Thursday, January 17, 2013

ကေအိုင်အေ ထဲက ကေအိုင်အေ တစ်ယောက်ဖြစ်သည့် Eleven Media ဒေါက်တာ သန်းထွဋ်အောင် ပါးစပ်ထဲ ဂမ်ရှောင်ငယ်ပါဝင်နေသဖြင့် ပြည်သူအများကို အမှန် အတိုင်း မပြောရဲသည့် ကေအိုင်အေဖောက်ခွဲခဲ့သော မြစ်ကြီးနား-မန္တလေး မီးရထားလမ်းရှိ တံတား အကြောင်း (ဓါတ်ပုံ/ဗီဒီယို)

မြစ်ကြီးနား- မန္တလေး မီးရထား လမ်းပိုင်း နဘား ဘူတာနှင့် အင်းတော် ဘူတာကြား မိုင်တိုင် အမှတ် (၅၈၉)ရှိ ပေ ၁၆ဝ ရှည် တံတား အမှတ် (၄၃၆)နှင့် ၎င်းနှင့် ယှဉ်လျက် ရှိသည့် နဘား- ကသာလမ်း ပိုင်းမှ ပေ ၁၆ဝ ရှည် တံတား အမှတ် (1 BK) တို့၌ ယမန်နေ့ ည ၈ နာရီ ၇ မိနစ် ခန့်တွင် မိုင်းပေါက်ကွဲ ဖြစ်စဉ် နှစ်ခု တစ် ပြိုင်တည်း ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မိုင်းပေါက်ကွဲ မှုကြောင့် တံတား အမှတ် (၄၃၆) တွင် ရေလယ်တိုင် အမှတ် (၂) ၏ အရှေ့ဘက် အောက်ခြေ အုတ်ကြမ်းခင်း တစ်ပေခွဲ ပတ်လည်၊ အနက်တစ်ပေ ပျက်စီးပြီး ရေလယ်တိုင်၏ အရှေ့ဘက် အောက်ခြေ အမြင့် ၂ ပေ ပတ်လည်၊ အနက် ၄ ပေ ၆ လက်မခန့် ပျက်စီး၍ ရေလယ်တိုင် အတွင်း သံချောင်း များ ပေါ်ခဲ့ပြီး တံတား သံပေါင် အနောက်ဘက်သို့ ၃ ပေခန့် ရွေ့ပြီး ဇလီဖားတုံး ၁၅ တုံးခန့် ပျက်စီး သွားခဲ့သည်။ ထို့အတူ တံတား အမှတ် (1 BK) ၏ ရေလယ်တိုင် အမှတ် (၂) အနောက် ခြမ်း၌ အမြင့် ၈ ပေ၊ အနံ ၂ ပေခွဲ ပျက်စီး၍ အောက်ခြေ အုတ်များ ပြိုကျခဲ့ပြီး ၄ ပေ အရှည် ရှိသော အက်ကြောင်း များ ဖြစ်ပေါ်ကာ တံတား သံပေါင် အရှေ့ဘက်သို့ ၃ ပေခန့် ရွေ့ပြီး ဇလီ ဖားတုံး ၆ဝ ခန့် ပျက်စီး သွားကြောင်း သိရှိရသည်။

အောက်ပါဗီဒီယိုဖိုင်တွင် ကေအိုင်အေတို့ဖောက်ခွဲခဲ့သော တံတားအား တပ်မတော်သားများမှ ရှင်းလင်းရေး စစ်ဆေးရေးများပြုလုပ်နေသည်ကိုတွေ့ရမည်။
မောင်ကျောက်ခဲ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်