဖြစ်နေမှာ ပဲလို့ ကျွန်တော်ပြောချင်တယ်” ကျွန်တော် တို့ ဗမာတွေမှာ သောက်ကျင့်တစ်ခုရှိ တယ် ဘာသောက်ကျင့်တစ်ခုရှိသလဲဆို ရင် ဒါတာလည်းပဲ ကျွန်တော်တို့ ကျွန်ဖြစ်ခဲ့ကြရတဲ့အတွက် ဖြစ်ချင်ဖြစ် မယ်။ ဘာလဲဆိုတော့ ကျွန်တော်ဂျပန်ခေတ်က ပုသိမ်ဘက်ကို သွားတဲ့အခါလှေပြိုင်ပွဲ တစ်ခုရှိ တယ်။ လှေပြိုင်တဲ့လုပ်တဲ့အခါမှာ လှေတွေပြိုင်လိုက်တာ နှစ်စင်းပြိုင်တဲ့အခါ မှာ နိုင်တဲ့လှေတစ်စင်းက ပန်းတိုင် မရောက်သေးဘူး။ ရှေ့ကို နည်းနည်း ရောက်တယ်ဆိုရင်ပဲ။ တက်ထောင်တယ်။ ကြွားတယ်။ တစ်ခါ ရှုံးတဲ့ နောက်ကလှေ ကလည်းပဲ။ ပန်းတိုင်မရောက်သေးဘူး။ ကြိုးစားချင်ကြိုးစားနိုင်သေးတယ်။ မကြိုး စားချင်းတော့ဘူး။ ရှုံးတော့မှာပဲကွာဆို ပြီး ခြေပစ်လက်ပစ်နဲ့ သိပ်မခတ်ချင်တော့ ဘူး။ ဒါဖာဘာ လဲဆိုရင် တိုင်းပြည်ထူ ထောင်တဲ့နေရာမှာ လွတ်လပ်တဲ့ လူမျိုး နဲ့ ထိုက်တန်တဲ့စိတ်ဓာတ်မဟုတ်ဘူး။ အဲဒီစိတ်ဓာတ် မျိုးဟာ ကျွန်ဖြစ်တဲ့ စိတ်ဓာတ် ရှိနေသမျှကာလပတ်လုံး၊ ကျုပ်တို့ဗမာ တွေ ကျွန်ဖြစ်နေ မှာပဲ။ လွတ်လပ်ရေးရ ရင်လည်း မြန်မြန်ကျွန်ပြန်ဖြစ်မှာပဲ နောက်ဆုံးတစ်နေ့မရှုံးတဲ့ နိုင်အောင်ကျွန်မ ဖြစ်တဲ့ တိုင်အောင် ခုနကလိုဖာသယ်လွတ် လပ်ရေးဖြစ်နေမှာပဲ”

သမိုင်းသုတေသီ- “ဗိုလ်ချုပ်အောင်ဆန် က သူ့ဘ၀ရဲ့နောက်ဆုံးမိန့်ခွန်းမှာ စေတနာ ထက်သန်စွာ ပုံသြော်ပြီးပြော ခဲ့ တယ်”

တက္ကသိုလ်စိန်တင်- “မှန်ပါပေတယ်ဗျာ၊ လွန်ခဲ့တဲ့ (၆၅) နှစ် လွတ်လပ်ရေးခရီးမှာ ဗိုလ်ချုပ်အောင် ဆန်းပြောကြားခဲ့တဲ့ စကားတွေကို ကြားနာဝေဖန်ဆန်းစစ်ခြင်း မပြုဘဲ၊ ကိုယ်ထင်ရာကိုယ်ကြခဲ့ကြတာမို့ ပြည်တွင်း စစ်မီးခြီးလောင်မြိုက်တဲ့ဒဏ်ကို နှစ်ပေါင်းများစွာ ပြည်သူတွေ သွေး၊ ချွေး၊ ဘ၀၊ စတေးပြီးခံခဲ့ ရတယ်။ အိမ်နီးချင်းနိုင်ငံ ကြီးတွေဆို မျက်နှာချိုသွေးပြီး ဗိုလ်ချုပ် ပြောတဲ့ “ဟို” နိုင်ငံဖြစ်လုနီးနီးကြုံခဲ့တယ်။ အာဏာရှင် စနစ်ဆိုးအောက်မှာ နှစ်ပေါင်း များစွာ ခံစားခဲ့ရပြီး ကမ္ဘာ့အဆင်းရဲအမွဲ တေဆုံးနိုင်ငံ အဖြစ်မြန်မာနိုင်ငံ ဟာ အရှက် တကွဲအကျိုးနည်းကြုံခဲ့ရတယ်။ လူထု ကောင်းစားရေးမဖြစ်ဘဲ စားဖားတွေ သာ ကောင်းစားခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်း သာ မြန်မာပြည်ရဲ့ ဒီ (၆၅) နှစ် မြန်မာ ပြည်ကို မြင်တွေ့ခဲ့ရ လျှင် ရင်ထုပြီး ငိုချင် ချမည်လား၊ ထင်မှားစရာပါ”

သမိုင်းသုတေသီ- “ဒီကနေ့ ဒီမိုကရေစီ ဖော်ဆောင်နေသူတွေ ဗိုလ်ချုပ်မိန့်ခွန်း ဖတ်ပြီး လေ့လာ ကျင့်ကြံကြစေ ချင်တယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်