Tuesday, February 05, 2013

မြန်မာ အစိုးရပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော် မီတီ့နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ဆွေးနွေးရေး အဖွဲ့တို့ဆွေးနွေး မူ့ အပြီး ထုတ်ပြန်ေ သာကြေငြာချက် အပြည့် အစုံ

Posted by drmyochit Tuesday, February 05, 2013, under | No comments

မြန်မာ အစိုးရပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော် မီတီ့နှင့် ကချင်လွတ်မြောက်ရေး
အဖွဲ့ (KIO) ဆွေးနွေးရေး အဖွဲ့တို့ဆွေးနွေး မူ့ အပြီး ထုတ်ပြန်ေ သာကြေငြာချက် အပြည့် အစုံမှာအောက် ပါအ တိုင်းဖြစ် သည်.......

ပူးတွဲကြေညာချက်

၁။ ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ ဒုဥက္ကဌ၊ ပြည်ထောင်စု ၀န်ကြီး ဦးအောင် မင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် ကချင် လွတ်မြောက်ရေး အဖွဲ့(KIO) ဆွေးနွေးရေး အဖွဲ့တို့ သည် ၂၀၁၃ ခုနှစ်၊ ဖေဖဖေါ်ဝါရီလ ၄ ရက်နေ့ (၀၉၀၀)အချိန်တွင် တရုတ်ပြည်သ့သူ မ္မတနိုင်ငံ ယူနန်ပြည် နယ်၊ ရွှေလီမြို့ တွင် တေ့ဆုံဆွေးနွေးခဲ့ပြီး (၁၆၁၅) အချိန်တွင် ပြီးဆုံးခဲ့ပါသည်။

၂။ ယခုဆွေးနွေး ပွဲတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး ဌာနမှ သံအမတ်ကြီး Mr. Luo Zhaohui ၊ ကရင် အမျိုးသား အစည်းအရုံး (KNU) ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းနှင့် အဖွဲ့ဝင်(၁)ဦး၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင် စီ(RCSS/SSA)မှ ဗိုလ်မှူး ချုပ်စိုင်းလူးနှင့် အဖွဲ့ဝင် (၂)ဦး၊ ဦးဟန်ညောင်ဝေနှင့် ဦးဗစ်တာဗျက်လျန် တို့သက်သေများ အဖြစ် တက်ရောက် ခဲ့ကြပါသည်။

၃။ ယခုဆွေးနွေးပွဲတွင် နှစ်ဖက်ဆက်သွယ်ရေးလမ်းကြောင်း ထားရှိရေး၊ နှစ်ဖက်စစ်ရေး တင်းမာမှု များ လျှော့ ချနိုင်ရေး၊ နောက်တစ်ကြိမ်အစည်း အဝေးအ တွက် ပြင်ဆင် မှု၊ နောက် တစ်ကြိမ် ဆွေးနွေး ပွဲ တွင် လေ့လာ သူများနှင့် သက်သေအဖြစ် ပါဝင်နိုင်မည့်အဖွဲ့အစည်းများအား ဖိတ်ခေါ်ရေး တို့ကို ဆွေးနွေး ခဲ့ကြပါ သည်။

၎။ နောက်တစ်ကြိမ် ဆွေးနွေးပွဲကို KIO အဖွဲ့ အစည်း အနေဖြင့် UNFC နှင့် ညှိနှိုင်းပြီးနောက်ဖေဖေါ်ဝါရီလ မကုန်မှီ ကျင်းပရန်နှင့် အစိုးရနှင့် KIO အကြား နိုင်ငံရေးဆွေးနွေးပွဲများကိုဆက်လက်ကျင်းပသွားကြရန် သဘော တူကြပါသည်။

၅။ အစိုးရနှင့် KIO အကြား ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျှင်အမြန် အကောင်အထည်ဖေါ်နိုင်ရန် ပဋိ ပက္ခဖြစ် ပွားသော နေရာများကို လေ့လာစောင့်ကြည့်စီစစ်ရေးစံနစ်ပေါ်ပေါက်ရန် ဆက်လက် 
ဆွေးနွေးဆောင် ရွက်ရန် သဘောတူညီသည်။

၂၀၁၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၄ ရက်။ ရွှေလီမြို့။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်