Saturday, December 22, 2012

ခင်ပွန်း ဖြစ်သူနှင့် စကားများပြီး ကြိုးဆွဲချ သေဆုံး

Posted by drmyochit Saturday, December 22, 2012, under | No comments


ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ကျောက်ကြီး ရဲစခန်း အပိုင် တုံးကြီးကျေးရွာ အုပ်စု ရှမ်းချောင်း ကျေးရွာတွင် အမျိုးသမီး တစ်ဦး ကြိုးဆွဲချ သေဆုံး မှု ဖြစ်ပွားသည်။

ဖြစ်စဉ်မှာ တုံးကြီးကျေးရွာ အုပ်စု ရှမ်းချောင်း ကျေးရွာတွင် ဒီဇင်ဘာ ၁၈ ရက် နံနက် ၆ နာရီခွဲက လူတစ်ဦး ကြိုးဆွဲချ သေဆုံးနေကြောင်း ဦးနိုင်ဦး (အုပ်ချုပ်ရေးမှူး)က ရဲစခန်းသို့ လာရောက် အကြောင်းကြား သဖြင့် တာဝန်မှူး ဒုတိယ ရဲအုပ် ထွန်းမင်းနှင့် အဖွဲ့သည် သက်သေ ဦးနိုင်ဦး (အုပ်ချုပ်ရေးမှူး)၊ ဦးကျော်သင်းတို့နှင့် အတူ သွားရောက် စစ်ဆေး ခဲ့ရာ သေဆုံးသူမှာ မဇာဇာမြင့် ၂၈နှစ် (ဘ)ဦးတင်မြင့် (လယ်လုပ်)သူ ဖြစ်ပြီး ဒီဇင်ဘာ ၁၇ ရက် ည ၉ နာရီက ခင်ပွန်းဖြစ်သူ သန်းဇော်ဦးနှင့် စကားများ ရန်ဖြစ်ကြပြီး ခင်ပွန်းဖြစ် သူ ရွာထဲ သွားချိန်တွင် နေအိမ်၌ အမြင့် ရှစ်ပေ ခန့်ရှိ အချင် ဝါးလုံးတွင် အရှည် လေးပေ ခြောက်လက်မ ပလတ်စတစ် ကြိုးဖြင့် ချည်နှောင်ကာ လည်ပင်းတွင် ကြိုးဆွဲချ ဒဏ် ရာဖြင့် သေဆုံးကြောင်း သိရသည်။ မဇာဇာမြင့် သေဆုံးရခြင်းမှာ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် ဒီဇင်ဘာ ၁၈ ရက် နံနက် ၈ နာရီ ၁၅ မိနစ်က ကျောက်ကြီး ရဲစခန်းမှ သေမှု သေခင်း အမှတ်စဉ် (၃/၂ဝ၁၂)ဖြင့် အရေးယူ ထားကြောင်း သိရသည်။ ဓာတ်ပုံ-ကုလားမသာ

မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်