Thursday, January 17, 2013

ခိုးဝင်လာသော ရိုဟင်ဂျာ ၈၅၇ဦး၏ နိုင်ငံသားဖြစ်မှုကို စစ်ဆေးရေး မြန်မာ့အကူအညီယူမည်ဟု ထိုင်းပြော ကြား

Posted by drmyochit Thursday, January 17, 2013, under | 2 comments

ဘန်ကောက် ၊ ဇန်န၀ါရီ ၁၆။

ထိုင်း အစိုးရသည် ၎င်းတို့ နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသော ရိုဟင်ဂျာ ၈၅၇ ဦး၏ နိုင်ငံ သားဖြစ် မှုကို စစ်ဆေးသွားရန် မြန်မာ၏ အကူအညီကို ရယူမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင် များက ပြောကြား လိုက်သည်။

အဆိုပါ ခိုးဝင် လာသူ များမှာ ထိုင်းသို့ အုပ်စု သုံးစုဖြင့် ဝင်ရောက် လာခြင်းဖြစ်ပြီး ထိုင်း တပ်ဖွဲ့များက နိုင်ငံတောင်ပိုင်း ဆွန်ခလာပြည်နယ်တွင် တွေ့ ရှိခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့ က ၎င်းတို့သည် လူကုန်ကူးခံရသူများ ဖြစ်နိုင်ဖွယ်ရှိပြီး ဦးဆောင်ခိုးသွင်းလာသူ ၈ ဦးကိုလည်း ဖမ်းဆီး ထားကြောင်း ဆိုသည်။ ယင်း လူများတွင် မြန်မာမှ ခြောက်ဦး၊ ထိုင်းမှ နှစ်ဦးပါဝင်ကြောင်း သိရ သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ဆုန်ခလာပြည်နယ်၊ ဆာဒေါင်ခရိုင်တွင် ရှာဖွေတွေ့ရှိခဲ့သည့် ရိုဟင်ဂျာ ၃၀၀ သည် အလွန် ဆင်းရဲပင်ပန်းသော အခြေအနေတွင် နေထိုင်နေရကြောင်း သတင်းက ဆိုသည်။

ထိုင်းတွင် တရားမဝင် ဝင်ရောက်နေသော ရိုဟင်ဂျာ ၈၀၀ တွင်ယောက်ျား ၆၆၇ ဦး၊ မိန်းမ ၃၀ ဦးနှင့်၊ ကလေးငယ် ၁၆၀ ဦး ပါဝင်ကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ် ယင်လက်ခ် ကလည်း ခိုးဝင်လာသူများကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ပူးပေါင်းပြီး နိုင်ငံမှ ရွှေ့ ပြောင်းရန် ဆွေးနွေးသွားမည်ဟု ယမန်နေ့က ပြောကြားသည်။ 

ထိုင်းအာဏာပိုင်များက ခိုးဝင်လာသူများကို ပြည်နယ်တွင်းရဲတပ်ဖွဲ့  စခန်းများတွင် ထားရှိမည်ဖြစ်ကာ မိန်းများနှင့် ကလေးများကိုမူ လူမှုဖွံ့ ဖြိုးရေးနှင့် လုံခြုံရေးဝန်ကြီးဌာန၏ လက်အောက်တွင် ထားရှိ သွားမည်ဟု သိ ရသည်။



Ref: theprovince
photo: မြန်မာ့ခေတ်

2 comments:

၁။ FORWARDခင်ဗျ မြန်မာတိုင်းရင်းသားတွေထဲ့မှာ့ ရိုဟင်ဂျာဆိုတာမရှိဘူး။
၂။ SONGKHLA ဆိုတာပြည်နယ်မဟုတ်ပါဘူး၊ ခရိုင်အဆင့်ပါ။
၃။ SADAO ဆိုတာမြို့မဟုတ်ပါဘူး၊ ရပ်ကွက်ပါ။

don't write Rohinjar,they are Bangarli.

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်