Thursday, January 17, 2013

မြန်မာတွေ ဘယ်တော့မှ မကြောက်တတ်

Posted by drmyochit Thursday, January 17, 2013, under | No comments

Hot News ကို ဖတ်လာတာကြာပြီ။ ဖတ်ပဲဖတ်ခဲ့တယ်။ ကြိုက်လို့ကို ဖတ်တာ။ ခုတော့ ၀င်ရေးစရာလေးဖြစ် လာတယ်။ ဆရာနန်းဦက “မြန်မာတွေ ကြောက်တတ် သလားဟေ့” လို့ မေးနေပြီ။ စစ်တမ်းတစ် ခုအနေနဲ့ကောက်ရင် မြန်မာတွေမကြောက် တတ်လို့ဖြေလိုက်ပါမယ်။

မိမိတို့မြန်မာလူမျိုးတွေရဲ့ အတိတ် ဖြစ်စဉ်တွေကို အမှန်သိရင် ဇာတိဂုဏ်၊ အမျိုးဂုဏ်တွေကို ထိန်းသိမ်းနိုင်ခဲ့ပြီး ၀ံဿနုစိတ်ဓာတ်နဲ့ ထကြွ၊ လုံ့လ၊ သတ်္တိ ပြည့်ဝစွာနဲ့ မြန်မာတွေ ကမ္ဘာ့အလယ်မှာ ထယ်ဝါခဲ့တာတွေ့ရနိုင်မျာဖြစ်ပါတယ်။

အတိတ်အကြောင်းကို ပြန်တွေးရင် မြန်မာတွေဟာ သာကီဝင်အမျိုးအနွယ် တွေဆိုတာ သိထားဖို့လိုပါမယ်။ အမရ ပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်ကြီးရဲ့ ဦးစီးပဓာန ရွှေကျင်နိကာယ ဒုတိယဥက္ကဋ္ဌ ကျမ်းပြုအကျော်ဆရာတော်ရေးသားခဲ့တဲ့ ရတနာဂုဏ်ရည်ကျမ်းမှာ မြတ်စွာဘုရား ရှင်ရဲ့ ဆွေတော်မျိုးတော် သာကီဝင်မင်း မျိုးများနဲ့ မြန်မာလူမျိုးများဟာ အဆက် အနွယ်အမျိုးတော်စပ်ကြောင်း ဖော်ပြ ထားပါတယ်။ ကမ္ဘာဦးက မင်းမျိုးအစဉ် အဆက်က ဆင်းသက်လာတဲ့ သာကီဝင် မင်းမျိုး၊ ဘုန်းရှင်ကံရှင်အမြတ်ဆုံးမျိုးဟာ မြန်မာတွေပါပဲ။

သမ္ပတ်္တိတရားလေးပါးထဲက တစ်မျိုး မျိုးချွတ်ယွင်းခဲ့လို့သာ အခြေအနေအနေ နိမ့်ပါးခဲ့တာ၊ နိမ့်ပါးနေတာရှိရင်ရှိပါမယ်။ ကြောက်လို့ဆိုပြီး ဘယ်သူ့ကိုမှ၊ ဘယ်နိုင်ငံ ကိုမှ၊ ဘယ်လူမျိုးကိုမှ အရှုံးမပေးခဲ့ပါဘူး။ အင်အားကြီး နှစ်နိုင်ငံကြားမှာ နေရပေ မယ့် မိမိတို့ရဲ့ နိုင်ငံတော်ကို တည်တံ့မြဲခိုင် ကျဉ်အေင်ထာဝရတည်ဆောက်နိုင်ခဲ့သူ တွေဆိုတာဒီနေ့တိုင်အောင်ကမ္ဘာသိပါပဲ။

မြန်မာနိုင်ငံကို မြန်မာတွေသာ တည်ဆောက်ခဲ့ကြတာပါ။ ဘယ်နိုင်ငံ ဘယ်လူမျိုးကမှ တည်ဆောက်ပေးတာ မဟုတ်ပါဘူး။ ကိုယ့်မြေ ကိုယ့်ရေ အချုပ် အချာကို အကျူးကျော်မခံသလိုကိုယ်က စပြီးလည်း ဘယ်လူမျိုး၊ ဘယ်နိုင်ငံကိုမှ ကျူးကျော်ရန်စ မမျှတတာမလုပ်ပါဘူး။ ဒါဟာ မြန်မာ့စိတ်ဓာတ်၊ မြန်မာ့သစ္စာသာ ဖြစ်ပါတယ်။


သို့သော် သီးခံတဲ့ကြားထဲက စော်ကား ရန်စလာရင်တော့ တစ်ဦးချင်းလဲ စစ်ထိုး တတ်ပါတယ်။ ရဲဝံ့ပါတယ်။ သတ်္တိရှိပါ တယ်။ ဘယ်လောက်ပဲ အင်အားကြီးကြီး အနိုင်တိုက်ပြီး မြန်မာ့ဂုဏ်ကို ထိန်းသိမ်း တတ်တာ မြန်မာလူမျိုးတွေဖြစ်ပါတယ်။


မြန်မာဟာ ကိုယ့်မင်းကိုယ်ချင်းနဲ့ နေလာခဲ့တဲ့လူမျိုးတွေဖြစ်ပါတယ်။ မိသားစုတစ်ခုမှာ အဖေ၊ အမေဆိုတဲ့ မိဘရှိနေတာကြောင့် မိဘစကားကို နားထောင်ပြီး နေနေကြတဲ့ လူ့ယဉ်ကျေး တွေပါ။ ပတ်ဝန်းကျင်နဲ့ အသိုင်းအ၀ိုင်း ကိုလေးစားရမယ်ဆိုတဲ့ အသိနဲ့ နေတတ် ကြတဲ့ လူမျိုးဖြစ်ပါတယ်။ ရာဇ၀င်နဲ့ သမိုင်းမှာ မြန်မာကြောက်တာမရှိပါ။


မြန်မာတွေဟာ ဗုဒ္ဓရဲ့အဆုံးအမ အောက်မှာ နေလာကြသူတွေဖြစ်လို့ မေတ္တာ၊ သစ္စာ၊ ဂရုဏာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ်္မစိုရ်တရားတွေရှိနေပါတယ်။ ထိန်းနေ ပါတယ်။ သည်းခံနေပါတယ်။ သို့သော်
“လူမျိုးမြန်မာ ဤကမ်္ဘာမှာ


ဘယ်အရာမှ မကြောက်ပါ။” လို့ဆို ချင်ပါတယ်။ လက်နက်အင်အားကောင်း လို့ပဲဖြစ်ဖြစ်၊ ကြွယ်ဝချမ်းသာလို့ပဲဖြစ်ဖြစ် လူဦးရေးများလို့ပဲဖြစ်ဖြစ် ကြိုက်တာသာ နေပါစေ။ မြန်မာ့စိတ်ဓာတ်ဟာ ခေါင်းငုံ့ ခံလေ့မရှိပါဘူး။ စာနာစိတ်နဲ့ ချစ်ခင်သနား စိတ်ရှိပေမယ့် ရဲဝံ့ပြောမြောက် သတိ္တ၊ ဗျတ်္တိရှိခဲ့တာတွေ သမိုင်းရာဇ၀င်မျာ များစွာစာတင်နိုင်ခဲ့ပါတယ်။ ရှေးနှစ်များ စွာမှသည် ဒီနေ့ခေတ်တိုင်အောင်မည်သည့် နိုင်ငံ၊ မည်သည့်လူမျိုးတို့ရဲ့ လက်အောက် ခံ၊ သြဇာခံ၊ အစေခံ ဆိုတာမလုပ်ခဲ့ပါဘူး။ သခင်မျိုးဟေ့ တို့မြန်မာသာလုပ်ကြသူ တွေဖြစ်ပါတယ်။


ပျူစောထီးလက်ထက်ပြန်ကြည့် မလား၊ အနော်ရထာမင်းလက်ထက်ပြန် ကြည့်မလား၊ ကျန်စစ်သားမင်းလက်ထက် ပြန်ကြည့်မလား၊ အလော်းစည်သူမင်း လက်ထက်ပြန်ကြည့်မလား၊ အမတ်ကြီး ရာဇသင်္ကြန်၏သား အုတ်လှညီနောင်တို့ ပြန်ကြည့်ဦးမလား၊ ဆင်ဖြူရှင်လက်ထက် ပြန်ကြည့်မလား၊ ကိုလိုနီခေတ်ပြန်ကြည့် မလား၊ မြန်မာတွေဟာ ရရာဓား၊ ရရာ လက်နက်နဲ့ ကာကွယ်ခုခ၀ါတာသတ်္တိတွေ မဟုတ်လား။ မကြောက်တတ်တာမဟုတ် လား။


မြန်မာမှာ မြန်မာလူမျိုးတွေရှိတယ်။


မြန်မာမှာ မြန်မာ့တပ်မတော်ရှိတယ်။


မြန်မာမှာ အချုပ်အချာအာဏာရှိ တယ်။


မြန်မာလူမျိုးတွေမှာ မျိုးချစ်စိတ်ရှိ တယ်။


မြန်မာလူမျိုးတွေမှာ မဟုတ်မခံ စိတ်ရှိတယ်။


မြန်မာလူမျိုးတွေမှာ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်သားသနာ ဘာသာ ကို ချစ်စိတ်၊ အလေးထား စိတ်ရှိတယ်။ ပြီးတော့ သတ်္တိရှိတယ်။


ဒါကြောင့် မြန်မာလူမျိုးသာမှန်ရင် ဘယ်သူ့ကိုမှ မကြောက်တတ်ကြောင်းပါ။


ခေတ္တရာဆရာကျော်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်