Thursday, January 17, 2013

ကချင်ဒုက္ခသည်များထံ ထောက်ပံ့သည့် ပစ္စည်းများ KIA လက်ဝါးကြီးအုပ်

မစ်ကြီးနား၊ ဇန်န၀ါရီ ၁၆။
KIA နဲ့ အစိုးရတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်အတွင်းမှာ ဒုက္ခသည်ဦးရေ တစ်နေ့ ထက် တစ်နေ့ ပိုမို တိုးပွားလျက်ရှိပါတယ်။ အစိုးရထိန်းချုပ်မှုအောက်မှာရှိနေတဲ့ ကချင် ဒုက္ခသည်တွေ အတွက် နေထိုင် စားသောက်ရေးကို အစိုးရ နဲ့စေတနာရှင်တွေက တာဝန်ယူစောင့်ရှောက်နေလို့ စိုးရိမ်ပူပန် စရာ မလိုပေ မယ့် KIA ထိန်းချုပ်မှု အောက်မှာ ရှိနေတဲ့ ကချင်ဒုက္ခသည်စခန်း(၇)ခုက လူတွေကတော့ KIA ရဲ့ အနိုင် ကျင့် တာကို ခံနေကြရပါတယ်။

ကချင်စစ်ဘေးဒုက္ခသည်တွေအတွက် နိုင်ငံတကာက အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းက စေတနာရှင်တွေ ထောက်ပံ့ ထားတဲ့ စားနပ်ရိက္ခာနဲ့ပစ္စည်းတွေကို KIA က ဒုက္ခသည်တွေဆီကို အကုန်မပေးပဲ KIA တပ်ဖွဲ့ အတွက် အသုံးပြုနေတယ်လို့ သိရပါတယ်။ ဒုက္ခသည်တွေမှာ ကချင်လူမျိုးတွေ အများစုဖြစ်နေ ပေမယ့် KIA ကတော့ ကချင်လူမျိုးအချင်းချင်းအပေါ်မှာ သနားညှာတာစိတ်ကင်းမဲ့စွာ လုပ်ဆောင်နေခြင်း ဖြစ်ပါ တယ်။ ဒီလိုမျိုး ဒုက္ခသည်တွေအပေါ် ဗိုလ်ကျအနိုင်ကျင့်နေတာကို ဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီ ဥက္ကဌ ဒွဲပီဆာကလည်း သိသိကြီးနဲ့ မလွန်ဆန်နိုင်ဘဲ KIA ခေါင်းဆောင်ကြီးများရဲ့ အလိုအတိုင်း ဆောင် ရွက်ပေးနေ ရတယ်လို့ ဒုက္ခသည်တစ်ဦးက ပြောပြပါတယ်။

ဒုက္ခသည်စခန်းမှာရှိနေတဲ့ ဒေသခံအများစုကတော့ အစိုးရနဲ့ KIA ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ပြီး စစ်တိုက် တာတွေ ရပ်ဆိုင်းစေချင်နေပါတယ်။ စစ်ပွဲတွေမရှိဘဲ ကိုယ့်ဒေသကိုယ်ပြန်ပြီး စားဝတ်နေရေး အတွက် အလုပ်တွေလုပ်ချင် နေကြ ပါတယ်။ KIA အဖွဲ့အနေနဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်ခွင့်ပေး လိုက်ရင် ဌာနချုပ် အတွက်ထားရှိတဲ့ လူသားတံတိုင်း စီမံချက် ပျက်သွားမှာစိုးလို့ ပြန်ခွင့်လဲမပေးပါဘူး။ ဒုက္ခသည်တွေ မရှိရင် သူတို့အတွက်ရထားတဲ့ ထောက်ပံ့မှုတွေ မရမှာကိုလဲ KIA ခေါင်းဆောင်တွေ ကစိုးရိမ်နေ တယ်လို့ သိရပါတယ်။

ကချင်နေ့စဉ်သတင်းမှ ကူးယူဖော်ပြ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်