Saturday, December 22, 2012

သစ်ကိုင်းတစ်ကိုင်းခုတ် ဒဏ်ငွေ (၁၃)သိန်း တောင်းလိုက်တဲ့ မြေပုံကျေးရွာက အုပ်ချုပ်ရေးမှူး ´´

Posted by drmyochit Saturday, December 22, 2012, under | No comments


ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာအုပ်စု မြေပုံကျေးရွာမှ ဦးအောင်လွင်သည် အိမ်ဆောက်ရန် မိမိခြံဝင်း အ တွင်း သို့ ကိုင်းညွတ်ကျနေသာ မလွတ်ကင်းသည့် ညောင်ပင်ကိုင်းကို ခုတ်ရန်အတွက် သစ်တော ဦးစီး ဋ္ဌာနမှ တာဝန်ရှိသူထံသို့ သွားရောက်အသိပေးအကြောင်းကြားခဲ့ကြောင်း၊ သစ်တော ဦးစီးဋ္ဌာနမှ (၇-၁၂- ၂၀၁၂) ရက်နေ့တွင် ကွင်းဆင်းကြည့်ပြီး နုတ်ဖြင့်ခုတ်ခွင့်ပေးကြောင်း သို့သော်ကျေးရွာအုပ်ချုပ်ရေးမှူးအား အသိပေးရန်လိုကြောင်း ပြောကြားသွားပါသည်။


ထို့ကြောင့် ဦးအောင်လွင်သည် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်အား သွားရောက် အသိပေးခဲ့ကြောင်း။ အုပ် ချုပ်ရေး မှူး ဦးကျော်နိုင်မှ ညီကိုခြင်းတွေဘဲ ကြည့်လုပ်ကြတာပေါ့ ဟု ပြောသဖြင့်။ အိမ်ဆောက် ရန်နေ ရာနှင့် မလွတ်ကင်းသော သစ်ကိုင်းကို ခုတ်နေစဉ်အတွင်း အုပ်ချုပ်ရေးမှူး၏ အဖွဲ့မှ သစ်ကိုင်းအား ဆက် လက် မခုတ်ရန်နှင့် ယခုချက်ခြင်း ရုံးသို့ လိုက်ခဲ့ရန်ခေါ်ယူသဖြင့် လိုက်ပါသွားခဲ့ရကြောင်း၊ ရုံးသို့ရောက်ေ သာ အခါ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့မှ သစ်ကိုင်းခုတ်သဖြင့် အပြစ်ရှိကြောင်း ပြောဆိုပြီး ကျေးရွာ ဖွံဖြိုးရေး အတွက်ဟု အကြောင်းပြကာ၊ ဒဏ်ငွေ (၁၃)သိန်းပေးဆောင်ရမည် မပေးပါက ဒဏ်ငွေ (၅)သိန်းနှင့် ထောင် (၅)နှစ် ကျခံရမည်ဖြစ်ကြောင်း၊ ခြိမ်းခြောက် ပြောဆိုကြသောကြောင့် ဦးအောင်လွင်မှ ပေးမည်ဟု ၀န်ခံ ဂတိပြု လက်မှတ်ရေးထိုးပေးခဲ့ရကြောင်း။ ဦးအောင်လွင်မှလည်း တောင်သူလုပ်ငန်းဖြင့် လုပ်ကိုင် စားသောက်နေရပြီး အုပ်ချုပ်ရေးမှူး ဦးကျော်နိုင် တောင်းသော ဒက်ငွေ (၁၃)သိန်း မပေးနိုင်ဖြစ်နေကြောင်း ထိုကိစ္စကို ဖြေရှင်းပေးနိုင်မည့် သူများကိုလည်း မျှော်လင့်လျှက်ရှိကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်