Thursday, January 17, 2013

ညောင်တုန်းမြို့နယ်ရှိ တောင်သူများ၊ ရေလုပ်သားများ ကိုယ်ကျိုးနစ်နာဆုံးရူံးမှုများအတွက် ဆန္ဒထုတ်ဖော်

Posted by drmyochit Thursday, January 17, 2013, under | No comments

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးမှ တောင်သူ လယ် သမားများ၊ ရေလုပ်သားများ သည် အင်အား(၄၀၀)ခန့်သည် (၁၇-၁-၂၀၁၃)နေ့ နံနက် ၁၀ နာရီခွဲမှ စတင် ကာ ညောင်တုန်းမြို့နယ်တွင် ကိုယ်ကျိုး နစ်နာ ဆုံးရူံးမှု များ အတွက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍ ဆန္ဒဖော် ထုတ်နေကြောင်း သတင်း ရရှိပါသည်။




ညောင်တုန်း မြို့နယ် အတွင်း ညောင်တုန်းကျွန်းပတ်တာနှင့် ဆက်စပ်လျှက်ရှိသော ရေသွင်း၊ရေနုတ် မြောင်း များကို အင်းလေလံဆွဲသည်ဟူ၍ လုပ်ကိုင်နေသူ ဦးထိန်လင်း နှင့် တဆင့်ခံ ၀ယ်ယူ လုပ်ကိုင်နေ သူများ သည် ရေချိုငါးလုပ်ငန်း ဥပဒေ၊ အင်းသားကြီးစဉ်းမျဉ်းစည်းကမ်း နှင့် တူးမြောင်းအက်ဥပဒေများကို ချိုးဖောက်နေကြကြောင်း သိရှိရပါသည်။ အော့(ဒ်)ချက်ကုမ္မဏီ အင်းသားကြီး ဦးထိန်လင်းသည် ဆည်မြောင်း ပိုင်ရေသွင်းရေနုတ်မြောင်းများအား သူပိုင်ဆိုင်သည်ဟု ဆိုပြီး အဆင့် ဆင့်ရောင်း ချလျှက်ရှိခြင်း၊ ဆည်မြောင်းဦးစီးဌာနမှ ထိန်းသိမ်းထားရှိသော ရေသွင်းရေနုတ်မြောင်းများအတွင်း ယင်းကာ ပိတ်ဆို့၍ ငါးဖမ်းခြင်း၊ ရေစီးရေလာအနှောက်အယှက်ဖြစ်စေသော လုပ်ငန်းများအား ဆောင်ရွက် လျှက်ရှိကြောင်း သိရပါသည်။


ထို့ပြင် လယ်သမားများရေသွင်းရေနုတ်ရန်အတွက် အားထားနေရသော ထိုမြောင်းများအား တမံတုတ်၍ ရေခန်းအောင် စက်ဖြင့်စုပ်ထုတ်ကာ ငါးဖမ်းခြင်း၊ ရေသွင်းရေနှုတ်မြောင်းများအတွင်း၌ ရှော့ခ်ရိုက် ငါး ဖမ်းခြင်း၊ ရေစီးရေလာပိတ်ဆို့စေသော ချူံချခြင်း၊ ဗေဒါမွေးခြင်းများ ပြုလုပ်၍ ငါးဖမ်းခြင်းများကို လုပ် ဆောင် နေသောကြောင့် တောင်သူများမှာ လယ်ယာမြေများအတွက် ရေစီးရေလာ မကောင်းတော့ပဲ များစွာ ဆုံးရူံးမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။ တပိုင်တနိုင် ငါးဖမ်းစားသောက်နေရသော ဆင်းရဲ သားရေလုပ် သားများကိုလည်း ရေနှုတ်မြောင်းကို ပိုင်ဆိုင်သည် ဆိုသူများက မြို့နယ်အတွင်းရှိ ရဲများ ကိုခေါ် လာပြီး သေနတ်ဖြင့်ချိန်ကာ ငါးဖမ်းခြင်းပြုနေသူများကို ခြိမ်းခြောက်ပြောဆိုမှုများလည်း မကြာ ခဏဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။

ထို့အတွက်ကြောင့် နစ်နာဆုံးရူံးမှုများပြားနေသော တောင်သူများ၊ ရေလုပ်သားများ စုပေါင်းကာ အော့(ဒ်)ခ်ျ ကုမ္မဏီ အင်းသားကြီး ဦးထိန်လင်းနှင့် တဆင့်ခံလုပ်ကိုင်နေသူများအား ရေချိုငါးလုပ်ငန်းဥပဒေနှင့် မြန်မာနိုင်ငံ တူးမြောင်း အက်ဥပဒေ အခန်း(၈)၊ ပုဒ်မ(၆၀)၊ မြန်မာနိုင်ငံတူးမြောင်း အက်ဥပဒေ အခန်း(၁၁)၊ ပုဒ်မ(၇၅)အောက် ရှိ ပြစ်မှုများ အလိုက် အရေးယူပေးပါရန် ညောင်တုန်းမြို့အတွင်း ငြိမ်းချမ်းစွာ စီတန်းလှည့် လည်၍ ဆန္ဒဖော်ထုတ်နေခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်