Tuesday, February 05, 2013

ရန်ကင်းမြို့နယ်၌ ခင်မင်ခြင်းကိုအခွင့်ကောင်းယူ၍ ရွှေ (၁) ကျပ်သားလိမ်လည်ခဲ့

Posted by drmyochit Tuesday, February 05, 2013, under | No comments



ရန်ကင်းမြို့နယ် (၁) ရပ်ကွက်၊  CMA  ရုံးဝင်းအတွင်း အလုပ်လုပ် ကိုင်ရာနေရာ၌ ခင်မင်ရင်းနှီးခြင်း ကို အခွင့်ကောင်း ယူ၍ အရေး အကြီးငွေလိုအပ်သည်ဟုပြောကာ ရွှေ (၁) ကျပ်သားဆွဲကြိုးအား (၂၀၁၂) ခုနှစ် ဇူလိုင်လ (၁၀) ရက်  နေ့၌ လိမ်လည်ခဲ့ကြောင်း သိရ သည်။


“ကျွန်တော်နဲ့ ကျွန်တော့်ဆွဲ ကြိုးကို လိမ်သွားတဲ့သူကိုစိုးမိုးအောင် (ခ) ကိုတိုးဟာရေသန့်လိုက်ပို့ရင်း ခင်မင် ရင်းနှီးခဲ့ ပါတယ်။ တစ်နေ့ ကို တိုးကသူ့ဇနီးနဲ့ ခရီးသွားဖို့ အတွက် ငွေအရေးတကြီးလိုတယ် ဆိုပြီး ကျွန်တော့် ဆီက (၁) ကျပ် သားဆွဲကြိုးကိုခဏငှားသွားပြီး နောက် (၁၀) ရက်ကြာရင်ပြန်ပေး မယ်လို့ပြော ပါတယ်။ ကျွန်တော် က (၁၀) ရက်အကြာသူအလုပ်လုပ်  တဲ့နေရာမှာသွားတောင်းတော့ ကျွန်တော့် ကိုရှောင်နေ ပါတယ်။

ကျွန်တော်ကသူနဲ့ ရင်းနှီးတဲ့အတွက်  သူ့ကိုယုံပြီးအောက်တိုဘာအထိ စောင့်ပါသေးတယ်။ ဒါပေမဲ့မရတဲ့  အဆုံးအောက် တိုဘာလ (၁၇) ရက်နေ့မှာ ရန်ကင်းရဲစခန်းကိုတိုင်၊ တရားရုံးကိုဦးတိုက်လျှောက်တဲ့ အခါအမှု အမှတ် (၃၇၉) ပုဒ်မ (၄၂၀) နဲ့ အမှုကိုကြားနာစစ်ဆေး  ပြီး ကိုတိုးကိုဖမ်းဝရမ်းထုတ်ခဲ့ပါ တယ်”ဟု လိမ်လည်ခံ ရသူကို ချစ်စမ်းမောင်ကပြောသည်။ ဖမ်း ၀ရမ်းထုတ်ထားသော်လည်း ကိုတိုးဆို သူကို ဖမ်းဆီး ရမိခြင်းမရှိ  သေးကြောင်း ၎င်းက ထပ်မံပြော သည်။ ကျွန်တော်ကတော့ ဆင်းရဲ   သားဖြစ် တဲ့အ တွက် ကိုယ့်ဆွဲကြိုး ပြန်ရရင် ကျေနပ်ပါပြီ”ဟု အလိမ် ခံရသူကိုချစ်စမ်းမောင်မှပြောခဲ့ သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဖေဖော်ဝါရီ (၃) ရက်နေ့၌ ရန်ကင်း   ရဲစခန်းဖုန်းနံပါတ် ၅၇၇၁၉၀ သို့ ဆက်သွယ်မေးမြန်း ရာ “အဲဒီကိစ္စ နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရန်ကင်း ရဲစခန်း အနေနဲ့ဆောင်ရွက် နေ ဆဲပါ”ဟု ရဲစခန်း ဖုန်းကိုင်သူမှ ပြန်လည်ဖြေကြားခဲ့သည်။

ညီညီအောင်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်