Tuesday, February 05, 2013

ကချင်တစ်ကျပ်၊ မြန်မာတစ်ကျပ်ပြောခဲ့ပေမဲ့၊ လက်တွေတော့ ကချင် ၁၀ ပြား၊ မြန်မာတစ်မတ်

Posted by drmyochit Tuesday, February 05, 2013, under | No comments



အင်ဂွန်ဂျာဝါ
ဖေဖော်ဝါရီ ၅၊ ၂၀၁၃

တာပိန် ရေအား လျှပ်စစ် ဆိုတာ တရုပ် ကုမ္မဏီကြီး တခုရဲ့ ရှမ်းပြည် မြောက်ပိုင်း၊ KIA နယ်မြေမှာ ငြိမ်း ချမ်းရေး ကာလ ၂၀၀၉ လောက်က စီမံကိန်း တခုပါ။ အကျိုးတူ ခွဲဝေ စားသောက်ဖို့ ဆိုပြီး န.အ.ဖ အစိုးရ ကာလ မှာ စီးပွားရေး လုပ်ငန်းတစ်ခု (သယံ ဇာတ ရောင်းစားရေး စီမံကိန်း) ဖြစ်ပါတယ်။ အဲဒီဒေသမှာ ကချင် KIA တပ်မဟာ တစ်ခု နဲ့ မြန်မာတပ်များ အင်အား ညီမျှစွာ စခန်းချ နေထိုင်ပါတယ်။ နယ်မြေ တစ်ခုလုံး ကတော့ ကချင် လက်နက်ကိုင်များ ထိန်းချုပ်နယ် မြေဖြစ် ပါတယ်။


နောက်ပိုင်း ရွေးကောက်တင်မြှောက်တဲ့ အစိုးရသစ် တက်လာတဲ့အချိန် မြန်မာစစ်ကြောင်း၊ တပ်မတစ်ခု တာပိန် ရေအားလျှပ်စစ်ဒေသကို ချီတက်လာ တယ်ဆိုတာ KIA က သတင်းရပါတယ်။ မလာဖို့၊ ငြိမ်းချမ်းရေးအတွက် နှစ်ဖက်တပ်တွေ နေမြဲအတိုင်းနေထိုင်း စီးပွားကျိုးတူလုပ်ဖို့ မေတ္တာရပ်ခံပေမဲ့၊ အင်အားကြီးမားလှတဲ့ မြန်မာ စစ်တပ်ကြီးဟာ အင်အားသုံးချေမှုန်းဖို့ ရောက်လာပါတယ်။ ကချင် KIA တပ်များကိုတော့ စစ်တိုက်ဖို့ လာတာ မဟုတ်ကြောင်း၊ နယ်မြေ ဒေသ ငြိမ်းချမ်းရေး၊ တရုပ် နယ်ခြား စောင့် ရန် အတွက် ဘာညာ..အကြောင်းပြပေမဲ့ မကြေ လည်မှုဟာ စတင် ပါတော့တယ်။ 

 .. တာပိန် ရေအား လျှပ်စစ် ဒေသမှာ အင်အား ကြီးမား လှတဲ့ မြန်မာ စစ်တပ်ကြီး နေရာ ယူလိုက်ခြင်းဟာ ကချင်သူပုန်များကို အင်အားသုံးချေမှုန်းဖို့ အစပြုလိုက်ခြင်းဖြစ်ပါတယ်။

ဥပမာ .. မြန်မာနဲ့ကချင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်ပတဲ့၊ ကချင်ပြည်နယ်၊ တာပိန်ဒေသ၊ ဆွေးနွေး အခန်းတ ခုထဲမှာ၊ ကချင်လက်နက်ကိုင် ၁ဦး အစောင့်နဲ့၊ မြန်မာ လက်နက်ကိုင် စစ်သား ၁ဦး စောင့်နေ ချိန်၊ မြန်မာ လက်နက်ကိုင်၊ တပ်စိတ်တစ်ခုက အတင်းဝင်ရောက်ပြီး ခပ်တည် တည်နဲ့ ဆွေးနွေးပွဲလုံခြုံရေး အတွက် စောင့်ရှောက်ပေး သလိုပါပဲ။

ဒီတော့ အရင်က မြန်မာ၊ကချင် လက်နက်ကိုင်များ ပျော်ရွှင်စွာ၊ အတူနေထိုင်ရာ ကနေ နောက်မှရောက် လာတဲ့ မြန်မာ စစ်တပ်ကြီးကြောင့် တာပိန် ရေအားလျှပ်စစ်ဒေသမှာ အခြေအနေ တင်းမာလာ ပါတယ်။ နောက်ဆုံး တိုတိုပြော ရရင် ၂၀၁၀ ဇွန်လ၉ရက်နေ့မှာ ကချင်များစိုးရိမ်တဲ့အတိုင်း ကချင်တပ် မဟာ ဌာနချုပ်ကို အင်အားကြီး မားလှတဲ့ မြန်မာတပ်မဟာက အင်အားသုံးချေမှုန်း၊ သိမ်းပိုက်လိုက်ပါတယ်။ ကချင်လက် နက်ကိုင် တပ်များဟာ ပျောက်ကျားစစ်ပဲတိုက်ဖို့ သံဓိဌာန်ချထားတော့ တာပိန်တိုက် ပွဲဟာ မြန်မာလူထု သတိမထား မိခဲ့ပါဘူး။

အဲဒီ အချိန်ကစပြီး ကချင်ပြည်နယ်သယံဇာတများအတွက် ကချင်တစ်ကျပ်၊ မြန်မာတစ်ကျပ် ဇတ်လမ်းမှာ တရုပ်ကြီးက လက်ပိုက်ကြည့်ရင်း တရုပ်တစ်ကျပ် အခြေအနေကို ရောက်သွားပါတယ်။ ကချင် လက်နက်ကိုင် များကို ရှင်းလင်းပြီးတဲ့အချိန်ကစပြီး တာပိန်ရေအားလျှပ်စစ်ကို စတင်လည်ပတ်ပြီး ၁၀၀% ကို တရုပ်ပြည်ဖက် တစ်ဖက်သတ် ဈေးနှုန်းနဲ့ အနှစ်၃၀ ပေးအပ်မှုအခမ်းအနားဖွင့်လှစ်ခဲ့ပါတယ်။ ဒီတော့ ကချင်တစ်ကျပ်ကို တရုပ် ပေးလိုက်ပါပြီ၊ ကျန်တဲ့ မြန်မာတစ်ကျပ်ကို ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ အပြည်ရရှိပါသလား ..မေးခွန်း ဟာ စဉ်းစား စရာဖြစ်လာပါတယ်။ ခရိုနီများ၊ မြန်မာအစိုးရ အာဏာပိုင်များ၊ စစ်အာဏာရှင်ဟောင်းများရဲ့ ကုမ္မဏီများက ၀ိုင်းဝန်းဝေငှယူကြတော့ နိုင်ငံတော်အစိုးရဟာ ၁၀ ရာနှုံးတောင်မှာ ရပါ့မလားမသိပါ။

ကချင် KIA များအဖို့ တာပိန်ရေအားလျှပ်စစ် အရေးအခင်းမှာ၊ ငွေကြေးနဲ့နယ်မြေဆုံးရှုံးမှု မပြော ပလောက်ပေမဲ့၊ အခုဖြစ် ပွားနေတဲ့ လူပေါင်းသိန်းနဲ့ချီ ဒုက္ခရောက်၊ မြန်မာ၊ ကချင် နှစ်ဖက် စစ်တပ် က သေကြေ၊ ပျက်စီးမှုများရဲ့ အစဖြစ်ပါတယ်။

● ဆိုးဝါးလာသောအခြေအနေ
တိုင်းရင်းသား လက်နက်ကိုင် ၁၁ဖွဲ့မှာ ၁၀ဖွဲ့နဲ့ အပစ်ခတ်ရပ်စဲရေး၊ငြိမ်းချမ်းရေးလုပ်နိုင်ခဲ့ပြီး ၂၀၁၀မှာ နောက်ဆုံး ကချင် လက်နက်ကိုင် KIA နဲ့ ငြိမ်းချမ်းရေး လုပ်ဖို့ တွေ့ဆုံချိန်မှာတော့ ကချင်ပြည် နယ်၊ KIA ထိန်းချုပ် နယ်မြေများ၊ ဌာနချုပ်လိုင်ဇာမြို့အထိ မြန်မာစစ်တပ်များ တဖွဲဖွဲ အင်အား တိုးချဲ့လာချိန် မှာတော့ ဆက်လက် သည်းမခံ နိုင်ပဲ KIA က အတိအလင်း၊ ပျောက်ကျား စစ်ကျေငြာလိုက်ပါ တယ်။ ဒေါသထွက်နေတဲ့ မြန်မာ စစ်တပ်ရဲ့ လက်တုံပြန်မှုဟာ ကချင်ပြည်နယ် နှစ်၅၀ လက်နက်ကိုင်တော် လှန်ရေးမှာ အပြင်း ထန်ဆုံးဖြစ် ခဲ့ပါတယ်။ စစ်ပြေးဒုက္ခသယ် သိန်းနဲ့ချီပြီး ထွက်ပြေးရပါတယ်။ ဒုက္ခသည် စခန်းများစွာ ..တရုပ်ပြည်ကို ထွက်ပြေး ပေမဲ၊ တရုပ်ပြည်က လက်မခံပါဘူး။ ပြန်သွား ဆိုပြီး တောခေါင်ခေါင် မြန်မာပြည်ထဲ ပြန်ခိုင်းပါတယ်။ ရက်စက် ပါပေ့ ပေါက်ဖေါ် တရုပ်ကြီးရေ ။  မြန်မာပြည် က ရေအားလျှပ်စစ်က အမြက်အစွန်းတွေနဲ့ အခုခေတ်သစ် မဟာ တံတိုင်းကြီး ဆိုတဲ့ ဓါတ်ငွေ့ လိုင်း၊ ရေနံပိုက်လိုင်း၊ ရထားလမ်း ရွှေဓါတ်ငွေ့စီမံကိန်းကြီးကို အဓိက ကာကွယ် ရမှာက တရုပ်ကြီး ဖြစ်ပါတယ်။ 

တရုပ်ကြီးရဲ့ စီးပွားရေး နယ်ချဲ့စနစ်ကို မြန်မာ၊ကချင် ပူးပေါင်း ကာကွယ်ရ မဲ့အစား… မြန်မာစစ်တပ်က ကိုယ့်တိုင်းရင်းသား ကချင်လက်နက်ကိုင်များကို အပြင်းအထန် ဒဏ်ပေး တိုက်ခိုက်တာ က်ရက်စက် လွန်းလှပါတယ်။ လေကြောင်းနဲ့ နောက်ဆုံးပေါ် အမြောက်၊လက်နက်များကို ကိုယ့်လူမျိုး အချင်းချင်း၊ ပစ်ခတ်၊ သတ်ဖြတ်နေတာ အံ့သြစရာ ကောင်းလှ ပါတယ်။ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်၊ နယ်စပ် တစ်လျှောက် မြို့ပြ၊ရွာကြီးများစွာ ၁၇နှစ် အပစ်ခတ်ရပ်စဲရေးမှာ စည်ပင်သာယာခဲ့ကြတာ၊ အခုတော တမ ဟုတ်ခြင်း ပြာကျ၊ မီးလောင်၊ ပျက်စီး၊ လူသူမဲ့၊ ဖုတ်နဲ့ကျီး လွင်ပြင်ဘ၀ကို ရောက်သွားပါပြီ။ အဲဒီနေ ရာ တွေကို ရောက်သွားတဲ့အခါ ၀မ်းနည်းမျက် ရည်ကျစရာပါ။ ရှေ့တန်းမှာ ၂ဘက်စလုံး အရင်ကတော့ သူငယ် ချင်း၊ အတူစားသောက်၊ ၀င်ငွေခွဲယူနေကြရာကနေ အခုတော့ နောက်ရောက်လာတဲ့ စစ်တပ် များရဲ့ ပေါ်လစီအောက်မှာ အပြင်းထန်တိုက်ခိုက်နေရပါပြီ။ မြစ်ကြီးနား၊ဗန်းမော်၊မိုးကောင်း စတဲ့မြို့များက ကချင်ရပ် ကွက်များမှာ ကေအိုင်အေစစ်သား၊စစ်ဗိုလ်များ သေဆုံးလို့ ခရစ်ယာန်အောက်မေ့ ဖွယ်ဘုရား ရှိခိုးပွဲများ အဆက်မပြက်လုပ်နေရသလို၊ မြန်မာနိုင်ငံတ၀ှမ်းက စစ်တပ်များမှာလည်း စစ်ဗိုလ်၊စစ်သားများ တိုက်ပွဲကျဆုံးသွားလို့ ဗုဒ္ဓဘာသာဆွမ်းသွတ်ပွဲများစွာ လုပ်နေရပါတယ်။

အိမ်ကြက်ခြင်းခွပ်တော့ ကြက်သားချက်စားဖို့ စောင့်နေတဲ့ တရုပ်ကြီးစီးပွားရေးအမြက်ထွက်ပြီး၊ လက်ပိုက် ငွေသဲ့ ယူနေ ပါတယ်။ မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်က ရပ်ပါတော့ဆိုလဲ စစ်တပ်က မရပ်တမ်း တိုက်ခိုက်နေ တယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ကြားဝင်ပေးဖို့ အသံမထွက်ဘူးဖြစ်နေတယ်။ တရုပ် တပ်ကြီး က ယူနန်ပြည်နယ် မြန်မာနယ်စပ်မှာ အင်အားပြပြီး၊ တိုက်ပွဲတွေကို ကြည့်နေပါတယ်။ တရုပ်လောက် ဦးနှောက် မ ရှိတဲ့ မြန်မာနဲ့ကချင် လက်နက် ကိုင်များက ဘာမှမဟုတ်တဲ့ ဓါတ်ငွေ့၊ ရေနံပိုက်လိုင်း၊ ကျောက်စိမ်း တွင်း၊ ရေအားလျှပ်စစ်များအတွက် စစ်တိုက်နေရင်း …လူမျိုးရေးအသွင်ပြောင်းသွားမှာကို နှစ်ဘက်စလုံးက အရမ်းစိုးရိမ် နေရပါတယ်။

● လက်ရှိအခြေအနေ
ဇန္န၀ါရီလကုန်မှာ မြစ်ကြီးနားမြို့ကို ရောက်သွားချိန်၊ တစ်မြို့လုံး မှောင်မဲနေပါတယ်။ မြစ်ကြီးနားမြို့ကို လျှပ်စစ် ဓါတ်အားပေးဖို့ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က ကျင်ခရမ်ရေအားလျှပ်စစ်စက်ရုံ တရုပ်စက်များနဲ့ မြန်မာ လျှပ်စစ် ကော်ပို ရေးရှင်းက တည်ဆောက်ပါတယ်။ ၅နှစ်မခံပါဘူး။ တာဘိုင်စက် ၁၄လုံးမှာ ၂လုံးလည် ရင်တောင် မြစ်ကြီးနား မြိုကို လျှပ်စစ်ပေးနိုင်တာ၊ အားလုံး မလည်ပတ်နိုင်တော့ ကျင်ခရမ်ရေအားလျှပ်စစ် ဇတ်လမ်း သိမ်းသွားတယ်။ တရုပ်တပါတ်ရစ်စက်များရဲ့ စွမ်းအင်က ၃နှစ်ခံရင် တော်လှပြီပေါ့။ မြစ်ကြီးနားကို လျှပ်စစ် ဓါတ်အားပေးဖို့ ဒီဇယ်စက်ကြီးတွေလည်း မတတ်နိုင်၊ ဘယ်ပုဂ္ဂလိကမှ ရှုံးမဲ့အလုပ်ဖြစ်တာကြောင့် မလုပ်ပါဘူး။ ကချင် KIA လက်နက်ကိုင်များရဲ့ စီးပွားရေးအဖွဲ့ ဘူးဂါးကုမ္မဏီက KIA ထိန်းချုပ် နယ်မြေမှာ ရေအားလျှပ်စစ်စတင်ထုတ်လုပ်ပါတယ်။ တာဝါတိုင်ကြီး များဆောက်ပြီး မြစ်ကြီးနားမြို့ ကို လျှပ်စစ် ဓါတ်အား ပေးခဲ့လို့ လွန်ခဲ့တဲ့ ၅နှစ်ကတည်းက လျှပ်စစ်မီး ထိန်လင်းနေခဲ့ပါတယ်။

● တလတာ မြစ်ကြီးနားမီးမှောင်ကျသွားခြင်း
အခု လေကြောင်းစစ်ဆင်ရေးဖြစ်ချိန်မှာ တာဝါတိုင်တခု ပျက်စီးသွားပြီး မြစ်ကြီးနားမြို့ လျှပ်စစ်ဓါတ်အား မရတော့၊ မှောင်မဲ သွားပါတယ်။ မြန်မာစစ်တပ်က လေယဉ်နဲ့ပစ်ခတ်လို့ ပျက်သွားသလို၊ ကချင် လက်နက် ကိုင် များက ဖေါက်ခွဲဖျက်ဆီးသလို သတင်းမျိုးစုံထွက်နေတယ်။ ဘယ်သူပြောတာ ယုံရမလဲမသိ၊ အပြန် အလှန် အပြစ် တင်ရင်း ပျက်စီးသွားတဲ့ တာဝါတိုင်ကို မပြင်ဆင်နိုင်ဘူး။ အခု ဒီဆောင်းပါးရေးနေ စဉ်တော့ ပြင်နေကြပြီ၊ မနက်ဖန် လျှပ်စစ်ရပြီလို့ ပြောနေသံကြားရပါတယ်။

ဒါနဲ့ ကချင် KIA စီးပွားရေးအဖွဲ့က ထုတ်လုပ်ပေးတဲ့ ရေအားလျှပ်စစ်ကို မြစ်ကြီးနားမြို့ပေါ်မှာ ဖြန့်ဖြူးရေး ကျတော့ ဈေးနှုန်းကို မြန်မာလျှပ်စစ်ကော်ပိုရေးရှင်းနဲ့ ညှိရတယ်။ ဈေးနှုန်းများကတော့ မြန်မာ အစိုးရနဲ့ စစ်တပ်ကို တစ်ယူနစ် ကျပ်၅၀နှုန်း။ မြစ်ကြီးနားပြည်သူလူထုပြင်ဖို့ မြစ်ကြီးနား ကိုယ်ပိုင်မီးစက်များ ဂျင်နရေ တာ များဟာ ဆီကုန်ကျလွန်းတော့ တရုပ်ပြည်က၀င်လာတဲ့ ဓါတ်ဆီ၊ ဒီဇယ်ဆီများကို (အောတိန်း) တစ်ဂါ လံ ၄၀၀၀ လောက် ပေးပြီး တည မီးစက်အသေးလေးတွေ လည်ပတ်ရတယ်။ ဆင်းရဲသူများတော့ ဖယောင် တိုင် ကိုကို ထွန်းကြ တာပေါ့။ နဲနဲငွေကြေးတတ်နိုင်သူတွေကတော့ တရုပ်ပြည်ကလာတဲ့ LED မီးအိမ်ြေူလေးတွေ လည်း ဆိုလာ (တစ်ပေပတ်လည်) အပြားကို ကျပ်ခြောက်ထောင်၊ မီးအိမ် (၁၂ဗို့အား) ကျပ်၆၀၀၀၊ စုစုပေါင်း ကျပ်၁၂၀၀၀ အကုန်ကျခံပြီး၊ မီးထွန်းနေရတယ်။ တစ်ချို ငွေကြေးကြွယ်ဝသူများက ၄ပေ၊ ၃ပေ ဆိုလာအချပ်ကြီးများကို ၀ယ်ပြီး လျှပ်စစ်ဓါတ်အားထုတ်ရောင်းချဖို့ ကြံကြတယ်။ အော် ..ဆိုလာအင်နာဂျီဆိုတာ မြန်မာပြည်က ကြက်ဆူဆီ လောင်စာထုတ်သလိုပဲ၊ စီးပွားဖြစ်မရနိုင်ပါဘူး။ မီးထွန်းရုံလောက်ပဲကောင်းတာပါ။ လျှပ်သို၊ လျှပ်တား Capacitance, Inductor များဖြစ်တဲ့ တီဗွီ၊ ဗွီဒီယို၊ မော်တာ (ရေတင်စက်)များအတွက် ဆိုလာအင်နာဂျီ Solar Energy ကို သုံးရင် စီးပွားဖြစ်မကိုက်ပါဘူး။ ပြီးတော့ တရုပ်ဆိုလာပြားတွေက ဘယ်နှစ်နှစ်ခံမလဲမသိ၊ တနှစ်နဲ့ ပျက်သွား၊ ကွာလတီလည်း မသေချာတဲ့ တရုပ်စက်များဟာ ခဏသုံး (ပေါ်ပင်) တော့ ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် မြစ်ကြီးနားမြို့ကြီး မှောင်မဲနေတာကို ၀မ်းနည်းစွာ လက်တွေ့ခံစားရပါတယ်။ ဟန်းဖုန်း ဘက်ထရီအားကုန်လို့ မီးစက်နဲ့ဖွင့်ထားတဲ့ အင်တာနက်ကဖေးမှာ တနာရီသွားထိုင်ရင်း ဟန်ဖုန်း ဘက်ထရီဖြည့် ခဲ့ရပါတယ်။

● နိဂုံးချုပ်
ဘာပဲဖြစ်စေ လျှပ်စစ်မီးပျက်ခြင်းဟာ သေးငယ်တဲ့ ဒုက္ခပဲဖြစ်ပါတယ်။ လူသေကြေ၊ အိမ်မြေမီး လောင်၊ ပျက်စီးမှု ထက်စာရင် ဘာမှမဖြစ်လောက်ပါဘူး။ စစ်ဘေးဒဏ်ဟာ အလွန်ဆိုး ၀ါးလှကြောင်း မြန်မာ စစ်တပ် နဲ့ ကချင် လက်နက် ကိုင်များ သိပါတယ်။ သိသိရက်နဲ့ ဒေါသမထိမ်းနိုင်ပဲ ဆက်တိုက်နေခြင်းဟာ အခြားတိုင်းရင်းသား ၁၀မျိုးရဲ့ ယုံကြည်မှုကို ပျက်ပြားနေပါပြီ။

မြန်မာပြည်လွှတ်တော်ကတော့ ထိုးစစ်ရပ်ဖို့ ဆုံးဖြတ်လိုက် ပါပြီ။ မြန်မာ စစ်တပ်နဲ့ ကချင် လက်နက် ကိုင် နှစ်ဖက် လူကြီးများ (အဆုံးအဖြတ်ပေးနိုင်သူများ) နိုင်ငံရေးအားဖြင့် ဆွေးနွေးအဖြေရှာနိုင်ပါတယ်။ ညီအစ် ကို များဖြစ်ပါ တယ်။ အစ်ကိုကြီး မြန်မာစစ်တပ်က လျှော့ပေးမလား၊ ညီငယ်ဖြစ်သူ ကချင် KIA ကပဲ လျှော့လက်စနဲ့ ဆက်လျှော့ ပေးရမလား။

လောလောဆယ်တော့ ကြားခံနိုင်ငံကြီးတစ်ခုကတော့ အမြက်ထွက်နေပြီး၊ တိုက်ခိုက်၊သေကြေ၊ ဒုက္ခ ရောက်နေ တာ ကတော့ ညီအစ်ကို၊ တိုင်းရင်းသား ကချင်လူ မျိုးနဲ့ မြန်မာ စစ်သားများ၊ ငြိမ်းချမ်းရေး အတွက် ရန်ကုန်မှ လိုင်ဇာအထိ လမ်းလျှောက်နေတဲ့ လူငယ်များစွာ…. မြေဇာပင်များစွာ …သြော်… ဆက်ရန်ရှိ ပါသေးတယ်။


ဓာတ်ပုံ – မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်