တပ်မတော်ရဲ့ စီးပွားရေး လုပ်ငန်းတွေအားလုံးက ရလာတဲ့ အကျိုးအမြတ်တွေကို နိုင်ငံတော် ဘတ်ဂျက်ထဲ ထည့်စေပြီး တပ်မတော်သားတွေရဲ့ ခံစားခွင့်တွေကိုတော့ နိုင်ငံတော်ကပဲ အပြည့် အဝ ဘတ်ဂျက် ချပေးစေ လိုတယ် လို့ ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မှာ ပဉ္စမ ကာလတိုငါးနှစ် အမျိုး သား စီမံကိန်းမူကြမ်း (၂ဝ၁၁/၂ဝ၁၂ ဘဏ္ဍာရေးနှစ်မှ ၂ဝ၁၅/၂ဝ၁၆ ဘဏ္ဍာရေးနှစ်ထိ) ဆွေးနွေးရာမှာ မွန်ပြည် နယ် မဲဆန္ဒနယ်က ဒေါက်တာဗညားအောင်မိုး က ပြောသွားပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံတကာရဲ့စီးပွားရေး ပိတ်ဆို့မှုဒဏ်တွေကြောင့် စီမံခန့်ခွဲမှု လိုအပ်ချက်တွေ ရှိခဲ့ပြီး၊ အခု အချိန် မှာ ပြည်သူလူထုမှာ အလုပ်လက်မဲ့ခံစားမှုတွေ၊ ဆင်းရဲနွမ်းပါးမှုဒဏ်တွေ ခံစားနေ ကြရတဲ့အတွက် အမျိုးသား စီမံကိန်းမူကြမ်းမှာ ထည့်သွင်းစဉ်းစားနိုင်ဖို့နဲ့ကိုလည်း ရန်ကုန်တိုင်းဒေ သကြီး မဲဆန္ဒနယ်မှ ဒေါ်ခင်ဝိုင်းကြည် ကလည်း ဆွေးနွေးသွားပါတယ်။
ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ပဉ္စမ ငါးနှစ်တိုကာလ အမျိုးသားစီမံကိန်းမှုကြမ်းနဲ့ ပတ် သက်လို့ ဒုတိ ယနေ့အဖြစ် လွှတ်တော်ကိုယ်စားလှယ် (၁၈) ဦးတို့က ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ဒေသ အလိုက် ပြည်သူတွေရဲ့ ခံစားနေရတဲ့ ကျန်းမာရေး၊ ပညာရေး၊ ဆက်သွယ်ရေး၊ အလုပ်အကိုင်အခွင့်အရေး၊ လျှပ်စစ်၊ ကာကွယ်ရေး၊ လယ်ယာစိုက်ပျိုးရေးနဲ့ သစ်တောရေးရာ စတဲ့ ကိစ္စရပ်တွေကို အများဆုံးေ ဆွးနွေးခဲ့ကြပါတယ်။
Source: RFA Burmese
Time in Rangoon

0 comments:
Post a Comment