Saturday, December 22, 2012

ဗြိတိန်အစိုးရက ကချင်ပြည်နယ်အတွက် အကူအညီထပ်မံပေးအပ်မည်

Posted by drmyochit Saturday, December 22, 2012, under | No comments

ဗြိတိန်အစိုးရက ကချင်ပြည်နယ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီတွေ ထပ် မံပေး အပ်သွား မည်ဟု ဗြိတိန်နိုင်ငံရဲ့ ဖွံ့ဖြိုးရေးအတွင်းဝန် မစ္စစ်ဂျက်စတင်ဂရင်းနင်းက ပြောကြားကြောင်း နိုင်ငံတ ကာဖွံ့ဖြိုးတိုးတက်ရေးဌာနက ဒီဇင်ဘာ ၂၁ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

ဗြိတိန်နိုင်ငံရဲ့ ထောက်ပံ့ကူညီမှုကို Trocaire အမည်ရှိ အင်န်ဂျီအို အဖွဲ့ကတစ်ဆင့် ပေးအပ်သွား မှာဖြစ်တယ်။ လာမယ့် ငါးလအတွင်း ပေးအပ်မယ့် အကူအညီတွေထဲက လူပေါင်း ၁၅,၉၉၇ ဦးအတွက် အခြေခံ အစားအသောက်ခွဲတမ်း ရရှိနိုင်မှာဖြစ်သလို လူပေါင်း ၂၁,၄၇၉ ဦးကိုလည်း တစ်လကို ဗြိတိန် စတာလင်ပါင် ၄ ဒသမ ၆၈ ထောက်ပံ့ပေးနိုင်မှာဖြစ်တယ်။ ဒါ့ပြင် လူပေါင်း ၁,၂၈၄ ဦးအတွက် နေစရာ၊ ကလေးပေါင်း ၈၀၀ အတွက် လုံခြုံမှုရှိတဲ့နရာဒေသ ရောက်ရှိဖို့နဲ့ လူပေါင်း ၅,၀၀၀ ကို လူမှုစိတ် ပညာပံ့ပိုးမှုတွေ လုပ်ဆောင်နိုင်မှာဖြစ်တယ်။ အခုအစီအစဉ်ကနေ ဒေသခံ ကချင်အဖွဲ့အစည်းတွေက လူ ၁၂၀ ဦး ကိုလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို နိုင်ငံတကာအဆင့်မီ ပေးနိုင် တဲ့ အထိ လေ့ကျင့်ပေးသွားနိုင်မယ်လို့ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာန (Department for International Development) ရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အခုနောက်ဆုံးပေးတဲ့ အကူအညီမှာ စတာလင်ပေါင် တစ်သန်းခွဲကျော်ရှိပြီး DFID မှ ကချင်ပြည်နယ် အတွက် စုစုပေါင်းထောက်ပံ့ငွေ စတာလင်ပေါင် ၃ ဒသမ ၅သန်းကျော်သွားပြီလို့ သိရပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်