Thursday, January 17, 2013

ဝိုင်းမော်မှ ဆဒုံးကား လမ်းတွင် KIA မှ အခွန်ကောက် တာလား…. ? ဓါးပြတိုက်တာလား … ?

Posted by drmyochit Thursday, January 17, 2013, under | No comments

ဝိုင်းမော်မှ ဆဒုံးသို့ သွားသော လမ်းပေါ်တွင် သွားလာနေသော ဆိုင်ကယ်နှင့် ကားများကို KIA မှ ဓါးပြ တိုက် သည့်ပုံစံနှင့် အခွန်ကောက်ခံခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ နံနက် ၉ နာရီခွဲခန့်၌ ဝေါ်ဆက်ယန်နှင့် သွမ်တောင်ကြားတွင် KIA အဖွဲ့မှ ဖြတ်သန်းသွားလာ နေသော ခရီးသည်တင် ယာဉ်များနှင့် ဆိုင်ကယ်များအား ရပ်တန့်စေပြီး အခွန်ကောက်ခံခြင်း၊ စစ်ဆေးခြင်း၊ ပစ္စည်းများကို အဓမ္မ ဖျက်ဆီလုယက်ခြင်းများ ပြုလုပ်ပါသည်။ ယာဉ်ပေါ်တွင် ပါလာသော ခရီးသည်များကို တရာခံလို စစ်ဆေးရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ပစ္စည်းများကို ရှာဖွေပြီး လိုချင်တာတွေကို ယူဆောင် သွား ကြောင်း သိရပါသည်။

လူနှင်ပစ္စည်းများ ၄င်းတို့စိတ်ကြိုက်ရှာဖွေပြီး ကားသမားဆီက အခွန်ငွေတွေ တောင်းယူသွားပါသည်။ ကားကြီး ကို (၁) သိန်း၊ ယာဉ်ငယ်ကို (၅) သောင်း၊ ဆိုင်ကယ်ကို (၁)သောင်းနှုန်းနဲ့ ကောက်ခံပါသည်။ KIA လုပ်တာ က အခွန်ကောက်တာ နဲ့မတူဘဲ သေနတ်တွေနဲ့ချိန်ပြီး ဟိန်းဟောက်တာ၊ လိုချင်တဲ့ ပစ္စည်းကိုယူ၊ ငွေကို လည်း အတင်း လုယူနေ တာဟာ ဓါးပြ တိုက်နေပုံဖြစ်နေသည်ဟု ခရီးသည်တစ်ဦးက ပြောဆိုခဲ့ ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်