Saturday, December 22, 2012

အလုပ်သမား မှတ်ပုံတင်ရက်တိုးပေးဖို့ ထိုင်းဝန်ကြီးချုပ်ကို မြန်မာတိုက်တွန်းခဲ့

Posted by drmyochit Saturday, December 22, 2012, under | No comments


ထိုင်းဝန်ကြီးချုပ် ယင်လတ် က ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားတွေ ကို နိုင်ငံသား အသိအ မှတ်ပြုကဒ်ပြား လျှောက် ထားရေးအတွက် နောက်ထပ်သက်တမ်း ၃ လ တိုးပေးဖို့ သဘောတူခဲ့ကြောင်း သိရပါ တယ်။

မြန်မာပြည်ကို ပြီးခဲ့တဲ့ တနင်္လာနေ့သွားရောက်ခဲ့စဉ်မှာ မြန်မာအလုပ်သမားဝန်ကြီးရဲ့ တိုက်တွန်းချက်အရ ထိုင်းဝန်ကြီး ချုပ် က အဲဒီလိုကတိပေးခဲ့တာဖြစ်ကြောင်း မြန်မာအလုပ်သမားရေးရာဌာန ညွန်ကြားရေ မှူးချုပ် ဦးမျိုးအောင်က ထိုင်းနိုင်ငံ အလုပ်သမားရေးရာဌာန ညွန်ကြားရေးမှူးချုပ် ပရာဗစ် Pravit ကို ပြောဆိုခဲ့ တယ်လို့ ထိုင်းနိုင်ငံမှာ ဒီကနေ့ စနေနေ့ ထုတ်ဝေတဲ့ Bangkok Post သတင်းစာ မှာဖေါ်ပြထား ပါတယ်။

ထိုင်းနိုင်ငံ အလုပ်သမားရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ပရာဗစ် Pravit က သူတို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာ နအနေနဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို တရားဝင်ခေါ်ယူဖို့ စဉ်းစားနေကြောင်း မနေ့က ပြောကြား လိုက်ပါတယ်။ အဲဒီလိုခေါ်ယူခြင်းအားဖြင့် ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့ နို်င်ငခြား အလုပ် သမားတွေ ကို တရားဝင် ဌားရမ်းနိုင်မယ်လို့ဆိုပါတယ်။ ထိုင်း အလုပ်ရှင်တွေအနေနဲ့ အလုပ်သမား ဝန်ကြီးဌာန ကို တရားဝင်တင်ပြလျှောက်ထားရမယ်လို့လည်း သူက ပြောပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်