Saturday, December 22, 2012

လက်ပံတောင်းတောင် ထိခိုက်ဒဏ်ရာရ သံဃာများအား လှူဒါန်းဆက်ကပ်ပွဲ ကျင်းပမည်

Posted by drmyochit Saturday, December 22, 2012, under | No comments

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် လက်ပံတောင်းတောင်တွင် ထိခိုက်ဒဏ်ရာရ သံဃာများအား ဘိုကလေးမြို့အမျိုးသားဒီမိုကရေစီအဖွဲ့မှ ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက်ကုသနေသည့် ဆရာတော် ၄ ပါး နှင့် တရားစွဲ ဆိုခံထားရသည့် နော်အုံးလှ အပါအ၀င် (၈) ဦးတို့အား ထောက်ပံ့ငွေ ပေးအပ်ပွဲ ကျင်းပမည်ဖြစ်ပါသည်။အဆိုပါပွဲကို ၂၄.၁၂.၂၀၁၂ ခုနှစ် နံနက် ၉ နာရီ အချိန် ဦးဘဟန် မှတ်တိုင် သမိုင်းဘူ တာ အနီး သမိုင်းမြို့မ ပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။အဆိုပါပွဲသို့ လက်ပံတောင်းတွင် တွေ့ကြုံခံစားခဲ့ရသော ရဟန်းရှင်လူပြည်သူအပေါင်း နှင့် သတင်း မီဒီယာများ ဖိတ်ကြားထားသည့် ဧည့်သည်များ ၊ စာပေချစ်မြတ်နိုးသူများ တက်ရောက်မည့်ဖြစ်ကြောင်း ဘိုကလေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးအောင်မြင့် မှ ဆိုပါသည်။


Hot News သတင်းအဖွဲ့


From:Hot News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်