Tuesday, February 05, 2013

လူတွင်ကျယ် လုပ်ချင်တဲ့ ဂျာနယ်သတင်းထောက် အချို့ လှိုင်သာယာမှာ ရိုက်ခံရ

Posted by drmyochit Tuesday, February 05, 2013, under | No comments



ဖေဖော်ဝါရီ ၁ ရက်ညပိုင်း ကစတင်ကာ လှိုင်သာ ယာမြို့နယ် အောင်ဇေယျ တံထား အဆင်း ပီမိုးနင်း လမ်း မကြီး နံဘေး ရှိ Star Light ကုမ္ပဏီပိုင်မြေမှာ လူအုပ်စုလိုက်မြေနေယာ ၀င်ရောက်ဦးယူမြေကွက် ရိုက်မှု များဖြစ်ပွား လျက်ရှိရာ အဆိုပါ နေရာသို့ သတင်း သွားယူသူ တစ်ချို့ကို လူအချို့က သတင်း ယူပုံကို မကျေ နပ် လို့ ၀ိုင်း ရိုက်ကြ တယ်လို့ သိရ ပါတယ်။


သတင်း လွတ်လပ်ခွင့် ရလာပြီးတဲ့နောက် ဂျာနယ် သတင်းထောက် အထူး သဖြင့် နံမည်ကြီး ဂျာနယ်တွေ က သတင်းထောက်တွေ ဟာ သတင်းထောက် ကျင့်ဝတ်တွေ မလိုက်နာ ပဲ ရေးချင် တာရေး၊ မေးချင် တာ မေး လုပ်နေ ပါ တယ်။ ကချင်ပြည်နယ် စစ်ပွဲမှာ တပ်မတော် ဘက် ကနေ သတင်းယူခွင့် မပေးတာ ဘာကြောင့် လဲ ဆိုတာကို လှိုင်သာယာ မှာ သတင်ထောက်တွေ အရိုက်ခံရမှု့က သက်သေပြ လိုက်ပြီ၊

လှိုင်သာ ယာမှာ ဖြစ်ပွား တဲ့ နေရာက လူတွေ ကိုင်ထား တာက ၀ါးလုံး ပဲ ရှိ တာပဲ၊ ရိုက်ခံရရင် ခေါင်း ကွဲရုံပဲ အ လွန် ဆုံး ရှိမှာပါ။ ကချင်ပြည်နယ်မှာ က နှစ်ဖက်တပ်တွေက သေနတ် ကိုင်ထား တာပါ၊ ကေအိုင်အေက ကောင်တွေ က စည်း မစောင့်ပဲ သေနတ် နဲ့ ပစ်လိုက်ရင် အသက် ဘယ်ကနေ ထွက်သွား မှန်းတောင် မသိ လိုက် ဘူးဖြစ်သွား ပါလိမ့်မယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်