Thursday, January 17, 2013

စစ်ပွဲအခြေအနေ ပြင်းထန် လာပါက ကချင်ပြည်နယ် စစ်ပြေး ဒုက္ခသည်များကို တရုတ်နိုင်ငံ ယူနန် ပြည်နယ် က လက်ခံနိုင်ရန် စီစဉ်

Posted by drmyochit Thursday, January 17, 2013, under | No comments

တပ်မတော်နှင့် KIA တို့အကြား ဖြစ်ပွားနေသော စစ်ပွဲ အခြေအနေ ပြင်းထန်လာပါက ကချင် စစ်ပြေး ဒုက္ခ သည် များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒေဟောင်ဒေးနှင့် ကျင်ပို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ ဒေသ ခံ အုပ်ချုပ်ရေးအဖွဲ့များက ကချင်ပြည်နယ်မှ ထွက်ပြေးလာသော စစ်ဘေးဒုက္ခသည်များကို လက်ခံနိုင်ရန် စခန်းလေးခု တည်ဆောက်ရန် စီစဉ်နေကြောင်း The Global Times တွင်ဖော်ပြထားချက်အရ သိရသည်။ 

ဒေဟောင်ရှိ ယင်ကျန်းခရိုင် ပြည်သူ့ရေးရာဌာန လက်ထောက် ညွှန်ကြားရေးမှူး ဂေါင်ယိယန်ရွန်က သူတို့ အနေဖြင့် ဒုက္ခသည်စခန်းများအတွက် အရေးပေါ် အထောက်အပံ့ များကို ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် The Global Times သတင်းစာသို့ ပြောကြားခဲ့သည်။ 

စခန်းများသည် ရှေ့တန်းရွာဖြစ်သော နဘန်းရွာ၏ အရှေ့ဘက်တွင်ရှိပြီး ဒုက္ခသည်ပေါင်း ၁၀၀၀၀ ကျော် ကို လက်ခံနိုင်မည် ဟုေ ဂါင်ယိယန်ရွန်က ပြောပါသည်။


၁၁ ပူးမှ ဖြတ်ထုတ်ဖော်ပြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်