Saturday, December 22, 2012

လက်ပံတောင်းတောင်ဒေသခံများအတွက်အမေရိကန်ရှေ့နေတဦးကအခမဲ့အမှုလိုက်ပေးမည်

Posted by drmyochit Saturday, December 22, 2012, under | No comments


အမေရိကန်နိုင်ငံမှဥပဒေပညာရှင်တဦးက ဒီဇင်ဘာလ အစောပိုင်းက လက်ပံတောင်းတောင်ကြေးနီ စီမံ ကိန်းဒေသ သို့သွားရောက်လေ့ လာခဲ့ပြီး ဒေသခံကိုယ်စား တရားစွဲဆိုမည့် ရှေ့နေ ၁၀ဦးနှင့်လည်း ဆွေးနွေး ညှိနှိုင်း ခဲ့သည် ။်ဖြစ်စဉ်မှာလက်ပံတောင်းတောင်ကြေးနီစီမံကိန်းအရေးနှင့်ပတ်သက်ရု မြန်မာနိုင်ငံရှေ့နေ များကွန် ယက်က ဒေသခံပြည်သူများကိုယ်စား ၂၀၁၃ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြည်ထောင်စုလွှတ်တော် တရားရုံး ချူပ်အမှုဖွင့် ရန်စီစဉ်နေခြင်းဖြစ်သည်။ အမေရီကန်နိုင်ငံမှ အခမဲ့အမှုလိုက်ပေးမည့် ဥပဒေ ပညာရှင် သည် မစ္စတာ ရော်ဂျာနော်မန် ဆိုသူဖြစ်ပြီး ၄င်းက အခမဲ့ အမှုလိုက်ပေး မည်ဖြစ်ကြောင်း သိရ သည်။လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများ

ကို အကြမ်းဖက်ဖြိုခွင်းခဲ့သည့် အာဏာပိုင်များနှင့် ၀မ်ပေါင်ကုမ္မဏီထံမှ ဒေသခံတို့ အတွက်လျှော်ကြေးငွေ ရရှိ၇န် ရှေ့နေများကွန်ယက်မှ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း လည်းသိရသည်။ လက်ပံတောင်း တောင်ကြေးနီ စီမံကိန်းရှိသပိတ်စခန်းများအား ဖြိုခွင်းခဲ့ရာတွင်ရဟန်းသံယာများ ထိခိုက်ဒဏ်ရာ ၇၇ှိပြီးြ့ပည်ပ သို့ပင် သွားရောက်ဆေးကုသနေရခြင်း အထိ ဖြစ်ပေါ်လာခြင်းများကြောင့် တရားစွဲဆို ရခြင်းဖြစ် သည်ဟု တရားလွှတ်တော်ရှေ့နေ ရောဘတ်ဆန်းအောင်က သတင်းမီဒီယာများကို ပြောကြား ခဲ့ပါသည် ။ ဒေသခံများကိုယ်စား ရှေ့နေများမှ အမှုဖွင့်တိုင်ကြားပေးခြင်းကို ကျေးဇူးတင်ကြောင်း ဒေသခံတစ်ဦးဖြစ်သူ မသွဲ့သွဲ့ဝင်းကလည်း ပြောကြားခဲ့ပါသည် ။လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အရေးကိစ္စများအတွက် မကြေနပ်သူများကလည်းသက်ဆိုင်ရာအာဏာပိုင်များက ဒဏ်ရာရသံယာတော်များကို

ဝန်ချတောင်းပန်ခဲ့ခြင်းကြောင့်လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်ဥက္ကဌ အဖြစ်ပါဝင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ဆုံးဖြတ်ချက်တစ်ခုကို စောင့်မျှော် လျှက်ရှိသည်ကတစ်ကြောင်း တို့ကြောင့် မြန်မာနိုင်ငံတစ်ဝှန်း ဆန္ဒပြနေခြင်းများကို ခေတ္တရပ်ဆိုင်း၍ စောင့်ကြည့်လျှက်ရှိကြောင်း ကိုလည်း ကြားသိနေရသည်။


ဥယျာဉ်မှုး

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်