Thursday, January 17, 2013

ရိုဟင်ဂျာ ၄၉ ဦး ဘင်္ဂလားဒေ့ရှ်မှ မြန်မာသို့ ပြန်ပို့

Posted by drmyochit Thursday, January 17, 2013, under | No comments

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်လာသည့် ရိုဟင်ဂျာ ၄၉ ဦးကို ကော့ဘဇားခရိုင်မှ မြန်မာနိုင်ငံသို့ ဗုဒ္ဓဟူးနေ့ က ပြန်ပို့လိုက်သည်ဟု သိရသည်။ တနေရာစီမှ ဖမ်းမိခဲ့သည့် ၎င်းတို့အနက် ၂၆ ဦးကို မွန်းလွဲ ၂ နာရီ ကလည်းကောင်း၊ အခြား ၂၃ ဦးကို ညနေ ၅ နာရီကလည်းကောင်း အစားအစာများဖြင့် ပြန်ပို့ လိုက် သည်ဟု ဘင်္ဂလားဒေ့ရှ် အခြေစိုက် The Daily Star သတင်းတရပ်တွင် ရေးသားထားသည်။

ဘင်္ဂလားဒေ့ ရှ်နိုင်ငံသို့ ရောက်ရှိလာသော ရိုဟင်ဂျာများအား နယ်ခြားစောင့်တပ်နှင့် ဒေသ အာဏာပိုင် များတို့က မကြာခဏ ဖမ်းဆီးကာ ထိုသို့ ပြန်နှင်လေ့ရှိသည်။

နိုင်ငံတကာ အကူအညီ အထောက်အပံ့ပေးရေး အဖွဲ့များက ဘင်္ဂလားဒေ့ရှ် အစိုးရအနေနှင့် ဒုက္ခ သည်များ အား လက်ခံစေ လိုကြသည်။

ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ရိုဟင်ဂျာ ဒုက္ခသည် သုံးသိန်းခန့် ရှိနေသည်။

ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသည့် ရိုဟင်ဂျာ ၈၅၀ ခန့်ကိုမူ ထိုင်းအစိုးရက ယာယီ စောင့်ရှောက်ထားပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)အား ၎င်းတို့နှင့် တွေ့ဆုံရန် ဗုဒ္ဓဟူးနေ့ကပင် ခွင့်ပြုလိုက်သည်။

မလေးရှားနိုင်ငံ၊ ကျွန်းစုတခုတွင်လည်း လှေနှစ်စီးဖြင့် ရောက်လာသည့် ရိုဟင်ဂျာဟု ယူဆရသည့် မြန်မာနိုင်ငံမှ ၃၅၄ ဦးကို အင်္ဂါနေ့က ဖမ်းဆီးရမိပြီး ၎င်းတို့အား လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူသွားမည်ဟု မလေး ရဲအရာရှိက ဆိုသည်။

From: Mizzima

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်