Tuesday, February 05, 2013

ရန်ကုန်မြို့အတွင်းရှိ အပေါင်ဆိုင်များတွင် ပစ္စည်းအဆုံးခံ ပေါင်နှံမှုများလာခြင်းကြောင့် အပေါင်ဆုံး ပစ္စည်းဈေးကွက် ကျယ်ပြန့်လာ

Posted by drmyochit Tuesday, February 05, 2013, under | No comments




မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အပေါင်ဆိုင်တစ်ခုအား တွေ့ရစဉ်
ရန်ကုန်မြို့အတွင်းရှိ အပေါင်ဆိုင်များတွင် ပစ္စည်းအဆုံးခံ ပေါင်နှံသူဦးရေ များပြားလာခြင်းကြောင့် အဆိုပါ အပေါင်ဆုံးပစ္စည်း ပြန်လည်ရောင်းချမှုများ ယခင်ကထက် ပိုမိုများပြားလာကြောင်း ရန်ကုန်မြို့တွင်းရှိ အပေါင်ဆိုင်များမှ သိရသည်။


ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်များရှိ လိုင်စင်ရ အပေါင်ဆိုင် များနှင့် ပြင်ပ အပေါင်ခံ သူများ အနေဖြင့် ရွှေ ဆိုပါက သုံးကျပ် တိုးနှုန်း၊ အ၀တ်အထည်နှင့် အခြား အိမ်သုံးပစ္စည်းဆိုပါက ၁၀ ကျပ်တိုးနှုန်းဖြင့် အပေါင်ခံ လျက်ရှိသော်လည်း လက်ရှိတွင် ပစ္စည်းအဆုံးခံ ပေါင်နှံမှု ပိုမိုများပြားလာကြောင်း အပေါင်ဆိုင်များမှ သိရ သည်။
ပစ္စည်းအဆုံးခံ ပေါင်နှံသူအများစုသည် လတ်တလော ငွေကြေး ပြေလည်စေ ရန် ပေါင်နှံကြခြင်းဖြစ် သည့်အ တွက် လစဉ် အတိုးပေး ဆပ်နိုင်ရန် ခက်ခဲခြင်း၊ ရပ်ကွက်တွင်း လောင်းကစား ပြုလုပ်ခြင်း များကြောင့် ငွေကြေးဆုံးရှုံးများနှင့် အခြားစားဝတ်နေရေး အခက်အခဲများအတွက် မဖြစ် မနေ ငွေကြေး သုံးစွဲရခြင်းများ ရှိနေခြင်းကြောင့် ယခုလို ပစ္စည်းအဆုံးခံ ပေါင်နှံနေရကြောင်း ကာယကံရှင်တို့က ဆိုသည်။

''လာပေါင်တဲ့သူတွေ လာရင် အဆုံးသဘောမျိုးနဲ့ပဲ သဘောထားပြီး အပေါင်လက်ခံလိုက်တယ်၊ တစ်လနှစ်လ အတိုးသတ်ပြီး ပေါ်မလာတော့ဘဲ အဆုံးခံကြတာ များတယ်၊ အဲလိုတွေများလာတော့ ဆိုင်တွေ မှာ အပေါင်ဆုံးပစ္စည်းတွေကို ပြန်ရောင်း လာတာ ဈေးကွက်တစ်ခုလို ဖြစ်နေ ပြီ'' ဟု ရွှေပေါ က္ကံမြို့သစ်၊ ၁၂ ရပ်ကွက်ရှိ အပေါင်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ယခုအခါ အပေါင်ဆိုင်များတွင် အပေါင် ဆုံး ပစ္စည်းများကို အပေါင်ဆုံးပစ္စည်း အရောင်းဆိုင်များနှင့် တွဲဖက်ရောင်းချမှု အများ အပြား တွေ့ လာရကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

'' အပေါင်ခံရင် ပစ္စည်းအသစ်ဆိုရင် အပြင်ဈေးရဲ့ သုံးပုံနှစ်ပုံပေးတယ်၊ အဟောင်းဆိုရင်တော့ ပစ္စည်း တန်ဖိုးကြည့်ပြီး ဈေးဖြတ်လိုက်တယ်၊ ထီး၊အ၀တ်အစား၊စတီးချိုင့်နဲ့ အိုး ခွက်ပန်း ကန်တွေ ဆိုရင် ပြန် မရွေးကြတာ များတယ်၊ရွှေဆိုရင် မရွေးနိုင်သေးရင်တောင် အတိုးပုံမှန်တော့ သတ်တယ်၊ အဆုံး မခံကြ တာများ တယ်'' ဟု မြောက်က္ကလာပမြို့နယ်ရှိ အပေါင်ဆိုင်အချို့မှ သိရသည်။

''ပစ္စည်း အသစ် အပေါင်ခံရင် အပြင်ဈေးရဲ့ သုံးပုံနှစ်ပုံပေးတယ်၊ အဟောင်းဆိုရင် ပစ္စည်း တန်ဖိုး ကြည့်ပြီး ဈေးဖြတ် လိုက်တယ်၊ ထီး၊ အ၀တ်အစား၊ စတီးချိုင့်နဲ့ အိုးခွက် ပန်းကန်တွေ ဆိုရင် ပြန် မရွေးကြတာ များတယ်၊ ရွှေဆိုရင်တော့ မရွေးနိုင်သေးရင်တောင် အတိုးပုံမှန်တော့ သတ်တယ်၊ အဆုံးမခံကြ တာ များတယ်'' ဟု မြောက်က္ကလာပမြို့နယ်ရှိ လိုင်စင်ရ အပေါင်ဆိုင်တစ်ခုမှ သိရသည်။

အပေါင်ဆိုင်များသို့ လာရောက် ပေါင်နှံသူများတွင် အထည်ချုပ်လုပ်ငန်းတွင် လုပ်ကိုင်နေသူ အလုပ် သမားများ၊ဆောက် လုပ်ရေး လုပ် ငန်းခွင် အလုပ်သမားများနှင့် လက်လုပ်လက်စားသမား အများ ဆုံးဖြစ်ပြီး ကျောင်းဖွင့်ရာသီနှင့် ဆောက်လုပ်ရေးလုပ်ငန်း ပါးလေ့ရှိသည့် မိုးရာသီတွင် ပေါင်နှံမှု အများ ဆုံးဖြစ်ကြောင်း အပေါင်ဆိုင်အသိုင်းအ၀ိုင်းများထံမှ စုံစမ်းသိရှိရသည်။

''အပေါင်ဆိုင်မှာ ၀ယ်ရင် အသစ်ဆိုရင် အပြင်ကထက် ဈေးသက်သာတယ်၊ အပြင်မှာ ကျပ် ၃၅၀၀ တန်ဆို ရင် ကျပ် ၂၅၀၀ လောက်နဲ့ ၀ယ်လို့ရတယ်၊ စက်ဘီးနဲ့ စက်ပစ္စည်းတွေ ဆိုရင် သောင်းဂ ဏန်းလောက်ထိ သက် သာတော့ တချို့ဆို အပေါင်ဆုံးပစ္စည်းကို စောင့်ဝယ်လာကြတယ်''ဟု သာကေတမြို့နယ်အတွင်းရှိ အပေါင်ဆိုင်တွင် အပေါင်ဆုံးပစ္စည်း လာရောက်ဝယ်ယူသူတစ်ဦးက ပြောသည်။

ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် ပစ္စည်းပေါင်နှံသူ နည်းပါးလာကြောင်း၊အချို့မှာ ပစ္စည်း လပေးရောင်း သူများထံတွင် ပစ္စည်းယူပြီး အပေါင်ဆိုင်တွင် သွားရောက် ပေါင်နှံကာ ငွေကြေး အခက်အ ခဲကို ဖြေရှင်း သူများလည်း ရှိကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်