Thursday, January 17, 2013

ဥပဒေကိုပြောင်ပြောင်တင်းတင်းချိုးဖေါက်နေသော Eleven Media Group အားအရေးယူပေးပါရန်။

Posted by drmyochit Thursday, January 17, 2013, under | No comments

စာရေးသူ သီရိမင်းကျော် ဆိုသူမှာ ဘာသာ စကား(၃)မျိုး တတ်ကျွမ်းပြီး Higher Grade Pleader တွင် အလုပ် လုပ်ပါသည်ဟု သူမ၏ စာမျက်နှာတွင် ဖော်ပြထားသူ ဖြစ်ပါသည်။ Eleven အင်တာနက် စာမျ က်နှာ မှ Share လုပ်သူများပါ အရေးယူမည့် စာသားများကြောင့် ကျွန်မကို တရားစွဲပါဟု ကြွေးကြော် ခဲ့ သူဖြစ် သည်။ ကေအိုင်အေနှင့် အွန်လိုင်း ဆွေးနွေးမှုလုပ်ခြင်းသည် တရားဝင် နည်းလမ်းဆိုပါက သူမ၏ အွန် လိုင်း မှ အရေးယူပေးပါရန် တိုင်ကြားချက်အားလည်း အစိုးရအဖွဲ့မှ တစ်ခုခု လုပ်ဆောင်လိမ့်မည်ဟု မျှော် လင့်ရင်း ထပ်ဆင့်ဖော်ပြလိုက်ပါသည်။
========================


တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဌ အမေဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးနှင့်တကွ တာဝန်ရှိ လူကြီး မင်းများရှင့် အီလက်ထရွန်းနစ်ဆက်သွယ်ရေးဥပဒေနှင့် နိုင်ငံသားအခွင့်အရေးများအား ပြောင်ပြောင် တင်း တင်း ချိုးဖေါက်နေသော Eleven Media Group မှ တာဝန်ရှိသူများကို အရေးယူပေးပါရန် တိုင်ကြား အပ်ပါတယ်။


(၁)။ Eleven Media Group ဟာပြီးခဲ့တက်ရက်များအတွင်းက ၄င်းတို့ရဲ့ အင်တာနက်စာမျက်နှာများနဲ့ Facebook လူမှုကွန်ရက်စာမျက်နှာများမှာ ၄င်းတို့ အင်တာနက်စာမျက်နှာကို DDos ဖြင့် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်နေကြောင်း၊ ထိုသို့ခြိမ်းခြောက်သော သူမှာ အစိုးရနှင့် စစ်တပ်ဘက် မှဖြစ်ရန်သေ ချာ သလောက် ရှိကြောင်းနှင့် တဖန် ၄င်းတို့ အင်တာနက်စာမျက်နှာများ နှစ်ရက်ဆက်တိုက် အတိုက်ခံ ရခဲ့ကြောင်းနှင့် ထိုသို့ တိုက်ခိုက်သူများမှာ အစိုးရ ဘက်မှဖြစ်နိုင်ကြောင်း စွတ် စွဲရေးသားခဲ့ပါတယ်။ 

စာအရေးအသားများမှာ တိတိကျကျ စွတ်စွဲထားခြင်းမရှိသော်လည်း သာမာန်အားဖြင့် စာဖတ်သူတို့၏ စိတ်ထဲ တွင် Eleven Media Group ၏အကျိုးစီးပွားကို နိုင်ငံတော်အစိုးရနှင့် စစ်တပ်မှ ဖျက်လို ဖျက်စီး လုပ်နေသ ည်ဟု မှတ်ယူသွားနိုင်စေရန်ရည်ရွယ်ရေးသားထားကြောင်းနှင့် - တကယ်တွင်လည်း ထိုသို့ မှတ်ယူ သွားနိုင်စေကြောင်း ထင်ရှားပေါ်ပေါက်ပါတယ်။ ထိုသို့အများပြည်သူက မှတ်ယူပါကလည်း အစိုးရ အနေဖြင့် သိက္ခာ ကျနိုင်စရာရှိတယ် ဆိုတာ အထင်အရှားဖြစ်ပါတယ်။

(၂)။ ၂၀၀၄ ခုနှစ်၊ အီလက်ထရွန်းနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၄ (ဃ) မှာ မည်သူမဆို အီလက် ထရွန်းနစ် ဆက်သွယ်ရေး နည်းပညာသုံးပြီး သူတပါး သိက္ခာကျအောင် မဟုတ် မတရားစွတ်စဲလျှင် ထောင် ဒဏ် (၅) နှစ်အထိ အပြစ်ပေးနိုင်ကြောင်း အတိ အလင်း ပြဌာန်းထားပါတယ်။

(၃)။ အဲဒါကြောင့် ယခုရက်များအတွင်း Eleven Media Group ရဲ့ရေးသားချက်များဟာ အီလက် ထရွန်းနစ် ဥပဒေပုဒ်မ ၃၄(ဃ) နဲ့ညိစွန်းနေတယ်ဆိုတာ ထင်ရှားပေါ်ပေါက်တဲ့အတွက် အရေးယူပေးပါ ရန်တောင်းဆို အပ်ပါတယ်။

(၄)။ ထပ်မံ၍တင်ပြရလျှင် EMG မှ သတိပေးချက်တစ်ခုတွင် ၄င်းအားတိုက်ခိုက်သူများမှာ အစိုးရနှင့် ဆက်နွယ်နေ သူများဖြစ်ကြောင်း အများပြည်သူထင်ယောင်ထင်မှားဖြစ်စေရန် ရေးသားထားခဲ့ပါသည်။ အင်တာန က်ဆိုင်ရာ တိုက်ခိုက်ချင်းများတွင် တိုက်ခိုက်သူအနေဖြင့် ၄င်းမည်သူ မည်ဝါဖြစ်ကြောင်း အတိ အလင်း ဖေါ်ပြ တိုက်ခိုက်လေ့မရှိပဲ။ ၄င်းအားခြေရာ ခံမမိစေရန် ရတတ်သမျှ နည်းလမ်းများ အသုံးပြု တိုက် ခိုက်ကြောင်း လူတိုင်း အသိပင်ဖြစ်ပါတယ်။ 

သို့ဖြစ်ပေရာ ...... Eleven Media Group ၏ အင်တာနက်စာမျက်နှာအား ပထမအကြိမ်တိုက်ခိုက်ခံရပြီး ၂၄ နာရီ မပြည့်မီပင် ဒုတိယအကြိမ် တိုက်ခိုက်မှုအား ကာကွယ် မပေးနိုင်ခဲ့သည့် Eleven Media Group ၏နည်း ပညာ ကျွမ်းကျသူဆိုသူများက အဆိုပါတိုက်ခိုက်သူများအား ခြေရာခံဖေါ် ထုတ်နိုင်သည် ဆိုသည့် ကိစ္စမှာ စဉ်းစားစရာပင်ဖြစ်ပါသည်။


သီရိမင်းကျော်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်