Thursday, January 17, 2013

ကေအိုင်အေ အဖွဲ့က ရွာသူ ရွာသား ၄၅ ဦးအား ဖမ်းဆီး ခေါ်ဆောင်၊ ယာဉ်များအား ဆက်ကြေး ကောက်ခံခဲ့

Posted by drmyochit Thursday, January 17, 2013, under | No comments

နေပြည်တော် ဇန်နဝါရီလ ၁၆

ယနေ့ မွန်းလွဲ ၁နာရီ ခန့်တွင် ကေအိုင်အေ အဖွဲ့မှ အင်အား ၂၅ ဦးခန့်သည် မြစ်ကြီးနား မြို့နယ် အာလမ် ကျေးရွာအုပ်စု အူဗျစ် ကျေးရွာရှိ ရွာသူ ရွာသား ၄၅ ဦးအား ဝင်ရောက် ဖမ်းဆီးသွား ခဲ့ကြောင်း၊ ဖမ်းဆီး ခံရသူများ ထဲတွင် ကျောင်းသား ၉ ဦး၊ တောင်သူ ၁၅ ဦး၊ အခြား ၃၀ ဦးပါရှိ ကြောင်း၊ ဖမ်းဆီး ခေါ် ဆောင်ခံရသူ များတွင် အသက် ၁၃နှစ်မှ အသက် ၄၀ အတွင်းရှိ လူငယ် လူရွယ် အမျိုးသား များပါရှိကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၅ ရက် နံနက် ၉ နာရီ ခန့်ကလည်း ကေအိုင်အေ အဖွဲ့မှ အင်အား ၂၅ ဦးခန့်သည် ဝိုင်းမော် မြို့နယ် ဝိုင်းမော် ကန်ပိုက်တီးသွား ကားလမ်း မိုင်တိုင်အမှတ် (၁၇) နှင့် (၁၈) အကြား၌ လမ်းကြောင်း ပေါ်သွား ယာဉ်များအား ရပ်တန့်စေ၍ ယာဉ်ကြီး တစ်စီးလျှင် ငွေကျပ် တစ်သိန်း၊ ယာဉ်ငယ် တစ်စီးလျှင် ငွေကျပ် ငါးသောင်း၊ ဆိုင်ကယ် တစ်စီးလျှင် ငွေကျပ် တစ်သောင်း နှုန်းဖြင့် တောင်းခံခဲ့ကြောင်း၊ စုစုပေါင်း ယာဉ်ကြီး ငါးစီးခန့်၊ ယာဉ်ငယ် ရှစ်စီးခန့်နှင့် ဆိုင်ကယ် ငါးစီးခန့်တို့ ငွေကြေး တောင်းခံခြင်း ခံခဲ့ရကြောင်း ပြည်နယ် အစိုးရ အဖွဲ့ထံမှ သတင်း ရရှိပါသည်။

From: Myawady

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်