Saturday, December 22, 2012

ဒေါ်အောင်ဆန်းစုကြည်၏ မြိတ်-ကံမော်ကျွန်းစု ခရီးစဉ်စတင်

Posted by drmyochit Saturday, December 22, 2012, under | No comments

မြိတ်-ကံမော်ခရီးစဉ် သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မြိတ်-ကံမော်ကျွန်းစုခရီးစဉ် များအတွက် ရန်ကုန်မြို့မှ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် လေယာဉ်ဖြင့် စတင်ထွက်ခွာသွားခဲ့ကြောင်း သတင်း ရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်အတွင်း ဒေသခံလူထူများနှင့် တွေ့ဆုံခြင်း၊ မိန့်ခွန့်ပြောကြားခြင်း များကို ပြုလုပ်မည်ဖြစ်ပြီး ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာ လာမည်ဖြစ်ကြောင်း သိရသည်။
မြိတ်-ကံမော်ခရီးစဉ် သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်

ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီးစဉ်မတိုင်မီ ဒီဇင်ဘာလ ၁၄ ရက်နေ့က ကံမော်ကျေးရွာတွင် ဒေါ်အောင် ဆန်းစုကြည် မိန့်ခွန်းပြောကြားရန် စီစဉ်ထားသည့် စင်မြင့်အနီးတွင် အသေးစား ပေါက်ကွဲမှုတစ်ခု ဖြစ်ပွား ခဲ့သော်လည်း ခရီးစဉ် ကို ဖျက်သိမ်းခြင်းမရှိဘဲ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်း စုကြည်သည် နိုဝင်ဘာလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့ အထိ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံ တောင်းတောင် စီမံကိန်းအပါအ၀င် အကျဉ်းထောင်များသို့လည်းကောင်း၊ ဒီဇင်ဘာလ ၉ ရက်၊ ၁၀ ရက်များ တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိဖြစ်သော မကွေးတိုင်း၊ နတ်မောက်မြို့နယ် အပါအ၀င် မကွေး တိုင်းဒေ သကြီးအတွင်းရှိ မြို့နယ်များသို့ သွားရောက်၍ ဒေသခံပြည်သူလူထုများနှင့် တွေ့ဆုံခြင်း၊ မိန့်ခွန်းပြောကြားခြင်း များကို ပြုလုပ်ခဲ့သည်။

Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်