Saturday, December 22, 2012

အင်အားကြီး ၆ နိုင်ငံ နျူကလီးယား ကိစ္စရပ်နှင့် ပတ်သက်၍ အီရန်နိုင်ငံနှင့် စေ့စပ် ဆွေးနွေးမှုများ ပြုလုပ်မည်

Posted by drmyochit Saturday, December 22, 2012, under | No comments


အငြင်းပွားဖွယ် နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ ကမ္ဘာ့အင်အားကြီး နိုင်ငံများနှင့် ကာလကြာရှည် လိပ်ခဲတည်းလည်း အခြေအနေ ဖြစ်ပေါ်နေမှုအား အဆုံးသတ်ရန် အချိန်ကျရောက်ပြီ ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီး အလီအက်စ် ဘာဆာ လက်ဟီက ပြောကြား ခဲ့ပါသည်။
ကမ္ဘာ့ အင်အားကြီး ၆ နိုင်ငံ သည် နျူကလီးယား ကိစ္စရပ်နှင့် ပတ်သက်၍ အီရန်နိုင်ငံနှင့် စေ့စပ် ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိပါသည်။ ပြီးခဲ့သော ဇွန်လက ရုရှားနိုင်ငံ၌ နောက်ဆုံး ကျင်းပခဲ့သော အဆိုပါ ဆွေးနွေးပွဲ များတွင် နျူကလီးယား အစီအစဉ် အစိတ်အပိုင်း အချို့အား ရပ်ဆိုင်းထားရန် ကမ္ဘာ့ အင်အားကြီး နိုင်ငံများ၏ တောင်းဆိုမှုကို အီရန်က ငြင်းဆိုခဲ့သောကြောင့် အောင်မြင်မှု မရရှိခဲ့ပေ။ P5+1 ဟု ခေါ်သော ကမ္ဘာ့ အင်အားကြီး နိုင်ငံများ တွင် အမေရိကန်၊ ရုရှား၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန် နိုင်ငံတို့ ပါဝင်ပါသည်။ 

မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်