Tuesday, February 05, 2013

SNLD ခေါင်းဆောင်များတက်ကြမည့် တောင်ကြီးဆွေးနွေးပွဲ

Posted by drmyochit Tuesday, February 05, 2013, under | No comments


လာမည့်သောကြာနေ့ တောင်ကြီးမြို့တွင်  ကျင်းပမည့် "ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း" အ မည် ရှိ  ဆွေးနွေးပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ၏ ထိပ်တန်း ခေါင်းဆောင်များ ဖြစ်သော ခွန်ထွန်းဦး၊ စိုင်းညွန့်လွင်တို့ တက်ရောက် မည်ဖြစ်ကြောင်း သိရ သည်။

ဆွေးနွေးပွဲအတွက် ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ 

ဤ ဆွေးနွေးပွဲမျိုးကို   ရန်ကုန်တွင် ပထမဦးဆုံး ကျင်းပစဉ်က ရှမ်းအဖွဲ့အစည်းတွေသာ ပါဝင်ခဲ့ကြောင်း၊ ယခု ဆွေးနွေးပွဲတွင်မူ ရှမ်းပြည်နယ်ရှိ အရပ်ဖက် လူ့အဖွဲ့အစည်းများ၊ နိုင်ငံရေးသမားဟောင်းများ၊ အင်း၊ ဓနု၊ ပအိုဝ်း၊ ကယန်း၊ ရှမ်း၊ အစရှိသည့် တိုင်းရင်းသားများ ပါဝင် နိုင်ရန် ရည်ရွယ်ပြီး တိုင်းရင်းသား လူမျိုးပေါင်း စုံ နေထိုင်ကြသည့် တောင်ကြီး မြို့တွင် ကျင်းပရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း ရှမ်းပြည်မျိုးဆက် အင်အား စု အဖွဲ့မှ ကိုညီညီမိုးက ပြောသည်။

ငြိမ်းချမ်းရေး ပျက်ပြားနေခြင်းမှာ ယုံကြည်မှု ပျက်ပြားသောကြောင့် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ယုံကြည်မှု တည်ဆောက် ရန် ရည်ရွယ်ပြီး ဆွေးနွေးပွဲကို  SNLD နှင့် ပူးပေါင်း စီစဉ်ဆောင်ရွက်လိုက်ခြင်းဖြစ်ကြောင်း ကိုညီ ညီမိုး ကပြောသည်။


စစ်ပွဲများ ရပ်ဆိုင်းစေရန်၊ လူထု တောင့်တနေသည့် စစ်မှန်သော ဖက်ဒရယ်ဒီမို ကရေစီ ပြည်ထောင် စု ပေါ်ထွန်းလာစေရန် စသည့် ရည်ရွယ်ချက်များလည်း ပါဝင်ကြောင်း  SNLD  မြို့နယ် ဥက္ကဌ ဦးခင်မောင် ညွန့် (ခ) စိုင်းခမ်းပိုင်ဖက ပြောသည်။


လက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေး ယူထားသည် ဆိုသော်လည်း  ငြိမ်းချမ်းရေးအစစ်အမှန် မရရှိသေး ဘူး ဟု မိမိ ထင်မြင်ယူဆကြောင်း၊ နောင် တချိန်တွင် တိုင်းရင်းသား ပြည်သူ တရပ်လုံးပါ ၀င် မည့် ဆွေးနွေး ပွဲ ပြုလုပ်သွားရန် ရည်ရွယ်ထားကြောင်း သူက ဖြည့်စွက် ပြောကြားသည်။


တောင်ကြီးမြို့ ဆွေးနွေးပွဲကို   ရှမ်းစာပေ နှင့် ယဉ်ကျေးမှု အသင်းခန်းမတွင် ကျင်းပရန် စီစဉ်နေကြသည်။


 ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်